ပေါလိုက်တဲ့ခြင်တွေ

avatar

bench_press_1013857_640.jpg
link

မိုးရာသီဆိုတော့လည်း ရာသီဉတုက စိုစွတ်ပြီး ပေါင်းမြတ်တွေ ခြုံထလို့ ခြင်ကောင်လေးတွေ အလွန်ပွားများနေပါတယ် ညပိုင်းဆိုရင် ခြင်ကောင်လေးတွေက တဝီဝီနဲ့ အိပ်ကောင်းခြင်းလည်း မအိပ်ရပါဘူး ခြင်ထောင်နဲ့ အိပ်လည်း ခြင်ထောင်အပြင်ကနေ အသံပေးပြီး နှိပ်စက်ကြပြန်ပါတယ် တစ်ခါတရံ ခြင်ထောင်ထဲကို အလစ်ဝင်ပြီး တစ်ညလုံးစိတ်ပြေနပြေ ကိုက်ပါတယ် အိပ်နေချိန်ဆိုတော့လည်း တော်ရုံ ကိုက်တာလောက်တော့ မသိတော့ပါ မနက်ရောက်မှ ဗိုက်တွေ ဖေါင်းကားနေတဲ့ခြင်တွေ တန်းစီလို့
ညဘဲကိုက်တာလားဆိုတော့ မဟုတ်ပါ နေ့ခင်းလည်း ခပ်တည်တည် ဝင်ကိုက်တာပါဘဲ ဘယ်အချိန်ကိုက်နေသည်မသိ သူက ဗိုက်ဝလို့ ထပြန်သွားမှ ယားကျိကျိဖြစ်ကာမှ သိရသည် ခြင်များနဲ့ အချိန်ပြည့် နဘမ်းလုံးနေရသည် ခြင်ရိုက်တန်နဲ့ တဖက်ဖက်ရိုက်လည်း မနိုင်ပါဘူး ခြင်ဆေးခွေ ထွန်းပြန်တော့လည်း ဒီဘက်က ထွန်းထားရင် ဟိုဘက်က လာကိုက်သည် ဟိုဘက်လှည့်ထွန်းပြန်တော့ ဒီဘက်က ဝင်ဆော်လေသည် ခြင်ဆေးဖြန်းလည်း ခဏလောက်သာ အဆင်ပြေသည် အနံ့ အားပျော့သွားတာနဲ့ ရောက်လာသည်ချည့်ဖြစ်သည်
ဒီနေ့တော့ မိုးမရွာ နေသာလေသာရှိလေသည် ရာသီဉတုက ပူတဲ့ဘက်တောင်ပါလိုက်သေးသည် ဒီတော့ အိမ်အနီးနားက ပေါင်းမြတ်များကို သန့်ရှင်းရေးလုပ်ရပါသည်
မိုးရှို့တန်ရှို့ ပေါင်းနှုတ်တန်နှုတ် အမှိုက်သရိုက်များ ရှင်းလင်းရင်း ခြင်တွေကို တောမောင်ရလေသည် တစ်နေကုန် တလှုပ်လှုပ်နဲ့ သန့်ရှင်းရေးအမှုက ပြီးစီးလေသည်
ညပိုင်းသို့ရောက်လေသော် ခြင်များသည် အရင်နေ့များထက် နှစ်ဆတိုးလို့ ရောက်လာကြလေသည် နေ့ခင်းက သူတို့နေရာထိုင်ခင်းကို ဖျက်ဆီးလိုက်သည့်အတွက် လာရောက် လက်စားချေ လက်တုံ့ပြန်မည့် သဘောထင်ပါသည်
ဒီညတော့ ခြင်တွေနဲ့ နဘမ်းသက်ရပါတော့မည် လက်နက်ကိရိယာာများ စုံလင်စွာနဲ့ ြခင်စစ်ဆင်ရေး လုပ်ရပါတော့သည်



0
0
0.000
1 comments