မသေချာတဲ့နေ့များ

avatar
(Edited)

meetings_1149198_640.jpg
link

အနာဂါတ်ကို တင်ကြိုမမြင်နိုင်ခဲ့ပါဘူး ဘာဖြစ်လာမယ် အတိအကျ ဘယ်သူကသိမှာလဲ ဖြစ်နိုင်ချေ ရှိတာလောက်ကိုသာ မျှော်မှန်းပြီး ထင်မြင်ယူဆ မှတ်ယူကြတာပါဘဲ မျှော်လင့်သလိုြဖစ်လာတာတွေလည်း ရှိသလို မထင်မှတ်တာတွေလည်း ဖြစ်လာတက်တာ မကြာခဏဆိုသလိုပါဘဲ အကောင်းဆုံးတွေကို အများအားဖြင့်တော့ မျှော်လင့်ကြတာပါဘဲ မကောင်းတာတွေတော့ ဘယ်သူမှ မျှော်လင့်စောင့်နေမယ် မထင်ပါဘူး

ြဖစ်စေချင်သလို ြဖစ်လာတဲ့အခါတွေလည်း ရှိနေတက်ပြန်တော့ ကိုယ့်စိတ်ထဲရှိတာ လိုအင်အတိုင်း ြဖစ်လာပါစေတော့လို့ ဆုတောင်းမိပါတယ် အခက်အခဲကာလတစ််ခုကို ြဖတ်သန်းနေသူတွေ အားလုံး စိတ်သောက တွေ များလွန်းနေခဲ့ပါြပီ အဆင်မပြေ တာတွေများလွန်းလို့ နေသားတကျတောင် ြဖစ်နေပြီလို့ မသိစိတ်ကတောင် မှတ်ထင်လာနေခဲ့ပြီ ဟိုယခင် အိမ်မက်တွေလည်း လွင့်ပျယ်ပျောက်ကုန်ပါပြီလေ

အချို့တွေကတော့ ကံကောင်းလွန်းပါတယ် အဆင်မပြေတာလည်းမရှိဘူး အခက်အခဲဆိုတာလည်း မသိဘူး အားလုံးက ပုံမှန်နေသားတကျ အပြောင်းအလဲ ဘာမှမရှိ ဆုတ်ယုတ် ခြင်းဘာမှမရှိ အရှိန်မပြတ် ဆက်လက်ရွေ့လျှားဆဲ
တစ်ဦးနဲ့ တစ်ဦီး ကံအကျိုးပေးမှ မတူညီတာဘဲလေ ကိုယ်ခက်ခဲနေပေမယ် သူအဆင်ပြေနေနိုင်တာဘဲ သူ့့ကုသိုလ်က ထူးတာကိုးလို့ ဆိုမည်လား ကိုယ့် အကုသိုလ် ကံက ထူးတယ်ဘဲ ဆိုရလေမည်လား ကံကို ယိုးမယ်ဖွဲ့ရင်း စိတ်ဖြေရလေပြီ



0
0
0.000
1 comments