ချစ်မိတ်ဆွေ

avatar

best_friends_2616075_640.jpg

LINK

အပေါင်းအသင်း သူငယ်ချင်းဆိုတာတော့ အနည်းအများသာ ကွာပါမယ် လူတိုင်းကတော့ မလွဲမသွေ အပေါင်းအသင်းအပေါ် ခင်တွယ် ပေါင်းသင်းတက် ကြပါတယ်
အလုပ်အတူလုပ်သူ ကျောင်းအတူတက်သူ အိမ်နီးနားချင်း စသ◌ဖြင့် နီးစပ်ပါတ်သက်ရာနဲ့ အပေါင်းအသင်းတွေ ရှိလာတယ် တစ်ချို့ အပေါင်းအသင်းတွေက ခဏတာ ပါတ်သက်ပေါင်းသင်းလိုက်ရတာလည်း ရှိတယ် တစ်ချို့ကတော့ နေ့တဒူ၀ အချိန်အတော်များများ တွေ့မြင် ပေါင်းသင်းဆက်ဆံနေရသူတွေလည်း ရှိမယ် အချိန်အတော်များများ ပေါင်းသင်းဆက်ဆံနေရသူ ကိုယ်နဲ့ အနီးဆုံးမှာ ရှိနေတက်သူတွေက ကိုယ့်ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေတွေ ဖြစ်လာပြန်တယ်

အပေါင်းအသင်းဆိုတာကလည်း တကယ်တော့ မကင်းရာမကင်းကြောင်းနဲ့ ပေါင်းသင်းရတာက များပါတယ် ဒီတော့ အပေါင်းအသင်းကြားမှာ သတိထားစရာတွေက အတော်များသား ကိုယ့်အခက်အခဲကိုသူက ကူညီဖူးသလို သူ့အခက်အခဲကိုလည်း ကိုယ်က ကူညီဖူးတာပေါ့ သူ့အကြောင်းကိုယ်သိလို့ ကိုယ့်အကြောင်းလည်း သူသိလာရတာပါဘဲ အတွင်းသိ အဆင်းသိဆိုရင်တော့ ကိုယ်နဲ့ အတော်လေးကို နီးကပ်တဲ့ ဆက်ဆံရေးရှိသူတွေပါ

အပေါင်းအသင်း တစ်ချို့မှာတော့ ထူးဆန်းတဲ့ အမူအကျင့်လေးတွေ မြင်ရပါတယ်
ဘယ်လိုလဲဆိုတော့ ကိုယ်နဲ့ ကျောချင်းကပ်လို့ ပေါင်းသင်းရတဲ့အထိ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူတွေပါ သူခက်ခဲတာတွေ အဆင်မပြေတာတွေကို ကိုယ်နဲ့မျှဝေ ခံစားတယ်ဆိုမလား သူ့အခက်အခဲကို ကိုယ်က သိနေရတယ် အတူတူ ခံစားနေရတယ် ခက်ခဲနေချိန်မှာ ကိုယ်နဲ့အတူပေါ့
ရုတ်တရက် ပိုထူးဆန်းတာတွေ မြင်လာရတယ် တစ်ချိန်က မဝေးသေးတဲ့ အချိန်တွေက ကိုယ့်အနားအပူတွေ ပေးတက်တဲ့ အပူလှိုင်းတွေ လွှတ်တက်တဲ့ ကိုယ့်ချစ်မိတ်ဆွေ
ဘယ်လိုက ဘယ်လို အကွက်ရွှေ့လိုက်တယ်မသိ အတော်လေး ချောင်လည်ပီး အရောင်အဝါတွေတောက်ပလို့ တန်ခိုးထွားနေတာပေါ့ လက်ညှိုးညွှန်ရာ ရေဖြစ်လောက်အောင် အထိ တော်လိုက်တဲ့ ကိုယ့်ချစ်မိတ်ဆွေ
အဲ့သလို ဘုန်းမီးနေလ တောက်ပချိန်တွေကစလို့ ကိုယ့်အနား အပူလှိုင်းတွေ လာမလွှတ်တော့ပါဘူး အထိအတွေ့အဆက်အဆံလည်း အတော်ကို နည်းသွားတယ်ဆိုတာထက် မရှိသလောက်ထိပါဘဲ
အဲ့သလို အပူလှိုင်းလွှတ်တက်တဲ့ ချစ်မိတ်ဆွေတွေ အတော်ကိုများသား



0
0
0.000
1 comments