Crypto အာရုံစားနေရတယ်

မင်္ဂလာပါ

HIVE ဈေးက အတော်လေးကို ကျသွားပါတယ်။
ဝယ်ချင်သူတွေ အတွက်တော့ တန်သင့်ဆုံး ဈေး ပါပဲ။
စကျခါစ 0.18 $ လောက်က ၁၀၀၀ လောက် ဝယ်
အပြီးမှာတော့ Ex ထဲမှာ ဝယ်စရာ USDT မရှိတော့
ပါဘူး။ အခြား ဝယ်ယူထည့်ထားတဲ့ Crypto တွေ
ကလည်း အကျဘက်ပဲ ဦးတည် နေသေးတော့
ပြန်ရောင်း မထုတ်နိုင်သေးပါ။ ဒီတော့ ခုဈေးနဲ့
HIVE ထပ် ဝယ်မထည့်နိုင်တာ ဝမ်းနည်းမိပါတယ်။
MMK နဲ့ ဝယ်ထည့်ရအောင်လည်း ငဗစ်ကာလ
ဝင်ငွေက မရှယ်သေးဘူး။

img_0.9763524944697936.jpg
(Screenshot Image source from my Binance exchange wallet)

ကဲ ထားလိုက်ပါတော့လေ။ ဘယ်တတ်နိုင်မလဲ။ ကံပေါ့။
ဖြစ်ပျက်နေသမျှတွေကို အသက်ရှိနေသမျှ ရင်ဆိုင်
ရဦးမှာပေါ့။
သို့ပေသော်လည်းလေ Wallet လေး Exchange လေး
ခဏခဏ ဝင်ကြည့်ဖြစ်နေတာတော့ အာရုံပါပဲ။
အာရုံဆိုတာကလည်း ဖျောက်ရခဲ မဟုတ်လား။

နေ့လည်ကတော့ မိန်းမနဲ့ စကားပြောဖြစ်သေး။
မိန်းမက TV အသစ် ဝယ်ချင်လို့တဲ့။ သုံးသိန်းတန်လောက်
ပေါ့လေ။ ကိုယ်မတော့ ငဗစ်ကာလ ဝင်ငွေက ချိန်လို့
မရသေးလို့ ကိုယ်ဝယ်ထည့်ထားတဲ့ Crypto တွေ
ဈေးကျနေကြောင်း ညည်းမိပါရဲ့။ မိန်းမကတော့
ခု ရောင်းစားမှာမှ မဟုတ်တာ အဓိက လက်ထဲ ရှိနေဖို့ပဲ
အတက် စောင့်ရုံပေါ့တဲ့။

အဲ ဒီတော့လည်း အာရုံ မဖျက်ဘဲ အတက်စောင့်လို့
စာရေးတင်လိုက်ရပါတယ်ဗျာ။

@golden.future



0
0
0.000
6 comments
avatar

အာရုံတွေများ အာရုံတွေစား

0
0
0.000
avatar

အို မလွယ်ဘူး ရူးနိုင်တယ်

0
0
0.000
avatar

Thanks for giving attention about crypto falling and suggestions to handy it or if have keep it for further, I convert your post in English and i read it, nice to see your post, its informatory.

0
0
0.000
avatar

Thank for reading my post
Nice to see you.
Be healthy and happy!

0
0
0.000
avatar

ဝယ်စုထားနိုင်ရင်တော့ အကောင်းဆုံးချိန်ပေါ့ဗျာ...

0
0
0.000
avatar

ဝယ်ချင်ပေမယ့်လည်း.......

0
0
0.000