တစ်ပူပေါ်နှစ်ပူဆင့်လို့သာပေါ့

avatar

ဪ မိုး မိုး
မရွာတော့လည်း မရွာလို့၊ ရွာတော့လည်း

ဒီရက်ပိုင်း အိမ်နီးချင်းနိုင်ငံ အချို့မှာ ရေကြီးရေလျှံမှုကြောင့် လူတွေ
သေကြေကြသလို အပျက်အစီး အဆုံးအရှုံးတွေ ဖြစ်ကြရတာ မြင်သိ၊
ကြားသိရပါတယ်။
မိမိနိုင်ငံတွင်လည်း အချို့ဒေသတွေမှာ ရေဘေးအန္တရာယ် ကြုံနေကြရပါတယ်။
ဒါကြောင့် နိုင်ငံတော်မှာလည်း ထောက်ပံ့ရေး အစီအစဉ်တွေ
ဆောင်ရွက်ပေးကြပါတယ်။
တစ်ပူပေါ်နှစ်ပူဆင့်လို့သာပေါ့

ကမ္ဘာလောကကြီးဟာ ဆုတ်ကပ်ကာလ ဖြစ်လေသည်ကြောင့်လား၊
လူတွေကပဲ သွယ်ဝိုက်ဖျက်ဆီးကြလို့လား

ရောဂါဘေးဆိုးအမျိုးမျိုး အသစ်အဆန်းတွေ ထပ်ပေါ်လာကြသလို
ရာသီဥတု ဖောက်ပြန်တာတွေ ကြုံတွေ့ခံစားနေကြရပါတယ်။
ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ ဆိုတာ ဖြစ်နိုင်ပါသေးတယ်။
သို့သော် တိုးတတ်ဆန်းသစ်မှုတွေ နောက်ကို ဆက်လိုက်နေရင်း
သဘာဝကို တန်ဖိုးထားရကောင်း မသိ၊ သို့မဟုတ် လျစ်လျူရှုထားကြရင်တော့
ရှေ့ဆက်တိုးရင် ဒီထက်ဆိုးမယ် လို့သာ ပြောလိုက်ချင်ပါတော့တယ်။
1um1v9.jpg
တင်လိုက်တဲ့ ပုံလေးကတော့ တောင်သမန်အင်း ရေပြည့်နေ့လို့ ဈေးဆိုင်လေးများ
ရေနစ်နေပုံပါ။

မိတ်ဆွေများ ဘေးဘယာ ဝေးကွားကြပါစေ။

@walarhein



0
0
0.000
4 comments
avatar

ဆည်မြောင်းကျောင်းကန် ပြည့်လျှံတိုးအောင် ပုလဲလုံးအရွယ်မျှ ရွာစေချင်။

0
0
0.000
avatar

မိုးလုံးမဲမျှ မရွာစေချင်
ပုလဲလုံး ရွဲတမျှ ရွာစေချင်

0
0
0.000
avatar

အော် ကိုရွှေမိုးရယ်

0
0
0.000
avatar

လုပ်ရက်ပလေတယ်

0
0
0.000