ကော်ဖီကစားကွင်းရောက် အမှတ်တရ

avatar

မင်္ဂလာပါ။

ဟိုတစ်နေ့က ပြင်ဦးလွင်မြို့ မရောက်ခင် အနီးစခန်းမှာ myanmarkoko နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။
အနီးစခန်း ရောက်တဲ့အချိန်က နေ့လည်နား နီးနေပြီ ဆိုတော့ မနက်စာ ရှမ်းခေါက်ဆွဲ မစားဖြစ်တော့ပါဘူး။
ရှမ်းခေါက်ဆွဲ မစားဖြစ်ခဲ့တာ ဒီမှာ ထည့်ပြောရတာက myanmarkoko က သူ့ဆီ ရောက်ရင် သူ့အမေဆိုင်က ရှမ်းခေါက်ဆွဲ ကျွေးမယ် ဆိုဖူးလို့ပါ။
သို့ပေမယ့် ကလေးကစားကွင်း ရှိတဲ့ ကော်ဖီဆိုင်ကို လိုက်ပို့ပေးခဲ့ပါတယ်။

ကလေးကစားကွင်း ရှိတဲ့ ကော်ဖီဆိုင် က နှီးဘုရားကြီး သွားတဲ့ လမ်းဘေးမှာပါ။
ဆိုင်နာမည်တော့ မဖတ်ဖြစ်ခဲ့ပါဘူး။

ကော်ဖီဆိုင် ရောက်တာနဲ့ သားသား ကတော့ ကစားကွင်းဘက် ပြေးသွားပြီး ကစားတော့တာပါပဲ။
ကစားကွင်း ကနေ သားသား ကို မနည်း ပြန်ခေါ်ခဲ့ရပါတယ်။

ကော်ဖီဆိုင် ရောက် အမှတ်တရ အစား သားသား ကစားခဲ့ မှတ်တမ်းလေးတွေကို ဒီမှာ ဖော်ပြ သိမ်းဆည်းလိုက်ရပါတယ်။
ဒါက ကလေးငယ် ရှိတဲ့ မိဘတွေ၏ အလုပ်တစ်ခုပဲ မဟုတ်လား။

@walarhein



0
0
0.000
12 comments
avatar

သွားလှပါလား !PIZZA

0
0
0.000
avatar

အလုပ်သဘော အလည်သွား

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
ansoe tipped walarhein (x1)
tin.aung.soe tipped walarhein (x1)
@uthantzin(7/10) tipped @walarhein (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

ကော်ဖီဆိုင် ကစားကွင်း ရှိတော့ ကလေးတွေ လာကြမယ်ပေါ့
!pizza
!lol

0
0
0.000
avatar

ရောက်တဲ့နေရာ ကစားတာပဲ
!LOL
!PIZZA

0
0
0.000
avatar

ပျော်ပျော် ပျော်လား မောင်တို့။
!LOL

0
0
0.000
avatar

ပျော်အောင် နေနေရပါတယ်

0
0
0.000