3 Am မနက် သုံးနာရီ

avatar

img_0814.heic

ကျွန်တော်က အိမ်ပွဲစား အိမ်အငှါး အိမ်အရောင်းတွေကို လိုက်ပြီး စီးပွါးဖြစ်လုပ်သူပါ ။ တစ်ရက်တစ်ရက် အိမ်ရှင် အိမ်ငှါး လိုက်ရှာရင်း အချိန်တွေ ကုန်တာများသည် ။ မိသားစုတွေ တစ်စုပြီးတစ်စု ရင်းနှီးလာတာလည်းများပြီ ဖြစ်သည် ။ ထိုထဲမှာ မှတ်မှတ်ရရ အိမ်အငှါးလိုက်ရှာပေးခဲ့ရသော မိသားစု တစ်ခုလည်း ရှိသည် ။

ထိုကာလက အငှါးပါးပြီး အလုပ်မဖြစ်သော အချိန်ကာလဖြစ်သည် ။ ထိုကြောင့် အမှတ်ရနေတာလည်း ပါသည် ။ သူတို့မှာ ထူးဆန်း၏ ။ အလွန်စကားနားထောင်သော မိသားစု ဖြစ်သည် ။ စကားနားထောင်သည်ဆိုသည်မှာ ကြိုက်သည် မကြိုက်သည်ကို မရှိ ကျွန်တော်ပြပေးသော နေရာတိုင်းကို အဆင်ပြေနေခြင်း ဖြစ်သည် ။

နောက်ဆုံး တိုက်ခန်းကောင်းကောင်းလေး တစ်ခု တွေ့သည် ။ရှေ့လမ်းလည်း ကျယ်သည် ပတ်ဝန်းကျင်လည်း ကောင်းသည် အရိပ် အာဝသ ကောင်းသော သစ်ပင်ကြီးများလည်းရှိသည် ။ ဤလောက်ကောင်းသော တိုက်ခန်းကို ကျွန်တော် မငှါးပေးနိုင်ပါ ။ ကျွန်တော်မိန်းမနဲ့ ကလေးအတွက်သာ ငှါးရမ်း ချင်သည် ။ ယခင်ငှါးရမ်းထားသောနေရာ က ဤနေရာလောက် မသာယာလှပါ ။ စာချုပ်ကလဲ ရက်စေ့လုနီးပြီဖြစ်သည် ။

ထို့​ကြောင့် အကြံထုတ်ရပါတော့သည် ။ ထိုမိသားစုကလည်း ကျွန်တော့နောက်က ပါသည် ။ အထုတ်ကြီးတွေတော့မပါ ။ အဆင်ပြေရင် တစ်ခါထဲ နေတော့မည့် ပုံပါ ။ ထို့နောက် ကျွန်တော် စိတ်ကူးကောင်းလေး တစ်ခု ရသွားသည် ။ သူတို့ကို ကျွန်တော်ပြောလိုက်သည် ဟို တိုက်ဘေးကပ်ရပ် မျက်နှာစာက သစ်ပင်ကြီးက အစ်ကိုတို့ နေရမည့် နေရာပါ ။ ကျွန်တော်ပြောလိုက်သော စကားက အူကြောင်ကြောင်နိုင်မှန်းသိပါသည် ။ အဘယ်ကြောင့် ပြောမိမှန်းတောင် ကျွန်တော် မသိပါ ။

ဘယ်လိုလုပ် သစ်ပင်ပေါ်မှာနေမည်နည်း ။ ဤလူတွေ ဒေါသတော့ထွက်သွားမည် ထင်သွားသည် ။ သို့သော် သူတို့မိသားစုက အထွေအထူး မတုံ့ပြန်ပါ ။ ဝမ်းသာကြောင်းလည်း မပြ ။ ဝမ်းနည်းကြောင်းလည်း မပြ ။

ညနေ နေဝင်ခါနီး ကျွန်တော့ တိုက်ခန်းလေးက ပစ္စည်းပစ္စများ ရွေ့၍ ပြီးသွားသည် ။ ထိုအချိန်ထိ သစ်ပင်ရှေ့က မိသားစုကတော့ တစ်ဖဝါးမှ မရွေ့ပဲ ရပ်နေစဲ ပါ ။ တော်တော်လေး အူကြောင်ကြောင် နိုင်သော မိသားစုပါ ။ နေဝင်ပြီး သိပ်မကြာပါ ။ ထိုမိသားစုလည်း သစ်ပင်ပေါ်သို့ တက်သွားခဲ့သည် ။ ဘယ်လိုတက်သွားသည်ကို အသေးစိတ်မမြင်လိုက်မိပါ ။ သို့သော် သူတို့မိသားစု နေရာကောင်း ရသွားပြီ ဟု ကျွန်တော် ယူဆမိပါသည် ။

တစ်ရပ်ကွက်တည်း တစ်လမ်းတည်း နေသော်လည်း

ထိုအချိန်မှစ ကျွန်တော်လည်း ယင်းမိသားစုနဲ့ ထပ်စ်တော့ပါ ။



0
0
0.000
9 comments
avatar

ရုက္ခစိုးလား သစ်ပင်ပေါ်တက်သွားတာဆိုတော့ 🤔

0
0
0.000
avatar

​နေစရာ​ပျောက်​နေတဲ့ နာနာဘာဝ မိသားစုလား လူ​တွေကို ဒုက္ခမ​ပေးရင်​တော့ ​နေစရာ​ပေးလိုက်တာ ​ကောင်းပါတယ်

0
0
0.000
avatar

ဘာကြီးတုံး အဲဒါကြီးက တွေးရင်းလန့်နေပါပြီ 😫😫

0
0
0.000
avatar

အများစုက ခေါင်းစဉ် ကို ကျော်ဖတ်သွားကြလို့ပါ။ ဒါဟာ အိမ်မက် တခု အကြောင်း ဖြစ်ပါလိမ့်မယ်။ သေသေချာချာ ချဲ့ပြီးရေးရင် အင်မတန်မှ ဖတ်ကောင်းမဲ့ စာတပုဒ်ပါ။ စာဖတ်သူကိုယ်တိုင် ဆုံးဖြတ်ပါလေ ... ဆိုတဲ့ စာမျိုးက ရေးရခက်တယ်။ ဒါပေသိ အထဲက အချက်အလက်တွေ ဆွဲဆောင်မှုရှိဖို့ လိုပါတယ်။ အားပေးလျက်ပါ။ !PIZZA

0
0
0.000
avatar

နင်ရေးထားတာကောဟုတ်လား

0
0
0.000