ကျွန်တော်၏အကြိုက် Hive Engine Token များအကြောင်း...!(အပိုင်း-၃)

avatar

Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
ကျွန်တော်၏အကြိုက် Hive Engine token များအကြောင်း ဆက်ပါအုံးမည်။
screenshot_2021_09_04_18_04_48.png

ဒီနေ့တော့ အားလုံးပဲ မနက်ခင်းလေးမှာ အရမ်းပျော်စရာကောင်းတဲ့ Hive စျေး 1$ နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ နေ့ပါလို့ စကားစမြည် ပြောခဲ့ချင်ပါသည်။
မိမိတို့ ရဲ့ အဓိကထားလုပ်ဆောင်နေတဲ့ Hive coin စျေးနှုန်းတက်လာတာကြောင့် အားလုံး ပီတိတွေ ခံစားနေကြရမှာပါ။
ဒါနဲ့ ကျွန်တော်ဒီနေ့ ရေးသားပေးမယ့် ကျွန်တော်၏ အကြိုက် token လေးကတော့ trafficinsider -TIX token လေးပဲ ဖြစ်ပါသည်။
trafficinsider token လေးသည် မိမိတို့နှင့် ရင်းနှီးတာမကြာသေးပေမဲ့ token ကောင်းတစ်ခုလို့ ပြောရမှာ ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ထို token လေးအား rewards ရရှိရန်အတွက် မိမိတို့ တင်သော post အားလုံးနီးပါး tag တွဲ၍ ရနေခြင်းပင်ဖြစ်ပါသည်။ထိုသို့ Post တိုင်း လိုလို tag တွဲနိုင်သဖြင့် မိမိတို့နေ့စဥ် post တင်နိုင်ပါက ထို token အတွက် နေ့စဥ် rewards ရရှိမှာ ဖြစ်ပါသည်။ဒီအချက်သည်လည်း ထို token သုံးသင့်သည့် အားသာချက် တစ်ခုဖြစ်ပါသည်။token rewards ရှိမှုမှာလည်း ထိုက်သင့်သည်ဟု ယူဆပါသည်။
စျေးနှုန်းပိုင်းမှာတော့ အသင့်အတင့် လောက်သာရှိသေးပြီး မိမိစိတ်အထင် တက်လာနိုင်သော tokenတစ်ခု ဖြစ်နိုင်ပါသည်။
အထက်ပါအချက်များအရ trafficinsider token သည် ကျွန်တော်၏ အကြိုက် token တစ်ခုဖြစ်ပါသည်။
screenshot_2021_09_04_20_26_39.png

ကျွန်တော် အားမရသော token တစ်ခု အကြောင်း ပြောခဲ့ချင်ပါသေးသည်။
ထို token မှာ palnet-PAL token ဖြစ်ပြီး ဟိုးယခင်ကာလက အစဥ်အလာရှိခဲ့သော token တစ်ခုဖြစ်သော်လည်း ယခုအချိန်မှာ မည်သို့မည်ပုံမသိ token ၏ rewards ပေးပုံနှင့် စျေးနှုန်းပိုင်းအနေအထားများအရ မိမိအနေဖြင့် အားလျော့နေသလို ခံစားရပါသည်။မိမိတို့၏ post များတွင် rewards ရရှိရန် tag တွဲနိုင်သော်လည်း rewards ရရှိမှု အရမ်းနည်းသည်ဟု ထင်မိပါသည်။
ထို့ကြောင့် လက်ရှိအချိန်အထိ palnet token အား ကျွန်တော်၏ အကြိုက် token မဖြစ်သေးပါ။သို့ပေမယ့် အသင့်အတင့်သော အခြေအနေ ရောက်ရှိလာနိုင်မလားဆိုသော အတွေးဖြင့် unstaking မလုပ်ပဲ ဆက်လက် အသုံးပြုနေသော token လေးတစ်ခု ဖြစ်ပါကြောင်း...ယခုရေးသောအချက်များ အားလုံးသည် ကျွန်တော်၏ ကိုယ်ပိုင်အယူအဆ သီးသန့်သာဖြစ်ပါကြောင်း...နောက်နေ့အတွက် ဆက်လက် ရေးသားပေးပါအုံးမည်ဟု ပြောရင်း အဆုံးသတ်လိုက်ပါတယ် သူငယ်ချင်းတို့...
screenshot_2021_09_04_20_23_51.png

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
@uthantzin
4.9.2021(20:00)pm



0
0
0.000
3 comments
avatar

ဒီလိုပဲ လေ့လာရင်း ကြိုးစားရင်း ပေါ့။ ကိုယ်ကြိုက်တဲ့ token ကိုယ်တိုင်လေ့လာပြီး ဝယ်စုတာ အကောင်းဆုံးပါ။

0
0
0.000
avatar

ဟုတ်အစ်ကို ကြိုးစားလေ့လာရင်း ဝယ်စုရင်းနဲ့ ပေါ့။ !PIZZA

0
0
0.000