ကျွန်တော်၏အကြိုက် Hive Engine Token များအကြောင်း...!(အပိုင်း-၁)

avatar

Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
screenshot_2021_09_02_19_25_26.png

ဒီနေ့တော့ Hive engine ပျိုးခင်းလေး ကြီးထွားဖွံ့ ဖြိုးလာစေဖို့အတွက် မိမိပိုင်သော token များ၏အခြေအနေအား သွားရောက်ကြည့်ရှု့ခဲ့ပါသည်။
Hive engineပေါ်ရှိ token များ၏ စျေးနှုန်းများ..မိမိပိုင်ဆိုင်ထားသော token ပမာဏ..token တစ်ခုချင်းစီ၏ reward ရရှိမှု အခြေအနေများအား..စစ်ဆေးကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ခဲ့ပါသည်။
ကျွန်တော် ပိုင်ဆိုင်ထားသော token များထဲမှ ပထမဦးဆုံး အကြိုက်တွေ့သည့် token မှာတော့ PIZZA token ပဲဖြစ်ပါသည်။PIZZA token ၏ reward ရရှိမှုအနေအထား မှာ အခြား token များထက်စာရင် အခြေအနေကောင်းသော token ပဲဖြစ်ပါသည်။သူငယ်ချင်းများထံ PIZZA လက်ဆောင် ပေးရာတွင်လည်း ပေးလိုသော post တွင် comment ပေးလိုက်သည်နှင့် PIZZA မှ ဝန်ဆောင်မှု ကောင်းမွန်စွာ service ပေးထားသည်ကို အားလုံး တွေ့ရှိကြမှာ ဖြစ်ပါသည်။
ထိုကဲ့သို့ ပြောရသည်မှာ ကျွန်တော်ဝယ်ထားသော PIZZA..LUV.. BEER စသော လက်ဆောင်ပေး token များထဲတွင် PIZZA နှင့် LUV token များမှာ post များတွင် comment ပေး၍ လုပ်ဆောင်လိုက်သည်နှင့် သူတို့ဘက်မှ ပေးရမည့် service ပေးသော ဝန်ဆောင်မှုကို အတိအကျ ပြန်ပေးပါသည်။
ဆိုလိုသည်မှာ PIZZA token တွင် တစ်နေ့တာအတွက် မိမိ stake ထားသော ပမာဏအလိုက် PIZZA commet အရေအတွက် (10)ခု ပေးနိုင်ပြီး ထို (10)comment အရေအတွက် ပြည့်သွားပါက sorry ဆိုသော comment reply ပြန်လာပါသည်။ထိုသို့ service ပေးထားသော အခြေအနေကို ဆိုလိုခြင်း ဖြစ်ပါသည်။
screenshot_2021_09_02_21_14_56.png

LUV token သည်လည်း ထိုအတိုင်း service ကောင်းမွန်ပြီး ကျွန်တော်ကြိုက်သော token တွင် ပါဝင်ပါသည်။
သို့ရာတွင် BEER token မှာတော့ ဝယ်ယူပြီး အစပိုင်းရက်များတွင်သာ လက်ဆောင်ပေးခြင်း အဆင်ပြေပြီး နောက်ပိုင်းရက်များတွင် post တွင် comment ပြုလုပ်သော်လည်း ဘာ reply မှ မလာတော့ခြင်း ဖြစ်ပါသည်။ထို token မှာ 24 နာရီတွင် တစ်ကြိမ်သာ comment ပေးနိုင်ပြီး ထို comment တစ်ကြိမ်အတွက် မည်သည့်စာသားမှ reply ပြန်မလာခြင်းဖြစ်ပါသည်။မိမိလိုချင်သည်မှာ PIZZA နှင့် LUV token များကဲ့သို့ မိမိဘက်က အရေအတွက်ပြည့်နေတာသော်လည်းကောင်း..တစ်ခုခုလုပ်ဆောင်ရန် လိုအပ်နေတာသော်လည်းကောင်း..reply message ပြန်လာစေချင်ပါသည်။
BEER token နှင့် ပတ်သက်၍ တစ်ခုခု စည်းမျဥ်း စည်းကမ်းများ update လုပ်နေသလားလို့ တွေးခဲ့မိပါသည်။သို့သော် service active မဖြစ်ပဲ အနည်းဆုံး တစ်ပတ်ခန့် မည်သည့် reply မှပြန်မလာသောကြောင့် လက်ရှိအချိန်တွင် ကျွန်တော်ကြိုက်သော token ၌ မပါဝင်သေးပါကြောင်း..အခြားသော မိမိကြိုက်သည့် token များအား နောက်နေ့ တွင် ဆက်လက်ရေးသား ဖော်ပြပေးပါအုံးမည် သူငယ်ချင်းတို့။
screenshot_2021_09_02_21_15_03.png

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
@uthantzin
2.9.2021(20:00)pm



0
0
0.000
11 comments
avatar
(Edited)

ဘီယာ ဟာ ပီဇာ မဟုတ်တော့
ကိုယ်တွေ ပီဇာပဲ စားတယ်လေ။
!PIZZA

0
0
0.000
avatar

ဟုတ်ပါ့ ပီဇာစားရင် ပီဇာ ယူအုံး။ !PIZZA

0
0
0.000
avatar

@htwegyi! I sent you a slice of $PIZZA on behalf of @uthantzin.

Did you know you can earn $PIZZA daily by delegating HivePower to Hive.Pizza? (1/10)

0
0
0.000
avatar

ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်
!PIZZA

0
0
0.000
avatar

@uthantzin! I sent you a slice of $PIZZA on behalf of @naythan.

Did you know you can trade $PIZZA on Hive-Engine, Tribaldex, or LeoDex? (7/10)

0
0
0.000
avatar

ဟုတ် ကျေးဇူးတင်ပါတယ်။

0
0
0.000
avatar

အကြိုက်ချင်းတော့တူနေပါပြီ။ ကြိုက်တဲ့ token တွေကများ... ဝယ်စရာ ပိုက်ဆံက မရှိ... အံတော့ ရှိတာနဲ့ လောက်ငှအောင် ဝယ်ရတာပါ့။ !PIZZA

0
0
0.000
avatar

အဲဒါတေါ့ အမှန်ပဲ အစ်ကိုဟင်ရေ။ !PIZZA

0
0
0.000