တော်သလင်းနေ
တော်သလင်းနေ ပုဇွန်သေ ဟု ရှေးစကား ကြားဖူးခဲ့သည်။
နွေရာသီ နေ ထက် မိုးရာသီ နေ က ပိုပူလို့ ပုဇွန် သေတာတော့ မဟုတ်ပါ။
တော်သလင်းလမှာ မိုးတွေ ရွာထားလို့ ရေဝပ်နေတတ်သည်။
လယ်ကွင်းတွေမှာလည်း ရေတွေ ရှိနေတတ်သည်။
ဒီလို အနေအထားမျိုးမှာ နေပူသောအခါ ရေပါပူပြီး ရေထဲ မြေထဲ တွင်းအောင်းနေသော ပုဇွန်လုံး ခမြာ သေရတာပါပဲ။

တကယ်လည်း တော်သလင်းနေသည် ပူအိုက်လှပါသည်။
မိုးရွာထားသောကြောင့် စိုစွတ်သော မြေပြင်သည် နေပူသောအခါ အငွေ့ပျံကြသည်။
ဒီတော့ အထက်ပူ အောက်ပူဖြင့် လူတွေမှာ လောင်မြိုက်ကာ ချွေးတွေ စိုနေရတတ်သည်။
တော်သလင်းလသည်ကား မိုးရွာလျှင် နေထိုင်ကောင်းပြီး မိုးမရွာလျှင် အနေရခက်လှသည်။

ဒါကြောင့်သာပဲ တော်သလင်းလမှာ လူတွေ ရာသီဥတုဒဏ်ကြောင့် ရာသီတုတ်ကွေးဖျားနာတတ်ကြသည်။
တော်သလင်းမိုးမိပြီး နေပူခံလိုက်ရလို့ကတော့ လူတွေမှာ နှာစီး၊ ချောင်းဆိုးကာ တစ်ကိုယ်လုံး ကိုက်ခဲပြီး ဖျားနာတတ်ကြသည်။
ဒီတော့ အသိဉာဏ်ရှိတဲ့ လူတွေက ဆင်ဆင်ချင်ချင်နေထိုင်တတ်ဖို့ လိုပါမည်။
ဘာကြောင့်ဆို အသက် ဉာဏ်စောင့်၊ ဥစ္စာ ကံစောင့် ဟု ဆိုခဲ့ကြ မဟုတ်လား။

ကဲ ဒီနေ့တော့ နေခင်းဘက် တိမ်တွေကို အလှကြည့်ရင်း မိုးရွာလို့ အခြားရွာတစ်ရွာမှာ ခဏ ခိုနားခဲ့ရစဉ် တော်သလင်းလ၏ ရာသီဥတု အခြေအနေကို စာအဖြစ် ရေးသားပြီး မျှဝေပေးလိုက်ပါတယ်။
မိတ်ဆွေရော တော်သလင်းလ ကို နှစ်သက်ပါသလား။
Congratulations @tin.aung.soe! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next payout target is 11000 HP.
The unit is Hive Power equivalent because post and comment rewards can be split into HP and HBD
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP