ပန်းရံဆရာချင်း တူရင် ကွာစေရမယ်

avatar

မင်္ဂလာပါ မိတ်‌ဆွေတို့ရေ။
ကျွန်တော့်မှာ ဝင်ငွေလမ်းကြောင်းဆိုလို့ Hive Blockchain က ရတာပဲ ရှိပါတယ်။
ယခင်ကတော့ ကျွန်တော်က ကျေးလက်တောရွာတစ်ခုမှာ တောဆေးခန်းလေး ဖွင့်ပြီး ကုသိုလ်လည်းရ ဝမ်းလည်းဝ လုပ်ငန်းလေး လုပ်ကိုင်ပြီး ဝင်ငွေရရှိခဲ့ပါတယ်။
ကျွန်တော်၏ ဇနီးကတော့ ‌အထွေထွေအုပ်ချုပ်ရေးဘက်က စာရေးဝန်ထမ်းတစ်ယောက် အဖြစ် လစာ ရရှိခဲ့ပါတယ်။
ခုတော့ သူမလည်း CDM လုပ်ထားတော့ ‌မနှစ်က ဖေဖော်ဝါရီလ ကတည်းက လစာ မရဘဲ အကြမ်းဖက်စစ်တပ်၏ အလုပ်ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။
ထိုအတောအတွင်းမှာတော့ ကျွန်တော်လည်း ဆေးခန်းလေး ဖွင့်လိုက်၊ ဇနီးနှင့်သား ရှိရာ ဒေသ ပြန်သွားလိုက်နဲ့ပါ။
ခု ဆေးခန်း မဖွင့်ဖြစ်တာ တစ်လခွဲလောက်ရှိပါပြီ။
သားသား ကျန်းမာရေးအခြေအနေအရ မိသားစုနဲ့သာ အတူနေနေပါတယ်။
ဒေသစစ်ရေး အခြေအနေကြောင့်လည်း ပါတာပေါ့ဗျာ။
ယခုအခါ ဇနီးသည်၏ မိသားစုမှာ လူစုံရှိနေကြပါတယ်။
ဒီတော့အခါ ‌လူများ ရေချိုးဖို့ရန် ချိုးရေကန် လိုအပ်လာပါတယ်။

img_0.7914483034394608.jpg

ကျွန်တော်တို့သည် ရေတွင်း ထဲမှ ရေကို မော်တာဖြင့် စုပ်တင်ကာ ရေအင်တုံ၊ ရေအိုးတုတ် ထဲသို့ ထည့်ကာ ရေချိုးကြလေ့ရှိပါသည်။
ယခုအခါ လူစုံနေသည်ကတကြောင်း၊ လျှပ်စစ်မီး ခဏခဏ ပြတ်လေ့ရှိသည်ကတကြောင်း ချိုးရေလိုအပ်ချက် ဖြစ်တတ်ပါသည်။
သို့ဖြစ်၍ မီးလာတုန်း ရေတင်ထားရန် အုတ်ရေကန်တစ်လုံးလောက် တည်ဆောက်ထားဖို့ ကြံစည်လုပ်ဆောင်ခဲ့ပါသည်။

ကျွန်တော်သည် ကျန်းမာရေးဆေးဆရာတ တစ်ယောက်သာ ဖြစ်၍ ပန်းရံ မလုပ်ဖူးပါ။
သို့သော်လည်း အားလပ်နေသည် ဖြစ်သောကြောင့် အုတ်ရေကန်ကို ကိုယ်တိုင် တည်ဆောက်ခဲ့ပါသည်။

img_0.6409403592476547.jpg

ဒီအုတ်ရေကန်ကို ဘိလပ်အုတ်၊ သဲ နှင့် ဘိလပ်မြေ တို့ဖြင့်သာ တည်ဆောက်ခဲ့ပါသည်။
သဲ နှင့် ဘိလပ်မြေ ကို ၃:၁ နှုန်းဖြင့် ဖျော်စပ်ကာ ရေကန်ကို အုတ်စီခဲ့ပါသည်။

img_0.7712646278523442.jpg

ကိုယ်တိုင် သဲချ၊ ကိုယ်တိုင် ပလာစတာဖျော်၊ ကိုယ်တိုင် အုတ်စီ၊ ကိုယ်တိုင် ‌အချောကိုင်ပါပဲ။
ပန်းရံတတ်ကျွမ်းသူ မဟုတ်လေတော့ အချိန်ယူကာ တဖြည်းဖြည်းနဲ့ပဲ လုပ်ဆောင်ခဲ့ပါတယ်။

img_0.6953140998532106.jpg

မနေ့ကတော့ ကျွန်တော် တည်ဆောက်ထားတဲ့ အုတ်ရေကန် အသစ်လေးထဲ ရေများ ထည့်ကာ စတင် အသုံးပြုနေပါပြီ။

ပန်းရံဆရာ မဟုတ်လေတော့ ခိုင်ခံ့မှုကိုတော့ မပြောနိုင်ပါ။
သို့သော်လည်း ရေကန် နှင့် တူအောင်တော့ လုပ်ဆောင်နိုင်ခဲ့ပါသည်။

img_0.21874771973756035.jpg

ကဲ အားနေတော့လည်း ငွေအကုန်အကျ သက်သာအောင် ပန်းရံသမား မငှားတော့ဘဲ ကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ အုတ်ရေကန်လေးကို အမှတ်တရ တင်ပြလိုက်ရပါတယ်။

ပန်းရံဆရာချင်း တူရင် ကွာစေရမယ် လို့ အာမခံပါတယ်နော်။
ဘယ်သူ ငှားကြဦးမလဲဗျ။

တင်အောင်စိုး



0
0
0.000
40 comments
avatar

ပန်းရံ လုပ်ရာမှာလည်း ဆရာကျတယ်
!LOL

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@sawlwin, You need more $LOLZ to use this command. The minimum requirement is 8.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

ဒါမျိုးလည်း တတ်တာပဲ
!LUV

0
0
0.000
avatar

ဖြစ်အောင်လုပ်ရတာပဲ

0
0
0.000
avatar

Reblog လုပ်ပြီဗျာ ငါလည်း ကိုယ့်ဘာသာကိုယ့်လုပ်ခြင်တာ အချိုးမသိလို့ သံဖိနပ်တိုင်သွားဝယ်တာ တခုကိုခြောက်ထောင်ပေးရတယ် 9လုံးဝယ်ရတယ် ကိုယ်ဘာသာကိုယ့်လုပ်ရင် အကုန်သက်သာမယ် ကိုယ်လုပ်တာဆိုတော့ ပီတိလည်းဖြစ်တယ် ။

0
0
0.000
avatar

ဟုတ်တယ် ကိုယ်တိုင် လုပ်နိုင်တာ ပိုကောင်းတယ်

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
callmemaungthan tipped tin.aung.soe (x1)
sheinthu tipped tin.aung.soe (x1)
golden.future tipped tin.aung.soe (x1)
@kachinhenry(13/15) tipped @tin.aung.soe (x1)
naythan tipped tin.aung.soe (x1)

Please vote for pizza.witness!

0
0
0.000
avatar

ဒါတော့ ဆရာကျသွားပြီ။ အုတ်စီတာ ညီနေတာပဲ အကွေ့အဝိုက် အတိမ်းအစောင်းတောင်မရှိဘူး ။ တော်ချက် !LOLZ

0
0
0.000
avatar

ကြိုးတန်းပြီး။စီတာလေ

0
0
0.000
avatar

စွယ်စုံ ဖိုးသိန်း ပါပဲဗျ !LUV !PIZZA

0
0
0.000
avatar

လုပ်တတ်သည်ရှိအောင် လုပ်ကြည့်ရတာပါပဲ

0
0
0.000
avatar

Congratulations @tin.aung.soe! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the month.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

PUD - PUH - PUM - It's all about to Power Up!
Christmas Challenge - 1000 Hive Power Delegation Winner
0
0
0.000
avatar

မိုက်တယ်ဗျာ..။!PIZZA !LOL

0
0
0.000
avatar

ဒါလဲရတာပဲ
good တယ်အကို
!PIZZA
!LOLZ

0
0
0.000
avatar

အဲ့တာကြောင့်ပြောထာ ဆရာကြီးပါဆို
ဝဠာ တို့အဖေက ဘာမှမဟုတ် သူ့သား အတွက် မကုန်တန်ရာ မကုန်အောင်
ကပ်စီးကုပ်နေထာ။
!LOL

0
0
0.000
avatar

အားရင်တော့ လုပ်လို့ရသမျှ လုပ်ကြည့်တာပါပဲ

0
0
0.000
avatar

၃ထပ်ဆောက်မလို့ ခေါ်လိုက်မယ် လေဘာဖြစစ်ဖြစစ် ဆိုက်ကြ်ဖြစ်ဖြစ် လုပ်ပေးမား😁

0
0
0.000
avatar

အာချီတတ် လုပ်ပေးရမလား

0
0
0.000
avatar

နှစ်သစ်မှာ မိသားစုအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ !LOLZ

0
0
0.000
avatar

ရေကန်ကို ရေအပြည့် ဖြည့်ထားဗျို့.. ရေဝလေ အုတ်ခိုင်လေပါပဲ !LOL. !PIZZA

0
0
0.000
avatar

ဟုတ် ကျေးဇူးပါဗျာ

0
0
0.000
avatar

Handmadeရေကန်လေး။ အားပေးတယ်ရှင့်

0
0
0.000
avatar

သောစောကပြောရောပေါ့ ခုတော့အိမ်ကပြီးသွားဘီဟ 😁

0
0
0.000
avatar

အငှားလိုက်ရရင်တော့ ကန်ထရိုက်တော့ မလိုက်၊ နေ့စားပဲ လိုက်မှာ။
ဒီရေကန်တောင် တစ်ပတ်လောက်ကြာတယ် ဟဲဟဲ

0
0
0.000
avatar

တစ်ယောက်ထဲ လုပ်တာ ဆိုတော့ တော်ပါတယ်ဗျာ။ပီတိလေးရတာပေါ့...!PIZZA

0
0
0.000