ညနေရှုခင်းသာ
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့တော့ ဖုန်းဂယ်လာရီထဲ ကြည့်ဖြစ်ရင်း နေဝင်ချိန်ရှုခင်းပုံကို တွေ့မြင်ခဲ့ပါတယ်။
လွန်ခဲ့သော တစ်နှစ်နီးပါးက ရိုက်ယူထားပြီး ဒီမှာ မဖော်ပြရသေးတဲ့ ရှုခင်းပုံပါ။

နေဝင်ချိန် ဆိုပေမယ့် မိုးရာသီ မိုးအုံ့နေတော့ နေရောင်ခြည် သိပ်မတောက်ပတော့ပါဘူး။
ကျွန်တော်၏ အိမ် အနီးမှာ ဘုရားစေတီ သုံးဆူ ရှိပါတယ်။
ငလျင်ကြောင့် စေတီတော် သုံးဆူစလုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
ယခုတော့ စေတီ နှစ်ဆူ ပြန်လည်ပြုပြင်ပြီးပါပြီ။
တောင်ဘက်ဆုံးမှ ဉာဏ်တော်အမြင့်ဆုံး စေတီတော်ကြီး ပြုပြင်ရန် ကျန်ရှိပါသေးသည်။

ထိုစေတီတော်ကြီး ပြန်လည်ပြုပြင်ရန် အတွက် သိန်း၃၀၀၀ လောက် ကုန်ကျလိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။
ကျွန်တော်ကတော့ အုတ်တစ်ချပ် သဲတစ်ပွင့်စာမျှ အနည်းငယ်သာ အလှူငွေထည့်ဝင်ရပါသေးသည်။
ဒီနေ့အကြောင်းအရာကတော့ စေတီတော်ပြင်ရန် ဆော်ဩခြင်း မဟုတ်ပါဘူး။
ကျွန်တော်၏ အိမ်ပတ်ဝန်းကျင်က ရှုခင်းကို ဖော်ပြခြင်းမျှသာ ဖြစ်ပါသည်။
အေးဗျာ စေတီတွေလည်းပြင်တာပ
ဒုက္ခရောက်သူတွေလည်း ကူညီကြရမှာပ။
!LOLZ
!MEME