My Entry For Shadow Hunters Contest SMASh

Last week, I visited Kuthodaw Pagoda at the foot of Mandalay Hill.
I also took some memorable photos after visiting the pagoda.

To the west of the pagoda, there is a large star-flower tree that is over a hundred years old.
The star-flower tree provides shade, so pilgrims can rest under it.
There are large flat rocks and Thanaka blocks for pilgrims to apply Thanaka to protect themselves from the sun.

I took a photo of the shadow of a big tree with the intention of posting it on the Shadow Hunters Community.
I was busy with work so I was only able to post the shadow picture today.

ယခင်အပတ်က မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရား သို့ ဘုရားဖူးရောက်ဖြစ်ခဲ့သည်။
ဘုရားဖူးပြီး အမှတ်တရဓာတ်ပုံတွေလည်း ရိုက်ယူဖြစ်ခဲ့သည်။

စေတီတော်၏ အနောက်ဘက်၌ သက်တမ်း နှစ်တစ်ရာကျော်သော ခရေပင်ကြီး ရှိသည်။
ခရေပင်ကြီးသည် အရိပ်ကောင်းသောကြောင့် ခရေပင်ကြီး အောက်၌ ဘုရားဖူးများ အနားယူနိုင်ရန် ပြုလုပ်ထားသည်။
ဘုရားဖူးများ နေပူခံ သနပ်ခါး လိမ်းရန် ကျောက်ပြင်ကြီးများ နှင့် သနပ်ခါးတုံးများ ထားရှိပါသည်။

ကျွန်တော်ကတော့ Shadow Hunters Community ၌ ဖော်ပြရန် ရည်ရွယ်ပြီး ခရေပင်ကြီး၏ အရိပ်ကို ဓာတ်ပုံရိုက်ယူခဲ့သည်။
အလုပ်မအားလပ်သည်ကြောင့် ယနေ့မှပဲ အရိပ်ပုံကို ဖော်ပြနိုင်တော့သည်။



0
0
0.000
1 comments
avatar

What a fascinating capture of shadows!

Shadow GIF

You have been tipped with Ecency POINTS for your valid entry!

AI Assistant could make mistakes. Admin: @mshbd

0
0
0.000