My Entry For Reflection Hunters Contest SMARP
Hello friends.

When I woke up this morning, I saw a group of monks driving past my house.
The monks were on their way to a pagoda near my house.
The pagoda had cracked and collapsed from the inside due to the earthquake that hit more than a year ago.
Now, the monks have come to rebuild the pagoda.

So I went to the pagoda to help the monks.
We discussed with the donors to build a new pagoda and offered breakfast to the monks who came.
Then I listened to the monks' teachings.

It rained last night in my area.
So, there was a little bit of rain in the temple premises that I visited this morning.
I saw the reflection in the rain, so I took a picture.
That's why today I have both merit and HIVE.
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
မနက်က ကျွန်တော် အိပ်ရာမှထသောအခါ အိမ်ရှေ့လမ်းမှ ဘုန်းကြီးစီးသော ကားများ ဖြတ်သွားသည်ကို မြင်တွေ့ခဲ့ရသည်။
ဘုန်းကြီး စီးသော ကားများသည် ကျွန်တော်၏ အိမ် အနီးရှိ စေတီတော် တစ်ဆူ ဆီသို့ သွားကြခြင်း ဖြစ်ပါသည်။
ထိုစေတီသည် လွန်ခဲ့သည့်တစ်နှစ်ကျော်က လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် အက်ကြောင်းများထကာ အတွင်းပိုင်း၌ ပြိုကျခဲ့ပါသည်။
ယခုအခါ ထိုစေတီကို အသစ်ပြန်လည် တည်ဆောက်ရန် ဘုန်းကြီးများ လာရောက်ကြခြင်း ဖြစ်ပါသည်။
သို့ဖြစ်၍ ကျွန်တော်သည် ဘုန်းကြီးများ လိုအပ်သော အကူအညီ ပေးရန် ထိုစေတီ သို့ သွားရောက်ခဲ့ပါသည်။
စေတီကြီး အသစ်တည်ဆောက်ရန်အတွက် အလှူရှင်များနှင့် ဆွေးနွေးတိုင်ပင်ကြပြီး ကြွရောက်လာကြသော ဘုန်းကြီးများကို မနက်စာ ကပ်လှူခဲ့ကြပါသည်။
ထိုနောက် ဘုန်းကြီးများ၏ ဩဝါဒတရားကို နာကြားခဲ့ပါသည်။
ကျွန်တော် နေထိုင်ရာဒေသ၌ ပြီးခဲ့သည့်ညက မိုးရွာသွန်းခဲ့ပါသည်။
သို့ဖြစ်၍ မနက်က ကျွန်တော် သွားရောက်ခဲ့သည့် စေတီ ပရဝုဏ်အတွင်း၌ မိုးရေ အနည်းငယ် ဝပ်နေခဲ့ပါသည်။
ထိုမိုးရေဝပ်သော နေရာ၌ အလင်းပြန်ပုံရိပ်ကို မြင်တွေ့ခဲ့ရသောကြောင့် ကျွန်တော်သည် ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
ဒါကြောင့်သာပဲ ဒီနေ့မှာတော့ ကျွန်တော်သည် ကုသိုလ်လည်းရ HIVE လည်း ရ ဖြစ်ပါတော့သည်။
ကျွန်တော်ဆီလည်း မနေ့ညက မိုးရွာတယ်။
!LOLZ
!MEME
မိုးရွာတော့ အပူသက်သာတာပေါ့။