မနေ့ညက ကစားတာ ဒီကဒ်ကိုရခဲ့တယ်

avatar
(Edited)

img_20210905_175754.jpg

မနေ့ညက အချိန်လွန်မှ ဂိမ်းကစားဖြစ်ခဲ့တယ်။
အဲ့ဒီတော့ ညကနက်လွန်းလှပြီဆိုတော့ စာမရေးနိုင်တော့ဘူး။
ဒါနဲ့ပဲ မနေ့ကည ပို့စ်မတင်ဖြစ်ခဲ့ဘူး။
ယခုတော့ စာရေးပို့စ်တင်ချင်တဲ့စိတ်ဖြစ်ပေါ်လာတာနဲ့ ရေးပြီးတင်လိုက်တာပါ။
ညတုန်းက ကစားပွဲကို ပြန်စဥ်းစားပြီး ရေချတင်ပြရရင် ခက်ခက်ခဲခဲတော့ တိုက်ပွဲကို မကစားခဲ့ရပါဘူး။
ထုံစံအတိုင်း ပထမပွဲစဥ်မှာရှုံးခဲ့တယ်။
ဒုတိယတိုက်ပွဲမှာတော့ အနိုင်ရခဲ့တယ် မီးလုံးက မလင်းလာဘူး။
လေးပွဲရောက်တော့ မီးလုံးကလေးက စတင်လင်းလာတယ်။
တိုက်ပွဲက အရင်နေ့တွေကလို ကြာရှည်မတိုက်ရဘူး။
ကိုယ်ကရှုံးလည်း ပွဲသိမ်းတာမြန်သလို ကိုယ်ကနိုင်ရင်လဲ ပွဲကသိမ်းတာမြန်ဆန်လွန်းလှတယ်။
မှတ်မှတ်ရရ ပွဲစဥ် တစ်ဆယ်မှာတော့ ကိုယ်ရွေးထားတဲ့အကောင်ကလည်း ဆရာကြီးတွေ တဖက်ရန်သူဘက်က ရွေးချယ်ထားတာကလည်း ဆရာကြီးတွေပဲ
ေရွးချယ်မှုက အထာကျလွန်းလှတဲ့ ဆရာကြီးအကောင်တွေဆိုတော့ တိုက်ပွဲက နှစ်ဖက်လုံး ပြင်းပြင်ထန်ထန် တိုက်ခိုက်ရတယ်။
အရှုံးအနိုင်ကို ကြိုပြီး ခန့်မှန်းလို့မရဘူး။
နောက်ဆုံးမှာတော့ ရန်သူဘက်က တစ်ကောင်ပဲကျန်တယ်။
ရန်သူဘက်က တစ်ကောင်ပဲကျန်တယ်ဆိုပေမယ့် အထင်သေးလို့ကမရဘူး။
ကိုယ်ကငါးကောင်း ရန်သူဘက်ကတစ်ကောင်ကို အချိန်အတော်ကြာအောင် တိုက်ခိုက်ခဲ့ရတယ်။
အချိန်တန်တော့ အင်အားဘယ်လောက်ကြီးတဲ့ အကောင်ဖြစ်နေပါစေ စည်းလုံးညီညွတ်စွာနဲ့ တိုက်ခိုက်လိုက်တော့ ရန်သူဘက်က တိုက်ပွဲကျလို့ ပွဲစဥ် တစ်ဆယ်မှာ အနိုင်ရသဖြင့် ဒတိယမီးလုံး လင်းလာခဲ့တယ်။
ပွဲစဥ်ဆယ့်လေးကိုရောက်တော့ တိုက်ပွဲက အလွန်မြန်တယ်။
ရန်သူဘက်က တစ်ကောင်ပဲကျန်တဲ့အချိန်မှာ ကိုယ့်ဘက်က လေးကောင်ကျန်ရှိနေတယ်။
ရန်သူဘက်က တစ်ကောင်ကို ကိုယ့်ဘက်က လေးကောင်က ဝိုင်းတိုက်ခိုက်လိုက်တာ ရန်သူဘက်က ကျဆုံးသွားလို့ အနိုင်ရခဲ့တော့ မီးလုံးက သုံးလုံးမြောက် ဖြစ်လာခဲ့ပြီ။
ပွဲစဥ်ဆယ့်ငါးမှာတော့ အနိုင်ရတယ်။
ဒါပေမယ့် မီးလုံးက လင်းမလာခဲ့ဘူး။
ပွဲစဥ် ဆယ့်ခုနှစ်ရောက်တော့ အနိုင်ရတယ်။
ထိုအချိန်မှာ မီးလုံးက လေးလုံးလင်းသွားခဲ့ပါပြီ။
နောက်ထက်မီးလုံးတစ်လုံးသာလင်းသွားခဲ့မယ်ဆိုရင် ေသတ္တာဖောက်ဖို့အတွက်ပဲလိုပါတော့တယ်။
ဒါပေမယ့် ငါးလုံးမြောက် မီးလုံးလင်းဖို့အတွက် ပွဲစဥ်သုံးဆယ်အထိ မနေ့ညက ပြင်းပြင်းထန်ထန် ကစားခဲ့ရပါတယ်။
အထက်က တင်ပြထားတဲ့ ဓာတ်ပုံက မီးလုံးငါးလုံးသဖြင့် သေတ္တာဖောက်တဲ့အချိန်မှာ ရရှိခဲ့တဲ့ကဒ်တစ်ခုဖြစ်ပါတယ်လို့ ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ။
author:@thurawinkyaw
photo images:screen shots



0
0
0.000
3 comments
avatar

သမီးကောဘဲဟိုတနေ့ကအဲ့မြင်းပေါက်တာ

0
0
0.000
avatar

ဦးလေးက အခုမှရဖူးတာဟ
ဂိမ်းကစားနေတာ ဆယ်ငါးရက်ကျော်နေပြီး ဒီကဒ်ကို ဒီတစ်ခါပဲရဖူးသေးတယ်

0
0
0.000