မည်သို့ပင်ဖြစ်စေကာမှု ရည်ရွယ်ချက် ရည်မှန်းချက်များထားရှိပြီး လုပ်ကိုင်ကြရမည်

avatar

img_0.15479873492486798.jpg
https://www.istockphoto.com/photo/hand-putting-print-screen-dart-and-target-board-wooden-cube-on-up-arrows-target-of-gm1223992751-359726017?utm_source=unsplash&utm_medium=affiliate&utm_campaign=srp_photos_bottom&utm_content=https%3A%2F%2Funsplash.com%2Fs%2Fphotos%2Fthe-aim&utm_term=the%20aim%3A%3Asearch-aggressive-affiliates-v1%3Ab
လူဆိုသည်မှာ အလုပ်လုပ်ရင်းဖြင့် ရှင်သန်နေကြရသော သတ္တဝါများဖြစ်ကြသည်။
ထို့ကြောင့် လူဆိုသည့်သတ္တဝါတို့သည် အလုပ်လုပ်ကြရသည်။
လူတို့သည် အလုပ်လုပ်ကြရာတွင် တချို့က မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသောအလုပ်၌ ဝတ်ကျေတန်းကျေ အလုပ်လုပ်နေရင် ပြီးရောဆိုပြီး ပေါ့ပေါ့တန်တန်စိတ်ထားကာ လုပ်ကိုင်တက်ကြလေသည်။
ထိုသူတို့သည် အလုပ်လုပ်နေပါသော်လည်း ထိုအလုပ်၌ ရည်ရွယ်ချက်မရှိ ဦးတည်ရာမဲ့စွာဖြင့် မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသောအလုပ်ခွင်၌ ထောင်ကျနေသည့် အပြစ်သားတစ်ယောက်၏စိတ်လို ဖြစ်နေပေတော့သည်။
ထိုသူတို့သည် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသောအလုပ်၌ ရည်ရွယ်ချက် ကင်းမဲ့နေခြင်းကြောင့် လုပ်သမျှအလုပ်တို့သည် ပြီးမြောက်ခြင်းမရှိ အချိန်ကြာမြင့်စွာ လုပ်ကိုင်နေပါသော်လည်း တိုးတက်ပြောင်းလဲ​ခြင်းမရှိ ခြေကုန်လက်ပမ်းကျကာ အချိန်တွေကိုသာ ကုန်ဆုံးစေခဲ့လေသည်။
ရည်ရွယ်ချက် ရည်မှန်းချက်မရှိပဲ အလုပ်လုပ်နေသောသူသည် မည်သို့သောအလုပ်ကို လုပ်ကိုင်ဆောင်ရွက်စေကာမှု အကျိုးမဖြစ်ထွန်းပဲ မိမိတို့၏လုပ်ကိုင်ဆောင်ရွက်သမျှတို့သည် အချည်းနှီးသာ ဖြစ်လို့နေပေလိမ့်မည်။

တချို့သော လူတွေကြတော့ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသောအလုပ်ကို ဂရုတစိုက်နဲ့ အလုပ်ကို ကြိုးစားပမ်းစားနဲ့ ရည်ရွယ်ချက်များထားရှိကာ ကျားကုတ်ကျားခဲ လုပ်ကိုင်တက်ကြလေသည်။
ထိုသူတို့၏စိတ်၌ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေရသော အလုပ်တွင်
အောင်မြင်လိုသောစိတ် ကြွယ်ဝလိုသောစိတ်တို့ဖြင့် ဖြတ်သန်းသွားရမည့် ဘဝတလျှောက် စိတ်၏ချမ်းသာခြင်းများကိုခံစားရင်း ပျော်ရွှင်စွာဖြင့် မိမိတို့၏ နေ့စဥ်လုပ်ကိုင်ဆောင်ရွက်စရာ အလုပ်ကိစ္စများကို စိတ်ပါလက်ပါ တက်ကြွစွာဖြင့် လုပ်ကိုင်တက်ကြပေသည်။
အလုပ်တစ်ခုခုကို ရည်ရွယ်ချက်များထားရှိပြီး လုပ်ကိုင်တက်သောစိတ်တို့ကြောင့် ထိုရည်ရွယ်ချက်များ ထားရှိတက်သောစိတ်ကြောင့်ပင် လူတို့၏ နေထိုင်မှုဘဝတို့ကို ထိုရည်ရွယ်ချက်သည်က တွန်းအားအဖြစ် ပြောင်းလဲပေသည့် သဘောပင်ဖြစ်ပေသည်။

လူတို့သည် အလုပ်များကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ကိုယ်ဆီထားရှိတက်သော ရည်ရွယ် ရည်မှန်းချက်များ ရှိနေကြပေလိမ့်မည်။
အကြမ်းအားဖြင့် အနည်းငယ် ရေးသားတင်ပြရလျှင်.......
တချို့သော လူတို့သည် မိမိတို့၏ နေ့စဥ်စားဝတ်နေထိုင်ရေးအတွက်ဖြစ်ပြီး
တချို့သော လူတွေကတော့ စားဝတ်နေထိုင်ရေးအတွက် ပူပင်စရာမလို လူတစ်ယောက်ဖြစ်နေသောကြောင့် အလုပ်လုပ်ရမည်ဆိုသည့် ရည်ရွယ်ချက်
တချို့ကြပြန်တော့ အလုပ်လုပ်ကိုင်ရာတွင် ပြိုင်ဆိုင်မှုတွေကြား၌ အခြားသောသူတွေထက်ကို သာလွန်အောင်ဆိုတဲ့ ရည်ရွယ်ချက် ရည်မှန်းချက်များဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမှု မိမိတို့၏ ကိုယ်ဆီထားရှိခဲ့ကြသော ရည်ရွယ်ချက် ရည်မှန်းချက်တို့အတွက် ထားရှိခဲ့ကြသလောက်တော့ အထိုက်အလျှောက်စီ ရရှိခံစားကြရမှာပါဟု တွေးမိသမျှ ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ။
author:@thurawinkyaw



0
0
0.000
5 comments
avatar

ဒီလိုပဲ ကြုံရ ဆုံရ ဘ၀ အဖုံဖုံပေါ့ !PIZZA

0
0
0.000
avatar

အဲ့ဒီလိုပါပဲ ကိုသန်းနိုင်စိုးရေ...

0
0
0.000
avatar

တော်သလိုသာလုပ်ပါ 😁😁😁

0
0
0.000
avatar

အဆင်ပြေသလို လုပ်နေရတော့ရပါပဲဗျာ😁😁😁

0
0
0.000