မင်းဘာလို့အသက်ရှင်နေတာလဲ (Why are you alive?)

avatar

img_0.9662949929627253.jpg
https://unsplash.com/photos/ARD8OYypgLE

ကျွန်နော်တို့ မြန်မာပြည်၌ ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲတွေကြောင့် လုပ်ငန်း ကိုင်ငန်းများသည် အရင်တုန်းကနဲ့မတူ အလွန်မှ ခက်ခဲနေကြရပါတယ်။
အလုပ်အကိုင်များက ရှားပါးလွန်းနေခြင်းကြောင့် ပြည်သူလူထုတွေရဲ့ စားဝတ်နေထိုင်ရေးသည်လည်း အလွန်မှ ခက်ခက် ခဲခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
ခေတ်ကာလရဲ့ အပြောင်းအလဲတစ်ခုကြောင့် ပြည်သူလူထုများ၏ လွတ်လပ်မှု ပျော်ရွှင်မှုတို့သည်လည်း အရင်တုန်းကနဲ့မတူ ရွှင်ပြမှုတို့သည်လည်း တဖြေးဖြေးနဲ့ ကင်းဝေးလို့ နေကြပါတယ်။

ခေတ်စနစ်တွေ ကောင်းမွန်ခဲ့စဥ်တုန်းကတော့ ပြည်သူလူထုတို့၏စိတ်တွင်းထဲ၌ ရည်ရွယ် ရည်မှန်းချက်တို့ကို ကိုယ်ဆီ အိမ်မက် မက်ခွန့် ရရှိနိုင်ခဲ့ကြပါသော်လည်း ယခုလို ခေတ်စနစ်ဆိုးကြီးအတွင်း၌ နေ့စဥ် ထမင်းသုံးနပ် စားသောက်နိုင်ဖို့ပင် မလွယ်ကူ ခက်ခဲလွန်းလှ၏။
ရုန်းကန်နေကြရပါတယ်။
ယခုလို ထမင်းသုံးနပ် နေ့စဥ်စားသောက်နိုင်ဖို့အတွက် ရုန်းကန်နေရမှုကို အချိန်ကြာမြင့်စွာ နှစ်တွေအကြာကြီး ရင်ဆိုင်နေရမယ်ဆိုရင်တော့ မဖြစ်နိုင်ပါ။

ကျွန်နော်တို့တွေ ဤကမ္ဘာမြေကြီးပေါ်သို့ အဘယ်ကြောင့် ရောက်ရှိလာခဲ့ကြပါသလဲ?
ယနေ့အချိန်အထိ အဘယ်အတွက်ကြောင့် အသက်ရှင်သန်အောင် နေထိုင်နေကြပါသလဲ?
ထမင်းစားဖို့အတွက် ကျွန်နော်တို့ အသက်ရှင်သန်နေကြတာ မဟုတ်ပါဘူး။
အသက်ရှင်သန်ရင်းနဲ့ ထမင်းစားနေကြတဲ့ လူတွေပါ။
ထမင်းသုံးနပ် စားသောက်နိုင်ဖို့အတွက် ကျွန်နော်တို့ အသက်ရှင်သန်နေကြတာမဟုတ်ပါဘူး။
ဒါဆိုရင် မင်းဘာလို့အသက်ရှင်နေတာလဲ?ဆိုတာကိုတော့ စာဖတ်သူ မိတ်ဆွေများကသာ အဖြေကိုရှာဖွေကြည့်ကြပါဟု တွေးမိသမျှ ရေးချတင်ပြလိုက်ပါတယ်ခင်ဗျာ။
author:@thurawinkyaw
photo images:unsplash.com



0
0
0.000
4 comments
avatar

အဆင်ပြေသလိုသာလုပ်
အသက်ရှင်သန်ရေးအတွက် ရုန်းကန်ရမှာဘဲ
လက်ရှိအခြေအနေနဲ့ လိုက်လျှော်ညီထွေဖြစ်အောင် အသားတကျဖြစ်အောင် ပြောင်းလဲ ရပ်တည်နိုင်ဖို့လိုအပ်တယ်

0
0
0.000
avatar

အဆင်ပြေအောင်တော့ လုပ်ကြရမှာပါပဲဗျာ။
ဘူးသီးလို့ပြောရင် ဖရုံသီးတယ်လို့မှာ ပြောလို့မှမရနိုင်တာ

0
0
0.000
avatar

Congratulations @thurawinkyaw! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You made more than 200 comments.
Your next target is to reach 300 comments.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Feedback from the October 1st Hive Power Up Day
Hive Power Up Month Challenge - Winners List
0
0
0.000
avatar

ဟုတ်ကဲ့
စပေါ့ပေးလာတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကျွန်နော်ကြိုးစာလုပ်ကိုင်နေပါတယ်ခင်ဗျာ။

0
0
0.000