ကျွန်နော်ရဲ့နေ့တွေဟာ တစ်နေ့တော့ ပြန်လည်အသက်ဝင်လာပါလိမ့်မယ်

avatar

photo_1598123552147_b18a1cb67527.jpeg
https://unsplash.com/photos/Sby2PjIQfAY
ဒီကနေ့တော့ အရင်နေ့တွေကနဲ့မတူသော အရေးအသားများနဲ့ ရေးသားတင်ပြလိုက်ပါရစေ။
အရင်နေ့များက ဂိမ်းအကြောင်းများနဲ့သာ ရေးသားတင်ပြခဲ့ပါတယ်။
ကျွန်နော်ဟာ ဂိမ်းအကြောင်းတွေကို တစ်ပုဒ်ပြီး တစ်ပုဒ်ရေးသားခဲ့သော်လည်း ဂိမ်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်လို့တော့မဟုတ်ပါဘူး။
ဂိမ်းနဲ့ပတ်သက်ပြီး ကျွန်နော် ဘယ်လိုကစားခဲ့ပါတယ်ဆိုတာကိုပဲ မိမိရေးတက်သလို ရေးချတင်ပြခဲ့တာပါ။
အဲ့ဒီလိုပဲ စိတ်ကူးပေါက်တိုင်း ရေးစရာမရှိသေးတဲ့အချိန်မှာတော့ ဂိမ်းနဲ့ပတ်သက်ပြီး အဆင်ပြေသလို ရေးချတင်ပြနေဦးမှာပါပဲ။

"ကဲ"စကားလုံးတွေရှည်မနေတော့ဘဲ ရင်ထဲမှာ ဖြစ်ပေါ် လာတဲ့ အတွေးစိတ်ကူးတွေကို ရေးချလိုက်တော့မယ်။

ကျွန်နော်တို့ မြန်မာပြည်မှာ အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရပါတယ်။
အရာရာတိုင်း ပိတ်ဆို့မှုတွေနဲ့ အကန့်အသတ်တွေနဲ့ ချုပ်နှောင်မှုတွေနဲ့ သွားလာခြင်း လုပ်ပိုင်ခွင့်တွေဟာလည်း ဟိုအရင်ကနဲ့မတူ လူအများစုဟာ အဆင်မပြေမှုတွေကြားထဲမှာ ပိတ်မိနေကြပါတယ်။
အဲ့ဒီအထဲမှာ ကျွန်နော်တစ်ယောက်လည်း အလုပ်မရှိ အကိုင်မရှိ (သို့မဟုတ်)ဘာတစ်ခုမှ လုပ်လို့မရတဲ့ အခြေအနေထဲမှာ ဖြစ်နေပါတယ်။
ကျွန်နော်က စျေးရောင်းစားတဲ့ စျေးသည်တစ်ယောက်ပါ။
စျေးရောင်းစားတဲ့ လူဆိုပြီးတော့ အထင်တော့မကြီးလိုက်ကြပါနဲ့။
ကြုံရာ ကျပန်း အဆင်ပြေသလို လုပ်ကိုင်နေရတဲ့ စျေးသည်ပါ။
စျေးသည်ဆိုတာ ခေတ်ကလတွေက ဘယ်လိုပဲ ဖြစ်ပျက်နေပါစေ ထမင်းစားလက်မှတ်ဆိုတာ ပျောက်မသွားပါဘူး။
စျေးရောင်းနေတဲ့လူတစ်ယောက်မှာ ဝင်ငွေဆိုတာ အမြဲရှိနေတက်ပါတယ်။
ဒါကြောင့် ကျွန်နော်ဟာ စျေးရောင်းစားတဲ့ စျေးသည်ဘဝကို ရွေးချယ်ခဲ့တာပေါ့။
ဒါပေမယ့်လည်း ယခု ကျွန်နော်မှာ ဝင်ငွေမရှိပဲ နေ့စဥ် ထွက်ငွေဖြင့်သာ ရင်ဆိုင်တွေ့ကြုံနေရပါတယ်။
အကြောင်းရင်းကို ဆက်လက်ရေးချတင်ပြရမယ်ဆိုရင် ကျွန်နော်မှာ စျေးရောင်းတဲ့ ထမင်းစားလက်မှတ်သာ ရှိပြီး စျေးရောင်းစားရန်အတွက် အခွင့်အရေးမရှိ ဖြစ်နေလို့ပါ။
ကျွန်နော်တို့မြို့၌ ကိုဗစ်နိုင်တင်းရောဂါဆိုးကြီးကြောင့် မြို့တွင်းရှိ လူနေရပ်ကွက်များကို လော့ဒေါင်းချခဲ့သည်မှာ နှစ်လကျော်သုံးလလောက်ရှိခဲ့ပါတယ်။
ထို့အတွက်ကြောင့် မြို့တွင်းရှိ ပြည်သူလူထုမှာ အရင်ကထက် စားဝတ်နေရေးတွင် အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။
လူအများစုသည် အခန်းငှားနေထိုင်ကြရပါတယ်။
အခန်းငှားပြီး နေထိုင်ကြသော အချို့သော ပြည်သူလူထုများဟာ လော့ဒေါင်းချထား သုံးလအတွင်း ကာလ၌ အလုပ်မလုပ်ကြရသဖြင့် စားစရာမရှိသည့်အပြင် အခန်းငှာခကိုပါ ပေးဆောင်းနိုင်ခြင်းမရှိနိုင်တော့တဲ့အတွက် အိမ်ပိုင်ရှင်များဘက်က အခန်းခမပေးနိုင်ရင် နေထိုင်ခွင့်မပေးတော့တဲ့အတွက် မြို့တွင်းထဲရှိ လမ်းဘေး အချို့သောနေရာများတွင် ညအိပ်ပြီးနေထိုင်ကြရပါတယ်။

ယခု​ေတာ ့ဒီလဆန်းပိုင်းကစတင်ပြီး လော့ဒေါင်းများကို ဖြည်ပေးလိုက်ပါပြီ။
လော့ဒေါင်းဖြည်လိုက်တယ်ဆိုတော့ ရောဂါပိုးမွှားကို အနည်းငယ်ထိန်းချုပ်နိုင်ပြီလို့ မှတ်ချက်ပြုလို့ရနိုင်ပါတယ်။
ဒါပေမယ့် ရပ်ကွက်နှစ်ခုကိုတော့ ယနေ့အချိန်အထိ လော့ဒေါင်းချထားသေးပါတယ်။
အခြားသောရပ်ကွက်များတွင် ရောဂါပိုးကို သိပ်မတွေ့ရှိတော့ပေမယ့် ထိုရပ်ကွက်နှစ်ခု၌ မကြာခဏဆိုသလို ရောဂါပိုးမွှားကို စစ်ဆေးတွေ့ရှိနေရသဖြင့်
လော့ဒေါင်းကို ဆက်လက်ချထားမည်ဟု ပြောသံကိုတော့ ကျွန်တော်လေ့လာကြည့်သလောက် သိရှရပါတယ်။

အဲ့ဒီမှာ ကျွန်နော် လျှောက်ခဲ့တဲ့လမ်း ရွေးချယ်ထားတဲ့အလုပ် ရရှိထားတဲ့ ထမင်းလက်မှတ် စျေးရောင်းဝယ်ခြင်းအတက်ပညာ ဟာ အသုံချခွင့် အသုံးပြုလို့မရဖြစ်ခဲ့ပါတယ်။
အကြောင်းရင်းကိုဆက်ရလျှင် လောဒေါင်းမဖြည်သေးသော ထိုရပ်ကွက်နှစ်ခု၌ ကျွန်နော်သည် အရင်က စျေးရောင်းပါတယ်။
စျေးရောင်းပြီး ပိုက်ဆံရှာဖွေသောနေရာများ၌ တစ်မြို့လုံးရဲ့ အချက်အချာကျဆုံးသော နေရာတစ်ခုလည်းဖြစ်ပါတယ်။
​မြို့တွင်း၌ နေထိုင်ကြသော ပြည်သူလူထုများဟာ ထိုရပ်ကွက်နှစ်ခုကို မရောက်ဖူးသူ မရှိသလောက်ပါပဲ။
တစ်မြို့လုံးရဲ့ စားဝတ်နေရေးကို ထိုရပ်ကွက်နှစ်ခုက အဓိက ဖြန့်ဝေရောင်းချနေခြင်းကြောင့်ဖြစ်ပါတယ်။
ထိုရပ်ကွက်နှစ်ခုက လောဒေါင်းမဖြည်သေးတော့ ကျွန်တော်စျေးရောင်းနိုင်ဖို့ အခွင့်အရေးမရသေးပါဘူး။
စာကအလွန်ရှည်နေပြီးဆိုတော့ နိဂုံးချုပ်အနေဖြင့် ဆက်လက်ရေးတင်ပြရလျှင်
ကျွန်နော်ဟာ ယခုအချိန်မှာ ဘဝဆိုတဲ့ အဆင်မပြေမှုတွေကြား၌ ပိတ်မိနေပါတယ်။
ဒါပေမယ့် ကျွန်နော် စိတ်ဓာတ်ကျနေလို့ မဖြစ်ပါဘူး။
ကျွန်နော် အရင်က မကြာခဏ ရေးချခဲ့သော စကားလုံးကို ပြန်လည်တင်ပြရရင်
ပိတ်ဆို့မှုတိုင်းမှာ အနည်းဆုံး ထွက်ပေါက်တစ်ခုတော့ ရှိစမြဲပါပဲ။
ထိုသို့ ရေးသားခဲ့ဖူးပါသော်လည်း အချိန်တိုင်း နေရာတိုင်းမှာ ထွက်ပေါက်ဆိုတာအမြဲ မရှိတက်ပါဘူး။
ပိတ်ဆို့နေတဲ့ထွက်ပေါက်ကို ရှာတွေ့နိုင်ဖို့အတွက် ဖောက်ထွက်ရန် အချိန်ဆိုတာ မဖြစ်မနေလိုအပ်ပါတယ်။
ဆိုလိုရလျှင် ထွက်ပေါက်ပွင့်ဖို့ရန် အချိန်ကို စောင့်ရပါလိမ့်မယ်။
အချိန်ဆိုတာ လူကိုမစောင့်ဆိုတဲ့ ရှေ့စကားတွေရှိပေမယ့်လည်း အချို့ကိစ္စများ၌ အချိန်ကို လူကပြန်စောင့်ရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။
အဲ့ဒီထွက်ပေါက်အတွက် စိတ်ရှည်ရှည်နဲ့ သီးခံပြီး အားတင်းထားနိုင်မယ်ဆိုရင် လော့ဒေါင်ချထားသေးသော ထိုရပ်ကွက်နှစ်ခုဟာ ဖွင့်ပေးလိုက်တဲ့အချိန်ရောက်ရှိလာပြီဆိုလျင်တော့ ရောဂါပိုးမွှားကြောင့် စိုးရိမ်ကြောက်လန့်နေရသော ကိစ္စနဲ့ စျေးရောင်းလို့မရရှိနိုင်သေးတဲ့ ကိစ္စ ထိုအ​​ေရးကိစ္စနှစ်ခုဟာ တပြိုင်နက်ထဲ ပြန်လည်အဆင်ပြေလာပြီး ကျွန်နော်အတွက် ကျွန်နော်ရဲ့နေ့တွေဟာ ပြန်လည်အသက်ဝင်လိမ့်မယ်လို့ မျှော်လင့်ယုံကြည်ရင်းဖြင့် ရေးသားတင်ပြ ရင်ဖွင့်လိုက်ပါတယ်။
author:@thurawinkyaw
photo images:unsplash.com



0
0
0.000
5 comments
avatar

တော်သေးတာပေါ့ဒီတစ်သတ်လော့ဒေါင်းထဲကထွက်ကောထွက်ရပါ့မလားလို့တွေးနေတာ😅

0
0
0.000
avatar

ေလာဒေါင်းကဖြည်ပေးထားပေမယ့် စျေးရောင်းဖို့အတွက်က ထက်စောင့်ရဦးမယ်ဟ

0
0
0.000
avatar

ခင်ဗျားတို့ရဲ့ကြိုးစားအားထုတ်မှုတွေအတွက် ပျော်ရွှင်မှုနဲ့ ဆုကျေးဇူးတွေပြည့်နေတဲ့ လှပတဲ့နေ့တစ်နေ့ကို ခင်ဗျားတို့ဆီ ဆန္ဒပေးပါတယ်။

0
0
0.000
avatar

အဲ့ဒီ လှပသောနေ့သစ်ကို ရောက်ရှိလာမည့် နေ့တစ်ရက်ကို ကျွန်နော် မျှော်လင့်နေပါတယ်။
လှပသောနေ့ကို ရောက်လာခဲ့ပြီဆိုရင် ကျွန်နော်အတွက် အရာရာကို အသစ်ကပြန်တည်ဆောက်လို့ရနိုင်ပါပြီ။
ကျွန်နော် မျှော်လင့်ထားတယ်
ယုံကြည်မှု အားမာန်အပြည့်ရှိနေပါတယ်။

0
0
0.000