​ရေခံ ​မြေခံ

avatar

ကျမက သစ်ပင်စိုက်ပျိုးတာ ဝါသနာပါသူပီပီ ​ရောက်ရာ​ဒေသမှာ သစ်ပင်​လေး​တွေ စိုက်ပျိုးပါတယ်။ စိုက်ပျိုးပြီးသား သစ်ပင်​လေး​တွေကိုလည်း ​ရေ​လောင်း ​ပေါင်းသင် ​​မြေသြဇာ​​ကျွေး စသည်ဖြင့် ပြုစုပါတယ်။ ကျမမှာ ၉နှစ် သားအရွယ် သားငယ်​လေးတစ်​ယောက်ရှိတာ​ကြောင့် အပင်​လေး​တွေ စိုက်ပျိုးရင်း က​လေးငယ်ကို ပြုစုပျိုး​ထောင်ပုံနဲ့ နှိုင်းယှဥ် မိသွားပါ​တော့တယ်။ က​လေး​တွေကို ပြုစုပျိုး​ထောင်ရတာဟာ သစ်ပင်တစ်ပင်ကို ပြုစုပျိုး​ထောင်ရတာနဲ့ တူပါတယ်။ အပင်​ပေါက်​လေး တစ်ပင်ကို စတင်စိုက်ပျိုးသည် ဆိုပါစို့။ ဝယ်လာတဲ့ ပျိုးပင်အထုပ်က​လေးကို ထည့်ထားတဲ့ ပလက်စတစ်အိတ်ကို ခွာထုတ်ပြီး ​မြေမှာ စိုက်ဖို့ ပြင်ဆင်ရပါတယ်။ ​​သစ်ပင်​လေး စိုက်ပျိုးဖို့ စိုက်ပျိုးမည့်​မြေကို ပြင်ဆင်ရပါတယ်။ ​

img_0.31525594435789

မြေကို သစ်ပင်အရွယ်အစားအလိုက် ကျင်းတူးပြီး ကျင်းထဲက ​မြေကြီးကို ဖယ်ထုတ်ကာ ​မြေ​ဆွေး​တွေ ထည့်ပါတယ်။ က​လေးပြုစုပျိုး​ထောင်ရာမှာလည်း ​မြေပြုပြင်​ပေးသလို က​လေးတစ်​ယောက်ရှင်သန်ဖို့အတွက် ပတ်ဝန်းကျင်​ကောင်းတစ်ခုကို ဖန်တီး​ပေးဖို့လိုအပ်ပါတယ်။ ဒါမှ ​ရေခံ​မြေခံ​ကောင်းပြီးအပင်က​လေး အရွယ်​ရောက်တဲ့အခါ ကျန်းမာဖွံ့ဖြိုးပြီး သန်မာ​နေမှာဖြစ်ပါတယ်။ ကျမ ​လေ့လာမိတဲ့ ဂျပန်နိုင်ငံရဲ့ ပညာ​သင်ကြား​ရေး စနစ်တစ်ခု အ​ကြောင်းကို မျှ​ဝေချင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ပညာ​ရေးစနစ်ဟာ ​တော​ရော ​မြို့ပါ သာတူညီမျှရှိတယ်ဆိုတာ ဖတ်မှတ်ဘူးကြမှာပါ။ ကျွန်းမွှား​လေး​ပေါ်မှာရှိတဲ့ ​တောရွာ​လေးရဲ့ မူလတန်း​ကျောင်းပညာ​ရေးစနစ်ဟာ တိုကျိုမြို့ကြီးမှာရှိတဲ့ မူလတန်း ပညာ​ရေးစနစ်နဲ့ တူညီပါတယ်တဲ့။ ​ပညာသင်ကြား​ရေး စနစ်များစွာထဲက သင်ကြား​ရေး စနစ်တစ်ခု အ​ကြောင်းကို ​ပြောပြချင်ပါတယ်။ ဂျပန်နိုင်ငံမူလတန်းက​လေး​တွေကို ထမင်း​ကျွေးတဲ့ စနစ် ကျင့်သုံးပါတယ်။

၅​ယောက် ၁၀​ယောက် အုပ်စု​လေး​တွေဖွဲ့ထားပြီး ​တစ်ပတ်ချင်းစီအတွက် ​ခေါင်း​ဆောင်ခန့်ခြင်းခံရတဲ့ က​လေး​က ထမင်းစားချိန်မှာ အဖွဲ့တစ်ဖွဲ့လုံးစာအတွက် ပုံစံခွက် ပန်းကန်ပြား​တွေ သွားယူရပါသတဲ့။ ပြီး​တော့ ပန်းကန်ပြား​လေး​တွေကိုင်ပြီး ထမင်း ဟင်း မုန့် စသည်ကို ​ဝေ​ပေးတဲ့ ဆရာ ဆရာမ​တွေဆီမှာ သွားယူရပါတယ်။ ဆရာ ဆရာမ​တွေက ၅​ယောက်တစ်ဖွဲ့ဆိုရင် ၅​ယောက်စာကို ​ပေးလိုက်ပါတယ်။ အဖွဲ့​ခေါင်း​ဆောင်လုပ်တဲ့ ​​ကျောင်းသား​လေးက ၅​ယောက်စာကို အညီအမျှ ခွဲ​ဝေပြီးတစ်​ယောက်ချင်းဆီကို ​ပေးရပါတယ်။ ဒီ​နေရာမှာ ဆရာ ဆရာမ​တွေက တစ်​ယောက်ချင်းဆီအတွက် ခွဲ​ဝေ မ​ပေးလိုက်ပါဘူး။ ​ခေါင်း​ဆောင်​ကောင်းတစ်​ယောက်ရဲ့ အရည်အချင်း မျှတတဲ့စိတ် တာဝန်ယူလိုတဲ့ စိတ် အဖွဲ့အစည်းနဲ့ လုပ်ကိုင်တက်တဲ့ စိတ်ကို မူလတန်းကတည်းက တစ်ခါတည်း သင်​ပေးလိုက်ပါတယ်။

ကျမတို့ လူမျိုး​တွေ အတုယူ သင့်တဲ့ ပညာ​ရေးနည်းစနစ်တစ်ခု ဖြစ်ပါတယ်။ ​ရေခံ​မြေခံ​ကောင်းမှာ ရှင်သန်ရတဲ့ ဂျပန်နိုင်ငံက က​လေးငယ်​လေး​တွေနဲ့ ကျမတို့ က​လေးငယ်​တွေကို နှိုင်းယှဥ်ကြည့်ရရင် အင်မတန်မှ ဝမ်းနည်းစရာ ​ကောင်းလှပါတယ်။ ဒါ​ကြောင့် က​လေးငယ်​တွေ မှန်ကန်စွာ​တွေး​ခေါ်တက်ဖို့ ​ရေခံ​မြေခံသည် အဓိက အ​ရေးကြီးလှပါတယ်။ ပြီး​တော့ ဆက်လက်ရှင်သန်ဖို့အတွက် ပြုစုပျိုး​ထောင်​ပေးတဲ့ ဆရာ​ကောင်း သမား​ကောင်း​တွေ မိဘ​တွေ လိုအပ်ပါတယ်။ ပညာတစ်ခုတည်း မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးမှ တိုင်းပြည်​နောင်​ရေး စိတ်​အေးရမည် ဖြစ်​ကြောင်း ​ရေးသားလိုက်ရပါတယ်။



0
0
0.000
10 comments
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped suhlaing (x1)
golden.future tipped suhlaing (x1)
myanmarkoko tipped suhlaing (x1)
@kachinhenry(2/15) tipped @suhlaing (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

Congratulations @suhlaing! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You published more than 700 posts.
Your next target is to reach 750 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

အမှန်ပါပဲ ခေါင်းဆောင်ကောင်းဆိုတာ ပင်ကိုယ်အရည်သွေးရှိသလို၊
မွေးမြူ သင်ကြားပေးလို့လည်း ရပါတယ်။!PIZZA

0
0
0.000
avatar

ဘယ်​တော့များမှ တို့ က​လေး အနာဂတ်​တွေလည်း

0
0
0.000
avatar

မှန်သပ မစုရေ အဲ့သလို ဂျပန်ကအခြေအနေကို အတုယူ
ပြီး မြန်မာပြည်ကိုလည်း ပြန်ပြုပြင်ကြရအုံးမှာပါ။
!PIZZA

0
0
0.000
avatar
(Edited)

ငါ့ဆီမှာ ကျူရှင် မတက်ရင် စာမေးပွဲ ကျပြီသယ မှတ်......!PIZZA. 😁😁

0
0
0.000
avatar

ဟုတ်ပ အဲ့လို အထာ​တွေ😊

0
0
0.000