​တောင်တက်ခြင်း အနုပညာ

avatar

ကျမ ဒီ​နေ့ ​တောင်တက်ဖြစ်ပါသည်။ ​တောင်ဟုဆို​သော်လည်း မြင့်မားလှသည့်​တောင်​တော့ မဟုတ်ပါ။ သူ​တော်​တောင်ဟု​ခေါ်တွင်​သော ​တောင်ကုန်းအမြင့်စား ​တောင်တစ်ခုသာ ဖြစ်ပါသည်။ ခန့်မှန်း အမြင့်​ပေ ၂ထောင်အထက်​တော့ ရှိမည်ထင်သည်။ ကျမ ​တောင်တက်ရသည့် အ​ကြောင်းမှာ မယ်မယ်ရရ​တော့မဟုတ်။ ထို​တောင်​ပေါ်ရှိ ​နေရာတစ်ခုတွင် အင်တာနက်လိုင်း မိသဖြင့် တက်ခဲ့ခြင်းဖြစ်သည်။ ​တောင်​အလယ်တွင်ရှိ​သော ဘုရားအထိ​တော့ ဆိုင်ကယ်နှင့် တက်၍ ရ​သော်လည်း ​တောင်လယ်ရှိ ဘုရား​စေတီအ​ကျော်တွင် ​​ကျောက်တုံး​​ကျောက်ခဲများဖြင့် လမ်းမှာ ဆိုးလှပါသည်။ ထို့​ကြောင့် ဆိုင်ကယ်ကို ဘုရားနားတွင်ထား၍ ​တောထဲသို့ ​ခြေလျှင် သွားကာ အင်တာနက်လိုင်းပင့်ကြရပါသည်။

img_0.7121878895594644

https://t.me/ysymovieschannel/2106

သည်​နေရာတွင် ကျမက အင်တာနက်လိုင်းကို ပင့်သည်ဟု သုံးချင်ပါသည်။ အဘယ်​ကြောင့်ဆို​သော် နတ်ပင့်သလို ပင့်ခဲ့ရ၍ ဖြစ်သည်။ လိုင်းမိ​သော​နေရာတွင် အင်တာနက်လိုင်းကို ဖမ်းမိပြီးပါက လိုင်းမပိတ်ဘဲ ​နေအိမ်အထိ ပင့်လာရပါသည်။ ထို​နောက် ညအိပ်လျှင်ပင် လိုင်းကိုဖွင့်ထားရသည်။ ထိုသို့ တစ်ခါ သွားပင့်လျှင် တစ်ရက် သုံးရပါသည်။ ၂၄နာရီ ​ကျော်ပါက သူ့အလိုလို ပြုတ်ကျသွား​လေသည်။ ​တောင်တက်သည့် အ​ကြောင်း ပြန်ဆက်ပါမည်။ ကျမက ​တောင်​ခြေရှိ ဆိုင်​လေးတစ်ဆိုင်တွင် ဆိုင်ကယ်အပ်၍ ​တောင်​ပေါ်သို့ ​ခြေလျှင် တက်ပါသည်။ ​တောင်​ပေါ်မှ လိုင်းမိရာ​တောထဲသို့ ​​ကျောက်​ဆောင်များကို ဖြတ်၍ သွားရပါသည်။ ဖိနပ်ကိုလည်း ကင်းဘတ်ဖိနပ်စီးကာ တကယ့်​တောင်တက်သမားတစ်ဦးအသွင်ဖမ်းထားပါသည်။ ကျမတွင် ​တောင်တက်ချင်သည့် စိတ်ကလည်း လွန်ခဲ့​သော ရက်ပိုင်းက ​ပေါ်​ပေါက်လာခဲ့ရာ ယခု​တော့ အ​တော်ပင်ဖြစ်သွားသည်။ ​တောင်တက်ချင်သည့် အ​ကြောင်းက​တော့ 127 Hours ဇာတ်ကားကြည့်ထား၍ ဖြစ်ပါသည်။

img_0.18615722589555003

ထို ဇာတ်လမ်းမှာ ထူးခြားသည်​တော့ မဟုတ်။ သို့​သော် အင်မတန်ကြည့်ရှုသင့်​သော ဇာတ်ကားဖြစ်ပါသည်။ ဇာတ်လမ်း​လေးက ရိုးရှင်းပါသည်။ မိမိဘယ်သွားသည်ကို ​ပြော​လေ့မရှိ​သော လူငယ်​လေးတစ်​ယောက် ​တောင်တက်ရင်း အက်​ကြောင်းတစ်ခုထဲပြုတ်ကျရာမှ သူအသက်ရှင်ရန် ကြိုးစားရပုံကို တင်ပြထားခြင်းဖြစ်သည်။ ထိုဇာတ်ကားတွင် ​ပေးချင်သည့် Messageက ဘယ်​လောက်ခက်ခဲပါ​စေ ဇွဲမ​လျော့ဖို့ ဥာဏ်ရှိသ​လောက် ကြိုးစားရုန်းကန်ဖို့ ဖြစ်သည်။ ကျမလည်း ​တောင်​ပေါ်သို့ ​ရောက်ရန် ​ခြေလှမ်းများစွာ လှမ်းခဲ့သည်။ ​​​​မောပန်းသည့် ဒဏ်ကို အဆုတ်က သိပ်ခံနိုင်ပုံမ​ပေါ်​သော်လည်း ​​ရောက်လိုသည့်​နေရာအထိ မ​လျော့ပဲတက်ခဲ့သည်။ အ​ပေါ်​ရောက်​တော့ ​တောင်​ပေါ်တွင် တိုက်ခတ်သည့် ​လေ​ပြေ​အေးမှာ မိုးရနံ့ကို ရှူရှိုက်မိသည်။ အ​မော​ပြေခြင်းနှင့်အတူ ဒုက္ခ​တွေလည်း ခဏ ​မေ့ထားနိုင်ခဲ့သည်။ ထို​နောက် လိုင်းပင့်ကာ ​တောင်​​​ပေါ်မှ ဖြည်းဖြည်းပြန်ဆင်းလာခဲ့ပါသည်။



0
0
0.000
17 comments
avatar

လိုင်းလည်း သုံးရ ကျန်းမာရေး အတွက်လည်းကောင်း
!LUV

0
0
0.000
avatar

ဟုတ်ပရှင် 😍

0
0
0.000
avatar

မအလကြောင့် အင်တာနက်လည်း နတ်ထဲ အပါအဝင်ဖြစ်သဟေ့။
!LOL

0
0
0.000
avatar

အဲ့လိုပါဆို ဘ​ထွေး​ရေ
!LOLZ

0
0
0.000
avatar

Good Activity 👍
!LOL

0
0
0.000
avatar

Thanks
!PGM

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT tokens to @golden.future

remaining commands 0

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-2.5 BUDS-0.01 MOTA-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

စိတ်မကောင်းလိုက်တာ။အင်တာနက်သုံးရဖို့ နေ့တိုင်း ပင်ပန်းခံနေရတယ်။

!PIZZA
!LUV

0
0
0.000
avatar

ဟုတ်ပ ညီမ​ရေ ဒါ​ကြောင့် ဂိမ်း​တွေ​တောင် သိပ်မကစားနိုင်​တော့ဘူး
!LOLZ

0
0
0.000
avatar

တစ်လတစ်ခါလောက်တော့ ဓာတ်တော်ချိုင့် ရေတံခွန်ကို ဆင်းဖြစ်တယ်။ တောလမ်းခရီးကသွားတယ်။ လူတွေဆိုတာကလည်း
ခက်ခဲကြမ်းတမ်းမှုတွေကြုံမှ ပိုပြီးသန်မာကြတာကလား....

0
0
0.000
avatar

ဓါတ်​တော်ချိုင့်သွားတာ အဆင်းက ​ခြေတုန်တယ် အတက်က​တော်​သေးတယ်

0
0
0.000