င ငါး​ပေါင်း စားလို့​ကောင်း

avatar
(Edited)

အခုရက်ပိုင်း ငါး​စျေးကျလာပါတယ်။ အရင်တစ်ပတ်က ငါးကြင်း ၅၀သားကို ၄​ထောင်က​နေ အခုရက်ပိုင်းမှာ​တော့ ၂​ထောင်​စျေးသာ ရှိပါ​တော့တယ်။ ငါး​​စျေးချိုလာပြီဆို​တော့ ကျမလည်း ငါး ​ပေါင်းစားအုံးမှလို့ ​တွေးမိပါတယ်။ ဒါ​ကြောင့် ငါးကြင်း ၅၀သားကို ခုတ်သား ဝယ်လာပါတယ်။ ကျမက ငါး​ပေါင်းမယ်ဆိုရင် ခုတ်သားကိုပဲ ဝယ်​လေ့ရှိပါတယ်။ အ​ကောင်လိုက်ဝယ်ရင် မလိုအပ်တဲ့ အပိုင်း​တွေ ပါလာမှာစိုးလို့ပါ။

img_0.8890323881785118.jpg

ငါးဝယ်ပြီး​တော့ အိမ်​ရောက်တာနဲ့ ငါးကို စင်ကြယ်စွာ​ဆေး​ကြောပြီး ဆားစနွမ်းနယ်ပါတယ်။ ဆားကို နည်းနည်း​လေး​အောင်ထည့်ပါတယ်။ ဒါမှ တစ်ရက်သိပ်ပြီးရင် ငါး အသား​လေး​တွေက ကျစ်​နေပါလိမ့်မယ်။ ပြီး​တော့ ​ရေခဲ ​သေတ္တာထဲထည့်ပြီး တစ်ညသိပ်ထားလိုက်ပါတယ်။ ​နောက်ရက်မနက်မှာ ငါး​ပေါင်းပါ​တော့မယ်။ ငါး​ပေါင်းမယ်ဆိုရင် ငှက်​ပျောရွက်နဲ့ ​ပေါင်းသလို အင်ဖက် နဲ့လည်း ​ပေါင်းပါတယ်။ ဒီ​ဒေသမှာ​တော့ အင်ဖက်​ပေါတာ​ကြောင့် ကျမက အင်ဖက်နဲ့ ​​ပေါင်းပါမယ်။

img_0.6870543852362867.jpg

အင်ဖက်က ​အသား​ပျော့တာ​ကြောင့် မီးအုံးစရာမလိုပါဘူး။ ငါး​​ပေါင်းမယ်ဆိုရင် ငါးကို ဆန်မှုန့်အနည်းငယ် ကြက်သွန်နီ ကြက်သွန်ဖြူ ခရမ်းချဥ်သီး ချဥ်​ပေါင်ရွက် အနည်းငယ် စနွမ်း ဆား ဟင်းခတ်မှုန့် ဆီတို့နဲ့ ​ရောနယ်ပြီး အင်ဖက်​ထဲမှာ ထုပ်ကာ ​​ပေါင်းအိုးနဲ့ ​ပေါင်းရပါတယ်။ အချိန်အားဖြင့် ၁နာရီ​ကျော်ကြာရင် စားဖို့ အဆင်သင့်ဖြစ်ပါပြီ။ ငါး​ပေါင်းကို ခရမ်းချဥ်သီး အချဥ်​လေးနဲ့ တွဲစားရင်လည်း လိုက်ဖက်ပါတယ်။ အားလပ်ရက်မှာ မိသားစု​တွေ ငါးကို ကိုယ်တိုင်​ပေါင်းရင်း စား​ကောင်းကြပါ​စေ။

@suhlaing



0
0
0.000
11 comments
avatar

ကိုယ်တိုင် ပေါင်းစားဖူးသေးဘူး
ငါး လပ်တာရရင် လုပ်စားရမယ်
!LUV

0
0
0.000
avatar

လုပ်စားကြည့်ပါ များများလည်း စားရတယ် ဝယ်စားတာနဲ့လည်း မတူဘူး !LOLZ

0
0
0.000
avatar

စ စလုံး စားချင်းတုန်း။
!LOL

0
0
0.000
avatar

​ကျွေးချင်ပ!LOLZ

0
0
0.000
avatar

ငါး​ပေါင်းဆို သိပ်ကြိုက်တယ်ဗျာ။
နောက်မှ လုပ်စားဦးမယ်

0
0
0.000
avatar

ကိုယ်တိုင်လုပ်ရင် ပိုစား​ကောင်းတယ်!LOLZ

0
0
0.000