မိုးသည်းည ပြဇာတ် (၃)
သူသည် သစ်သားတံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးက ယိုင်နဲ့စွာပွင့်သွားသည်။ အတော်ပင် ဟောင်းနွမ်းနေပုံရပြီ။ အောက်ခြေသစ်ချောင်းများက ကျိုးပဲ့နေပေပြီ။ သူက ခြံဝင်းထဲသို့ အလွယ်တကူပင် ဝင်လိုက်သည်။ ခြံထဲရောက်သည်နှင့် လူ အရိပ်အခြေကို အကဲခတ်လိုက်သည်။ ထို့နောက် အိမ်မဲမဲလေးရှိရာသို့ တလှမ်းချင်းတိုးကပ်သွားသည်။ အိမ်နားရောက်သည်နှင့် နံရံကို နားကပ်ကာ အထဲမှ အသံများကို နားစွန့် လိုက်သည်။ အိမ်ထဲတွင် လျှပ်စစ်မီးရောင်မတွေ့ရသလို လူသံလည်း မကြားရပေ။ သစ်သားကြားသို့ ဖြာထွက်လာသည့် အလင်းရောင်ဝါကျင့်ကျင့်ကိုတော့ မြင်ရသည်။ ထို့နောက်သူသည် ခါးကြားထဲမှ ဓါးကို အသာအယာစမ်းကာ အသင့်ပြင်ထားလိုက်သည်။ ထို့နောက် တံခါးဘက်သို့ လျှောက်လာကာ တံခါးကို ခပ်ပြင်းပြင်း ခေါက်လိုက်လေသည်။
" ဒေါက် ဒေါက် ဒေါက်"
"ဒေါက် ဒေါက် ဒေါက်"
" ဒေါက် ဒေါက် ဒေါက်"
အဆက်မပျက်ခေါက်နေသည့်တိုင် တံခါးက ပွင့်မလာပေ။ ထို့ကြောင့်သူသည် တံခါးကို တွန်းဖွင့်လိုက်လေသည်။ အိမ်၏ ဧည့်ခန်းဟု ဆိုရမည့် အခန်းတွင် မီးလင်းဖို တစ်ခုကို တွေ့လိုက်ရသည်။ ထို မီးလင်းဖိုဘေးတွင် အသက် ၇၀ကျော် ၈၀ခန့်ရှိမည့် အဘွားအို တစ်ဦးက ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေလေသည်။ သူဝင်လာသည်ကို မကြားမမြင်သကဲ့သို့ မီးဖိုမှ မီးတောက်များကိုသာ မျက်လုံးသေးသေးလေးဖြင့် ရီဝေဝေ စိုက်ကြည့်နေလေသည်။ သူသည် အိမ် အခြေအနေကို အကဲခတ်လိုက်သည်။ အဘွားအိုမှ လွဲ၍ အခြားလူ ရှိပုံမရပေ။ သူက အဘွားအိုကို ဦးညွှတ်လိုက်ရင်း
" အဘွား ခင်ဗျာ ကျွန်တော်က ခရီးသွားတစ်ယောက်ပါ။ ညနက်နေပြီမို့ အဘွားအိမ်မှာ ဒီည တည်းခိုပါရစေ"
အဘွားအိုသည် သူ ပြောသည်ကို ကြားဟန်မပြု ကြည့်လည်းမကြည့်ဘဲ နေမြဲအတိုင်းသာ ထိုင်နေလေသည်။ ထို့ကြောင့် သူက အသံကို ထပ်မြှင့်ကာ ဒုတိယအကြိမ် ထပ်ပြောလိုက်လေသည်။
" အဘွား ခင်ဗျား ကျွန်တော့ကို ဒီည အဘွားအိမ်မှာ တည်းခွင့်ပြုပါ"
သည် တစ်ကြိမ်တွင်လည်း အဘွားအိုထံမှ တုံ့ပြန်မှုက မလာ။ သူသည် ဘာမှ ထပ်မပြောတော့ပဲ အချမ်းပြေစေရန် မီးဖိုနားသို့ တိူးကပ်ကာ ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်လေသည်။
ဆက်ရန်*****
@johndieo you !PIMP, the HiQ Smart Bot has recognized your request and will start the trail now. !PIZZA
Delegate HP to @hiq.hive, BEE to @hiq.bee,
PHOTO to @hiq.photo, FUN to @hiq.fun,
ONEUP to @hiq.oneup or PIMP to @hiq.pimp
to support the HiQ Smart Bot and its trails,
and grab "massive" rewards!
If you have at least 10 HIQS staked
and your daily limit is not exceeded,
then juicy votes will follow!
Check out HiQ - The Hivestyle Magazine,
fomo into HiQs - The Support Token
& vote our fucking Witness!
This is a
semiautomatically created manual curation. !LOLCurrently this sexy Smart Bot is in the testing phase though.
For further questions, feel free to contact @hiq.redaktion via comment or Discord.
!hiqvote !MEME !LUV !LOL !PIZZA !PGM !ALIVE
@johndieo, sorry! You need more $ALIVE to use this command.
The minimum requirement is 1000.0 ALIVE staked.
More $ALIVE is available from Hive-Engine or Tribaldex
Credit: cmmemes
Earn Crypto for your Memes @ hiveme.me!
PIZZA Holders sent $PIZZA tips in this post's comments:
@johndieo(2/5) tipped @suhlaing (x1)
Learn more at https://hive.pizza.