ရွှေဆည်းလည်းသံ တညံညံ

avatar
(Edited)

bagan_map_with_temples.png

မြန်မာရာဇဝင် မှတ်တမ်းများ၌ ဘုရင်မင်းမြတ်တို့၏ ဘုန်းသမ္ဘာဂုဏ်ရှိန် မြှင့်တင်လိုမှု နှင့် ခေတ်ပြိုင် ပဒေသရာဇ်နိုင်ငံတို့၏ လေးစားသမှုအတွက် အလွန်အကျူး ဖွဲ့ဆိုရေးသားခြင်းကို မကြာခဏ တွေ့ရှိရပါသည်။

“လှည်းဝင်ရိုးသံတညံညံ” ၏ နောက်ဆက်တွဲ သမိုင်းမှတ်တမ်းမှာ စိတ်ဝင်စားဖွယ်ရာဆိုခြင်းထက် တွေးတောဆင်ခြင်စရာဘက်ကိုသာ ပို၍ တိမ်းညွှတ်ကြောင်း ပြောလိုပါသည်။

လှည်းဝင်ရိုးသံတညံညံ (၄၄၄၆၇၃၃) အလိုအရ ရှေးခေတ် ပုဂံပြည်တွင် စေတီပုထိုးပေါင်း ၄ သန်း ၄ သိန်းကျော်ရှိသည်ဆိုသော မှတ်တမ်းအကြောင်းကို ဆက်လက်ဆွေးနွေးပါဦးမည်။

ပုဂံပြည်သည် ၁၀၄၄ ခုနှစ် အနော်ရထာမင်း လက်ထက်မှစ၍ ဗုဒ္ဓသာသနာ စတင်ထွန်းကားခဲ့သည်။ ထို့နောက် ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း၊ နရပတိစည်သူမင်း ဆက်လက်စိုးစံသည်။ ၁၂၈၇ ခုနှစ် ပုဂံ၏ နောက်ဆုံးမင်းဆက် နရသီဟပတေ့ ခေါ် တရုတ်ပြေးမင်း လက်ထက်တွင် မွန်ဂိုတို့၏ စစ်ရန်ကြောင့် ပုဂံပြည် ပျက်စီးခဲ့ရသည်။

ပုဂံခေတ် ဗုဒ္ဓသာသနာမှာ အနော်ရထာမင်းအစ နရသီဟပတေ့မင်းအဆုံး နှစ်ပေါင်း ၂၀၀ ကျော်သာ ရှိမည်။ အနော်ရထာမင်း နန်းတက်သောအခါ ပုဂံပြည် ဩဇာပြန့်နှံ့ရာအရပ်မှာ ယခု မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ဆည်၊ ရမည်းသင်း၊ မကွေး၊ စစ်ကိုင်း၊ ကသာ၊ ပခုက္ကူ၊ မင်းဘူးတဝိုက်မျှသာ ကျယ်ဝန်းကြောင်း သမိုင်းဆရာများက သုံးသပ်သည်။

“လှည်းဝင်ရိုးသံတညံညံ” ၏ နောက်ဆက်တွဲ သမိုင်းမှတ်တမ်းမှာ “ရွှေဆည်းလည်းသံတညံညံ ပုဂံအိမ်ခြေပေါင်း” (၄၃၄၆၇၃၃ ) ဖြစ်ပါသည်။ ပုဂံပြည်၏ အိမ်ခြေပေါင်း ၄ သန်းကျော်ရှိသည်ဟု ဆိုလိုပါသည်။ အကယ်၍ အိမ်ခြေပေါင်း ၄ သန်းကျော်ရှိမည်ဆိုလျှင် လူဦးရေအားဖြင့် ၁၀ သန်းအထက်တွင် ရှိနေပေလိမ့်မည်။

သို့သော် “ရွှေဆည်းလည်းသံတညံညံ ပုဂံအိမ်ခြေပေါင်း” မှာ ပုဂံပြည်ကိုသာ ဆိုလိုသလော၊ သို့မဟုတ် ပုဂံပြည်၏ အာဏာစက် ပျံ့နှံ့ရာ အထက်၌ ဖော်ပြထားသော မြို့များပါဝင်သည်ကို ဆိုလိုသလော ရှင်းရှင်းလင်းလင်း မသိရပါ။

၁၉၀၁ ခုနှစ် ကိုလိုနီခေတ် သန်းခေါင်စာရင်း စစ်တမ်းအရ မြန်မာတပြည်လုံး၏ လူဦးရေသည် ၁၀ သန်း ၅ သိန်းဟု မှတ်တမ်းတင်ထားပါသည်။ ဤစစ်တမ်း ကောက်ယူသောခုနှစ်သည် ပုဂံခေတ်ထက် နှစ်ပေါင်း ၈၀၀ ကျော် နောက်ကျနေပါသေးသည်။ သို့ဖြစ်၍ “ရွှေဆည်းလည်းသံတညံညံ ပုဂံအိမ်ခြေပေါင်း” ဆိုသည်ကို ယုံကြည်ရန် ခက်ခဲလှပါသည်။

ဤသန်းခေါင်စာရင်းအရ မြန်မာတပြည်လုံး လူဦးရေထက် ပိုမိုနည်းပါးသော ရှေးခေတ်ပုဂံပြည်၏ လူဦးရေသည် စေတီပုထိုးပေါင်း ၄ သန်း ၄ သိန်းကျော်ကို တည်ဆောက်နိုင်မည့် ကာယ၊ ဉာဏလုပ်အား အရင်းအမြစ် မရှိနိုင်ဟု ကောက်ချက်ချနိုင်ပါသည်။

နောက်မှတ်တမ်းတခုမှာ “ရွှေလသာဝါဝါဝင်း ဘုရားရေချိုးဆင်း” (၄၄၆၄၄၄) ဆိုသည်ကို တွေ့ရသည်။ ဤအဆိုအရ ရာသီဥတု နှင့် သဘာဝဘေးဒဏ်ကြောင့် ကာလကြာမြင့်သောအခါ ပုဂံပြည်အနီးရှိ ဧရာဝတီမြစ်အတွင်းသို့ စေတီပုထိုး အဆူပေါင်း ၄သိန်းကျော် နစ်မြှုပ်ပျက်စီးခဲ့ရသည်ဟု ဆိုလိုရင်း ဖြစ်သည်။

နောက်ထပ် တူညီနေသည့်မှတ်တမ်းမှာ “ရွှေလသာဝါဝါဝင်း ဖိုလ်ဝင်တောင်ဘုရားပေါင်း” ဟူ၍ ဖြစ်ပါသည်။ ဖိုလ်ဝင်တောင်တွင် ရုပ်ပွားတော်နှင့် စေတီပေါင်း (၄၄၆၄၄၄) ဆူ ရှိသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ထို့ကြောင့် “ရွှေလသာဝါဝါဝင်း” မှာ နှစ်ကာလရှည်ကြာ၍ မှတ်တမ်းလက်ဆင့်ကမ်းခြင်း၌ ဘုရားရေချိုးဆင်း နှင့် ဖိုလ်ဝင်တောင်ဘုရားပေါင်း မှားယွင်းရေးသားခဲ့လေသလား။ သို့မဟုတ် “လှည်းဝင်ရိုးသံတညံညံ” ဟု ပုဂံခေတ် ဗုဒ္ဓသာသနာ ထွန်းကားပုံကို ထပ်ဆင့် သက်သေထူသည့်သဘောဖြင့် “ရွှေလသာဝါဝါဝင်း” ကို ဉာဏ်ကွန့်၍ နှောင်းလူတို့အား ဂျင်းထည့်ခဲ့သည်လားတော့ မသိပါ။

“ရွှေလသာဝါဝါဝင်း ဖိုလ်ဝင်တောင်ဘုရားပေါင်း” နှင့် ပတ်သက်၍ ဆက်လက်လေ့လာပါဦးမည်။ မိမိသည် သာမန် စာဖတ်သူတဦးသာဖြစ်၍ ဤသို့ သမိုင်းဆိုင်ရာများကို ရေးသားရသည်မှာ လက်တွန့်လှပါသည်။ သို့သော် ဒွိဟဖြစ်စရာ သမိုင်းမှတ်တမ်းများကို ဖတ်ရှုရသောအခါ စိတ်ထဲတွင် လိပ်ခဲတည်းလည်း ဖြစ်လာ၍ မျှဝေရေးသားလိုက်ရပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
21.11.2021



0
0
0.000
7 comments
avatar

သမိုင်းတွေက လိုက်လေ ဝါးတားတားဖြစ်သွားလေများလား။ ဘာပဲဖြစ်ဖြစ် ဗဟုသုတအနေနဲ့ မှတ်သားထားပါမယ်ဗျ။

0
0
0.000
avatar

ရှေးမြန်မာတွေ ကာရံ နဘေ တွေ လွတ်သဘောကျနေမှာ။
!PIZZA
!LOLZ

0
0
0.000
avatar

A boy in school put his report card on the ceiling
He needed to get his grades up

@sayalu, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/6)

0
0
0.000
avatar

ဗဟုသုတရတယ်ဗျို့။ အမြဲတမ်း စောင့်ဖတ်ဖြစ်ပါတယ်။ ခုတလော Ecency က boost လုပ်တာ အဆင်မပြေဘူး။ ဒီတခေါက်တော့ အဆင်ပြေပါစေ။ !PIZZA. !LUV

0
0
0.000
avatar

သတိတရ ဖတ်ရှုပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ ကြိုးစားပါဦးမယ်။

0
0
0.000