Virgo (ကန်ရာသီဖွား) ပင်ကိုယ်စရိုက်သဘာဝ

avatar

astrology_signs.jpg

ဩဂုတ်လ(၂၃)ရက်မှ စက်တင်ဘာလ(၂၂)ရက်အတွင်း မွေးဖွားသူများသည် ကန်ရာသီဖွားများ ဖြစ်ကြသည်။ နက္ခတ်ရာသီ(၁၂)ပါးအနက် ဆဋ္ဌမမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် စပါးနှံနှင့်လေးမြှားအစုံကို ကိုင်ဆောင်ထားသော အပျိုစင်တစ်ဦးပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။ ဤရာသီခွင်ကို ဗုဒ္ဓဟူးဂြိုဟ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ ပထဝီဓါတ် (မြေဓါတ်) ကြီးစိုးသည်။

ကန်ရာသီဖွားများ၏ ပင်ကိုယ်စရိုက်သဘာဝများ

ကန်ရာသီဖွားများသည် ပင်ကိုယ်သဘာဝအားဖြင့် အတွေးအခေါ် ဉာဏ်ပညာထက်မြက်သော်လည်း စိတ်မငြိမ် စိတ်မြန်လွန်းတတ်၏။ ၎င်းအချက်ကို သတိပြုသင့်၏။ ကန်ရာသီဖွားများသည် အသိဉာဏ်ပညာထက်မြက်သူများ ဖြစ်ပေသည်။ စိတ်ခံစားချက် ပြင်းထန်သူများ ဖြစ်ပေသည်။ အစစအရာရာ စဉ်းစားပြီး ပြုမူ၊ နေထိုင်လုပ်ကိုင်တတ်ကြသည်။
ဘဝတွင်လူချစ်လူခင်များသည်။ စန်းပွင့်သည်။ ဘဝတွင်ရွှေမရှား ငွေမရှားနေရတတ်သည်။ အနုပညာဝါသနာကြီးသည်။ မိတ်ဆွေအပေါင်းအသင်းတို့ကို ခင်မင်တွယ်တာတတ်သည်။

လွတ်လပ်မှုကို အလွန်ကြိုက်သည်။ စည်းကမ်းဘောင်တွေကို အလွန်မုန်းသည်။ ဘယ်တော့မှ မလိမ်တတ်၊ မညာတတ်သူများဖြစ်သည်။ စိတ်ထိခိုက်လွယ်သည်။ တဇွတ်ထိုးလုပ်ချင်တတ်သည်။ ဘယ်အခက်အခဲကိုမှ နောက်မဆုတ်၊ နောက်မတွန့်တတ်။ မြင့်မြတ်သော နှလုံးသားပိုင်ရှင်များဖြစ်သည်။ သို့သော် နှလုံးသားခံစားချက်ကို ဦးစားပေးလွန်းသည်။ ငွေကြေးမှအစ အခွင့်အလမ်းကိုမကြည့် စိတ်ခံစားချက်ကိုသာ အဓိကထား၍ ဆုံးဖြတ်ဆောင်ရွက်တတ်သည်။ ကိုယ်ယုံကြည်ရာကို ရဲရဲဆုံဖြတ်လုပ်ကိုင်တတ်သည်။ သည်းခံနိုင်စွမ်းရှိသည်။ သို့သော် စိတ်ဆန္ဒစောသည်။ ကြာရှည်စောင့်ဆိုင်းလုပ်ကိုင်နေခြင်းမျိုးကို စိတ်မရှည်ကြသူများဖြစ်သည်။

ကန်ရာသီဖွားတို့သည် ဉာဏ်ပညာအမြင့်မားဆုံး၊ အထူးချွန်ဆုံးသူများဖြစ်သည်။ (၁၂)ရာသီဖွားတို့တွင် ကန်ရာသီဖွားများသည် ဉာဏ်ပညာတွင် ထိပ်ဆုံးကဖြစ်သည်။ ဖြတ်ထိုးဉာဏ်အလွန်ကောင်းသည်။ အပြင်ပန်း ဘာသိဘာသာနေတတ်ကြပြီး အလွန်အကွက်မြင်သည်။ ထိုးထွင်းဉာဏ်ကောင်းသည်။ ဘာသာစကားနှင့် စာပေအသိပညာတို့တွင် အတိတ်ဘဝ ပါရမီထူးသူများဖြစ်သည်။ ကန်ရာသီဖွားများသည် ထက်မြက်သော ဉာဏ်ပညာကို စနစ်တကျကြိုးစားအသုံးချသွားပါက ဘဝတွင်ထိပ်ဆုံးသို့ ရောက်နိုင်စွမ်းအောင် တော်ကြ၊ ထက်ကြသူများဖြစ်သည်။ ကိုယ့်အစွမ်းအစကိုသိဖို့၊ ကြိုးစားဖို့တော့လိုသည်။

ကန်ရာသီဖွားတို့သည် ရိုးရိုးနှင့်တည်တည်ကြည်ကြည်ပြောဆိုလုပ်ကိုင်တတ်ကြသည်။ ထိုအသွင်သဏ္ဍာန်ကပင် ထူးခြားနေတတ်သည်။ ကန်ရာသီဖွားတို့သည် ငွေရှာတတ်သည်၊ ငွေရှာကောင်းသည်။ ထို့အပြင် ငွေအသုံးအစွဲစည်းကမ်းကောင်းသည်။ လောင်းကစားကို ဝါသနာသိပ်မပါတတ်ကြပါ။ သို့သော်စွန့်စားဝံ့ စွန့်စားရဲတတ်ကြသည်။ ဆုံးဖြတ်ပြီးက ပုံအောပြီး လုပ်ဝံ့ကြသည်။ ငွေကိုအထူးချွေတာသုံးစွဲတတ်ကြသည်။ ထို့အတူ ကန်ရာသီဖွားတို့သည် အလုပ်တွင်လည်း စည်းစနစ်ကောင်းကြသည်။ သူတစ်ပါးစိတ်မဝင်စားသောအလုပ်တို့ကို စိတ်ဝင်စားတတ်ကြသည်။ ရိုးသားသူများကို ကူညီတတ်ကြသည်။ ရိုးသားသူများကို ကူညီတတ်ကြသည်။ သဒ္ဓါတရားကောင်းသည်။ စိတ်ဆိုးမိက ခွင့်မလွှတ်တတ်ကြ။ ဟန်ဆောင်ခြင်းကို အလွန်မုန်းသည်။

အထူးသဖြင့် ကန်ရာသီဖွားတို့သည် ဉာဏ်ပညာထက်မြက်ပြီး သိလွယ် တတ်လွယ်တတ်ကြသည်။ စာဖတ်၊ စာကျက်ရာတွင်မြန်သည်။ သဘောပေါက်လွယ်သည်။ မှတ်ဉာဏ်ကောင်းသည်။ စိတ်ဝင်စားရာကိုစွတ်လုပ်တတ်ကြသည်။ ဘဝတွင် စနစ်တကျ ကြိုးစားသွားက ထိပ်ဆုံးသို့ရောက်တတ်သည်။

ကန်ရာသီဖွားတို့သည် အချို့ကိစ္စများတွင် စိတ်ထက်၊ စိတ်ကြီးပြီး၊ မာနကြီးတတ်ကြသည်။ မဟုတ်မခံမာနဖြစ်သည်။ အပြောအဆိုချိုသာသည်။ ဘာမဆိုကိုယ်တိုင်လုပ်ရမှ ကျေနပ်ကြသည်။ အစွမ်းသတ္တိရှိသည်။ အသားအရေလှပသည်။ စိတ်ကြီးသဖြင့် ခက်ထန်သလိုထင်ရသည်။ စည်းစနစ်ကြီးသဖြင့် အပေါင်းရခက်သလိုဖြစ်တတ်သည်။ တပည့်ကောင်းမရတတ်။ ကိုယ်သင်ပြမြှင့်တင်ပေး၍ ထိပ်ရောက်သွားသူများရှိပြီး ကိုယ်ကိုပြန်မကြည့်တတ်ပါ။ စေတနာများများထားက စေတနာစော်ကားခံရတတ်သည်။ စိတ်ငြိမ်စွာထားပြီး ကြိုးစားကာ ကိုယ်တိုင်ထိပ်ဆုံးနေရာကို ရယူသင့်ပေသည်။

မှတ်ချက် - ရာသီခွင်၏ အဝင်ရက်၊ အထွက်ရက်တွင် မွေးဖွားသူများသည် ရာသီခွင်၏ အာနိသင် အပြည့်အဝ မရှိချေ။ ဆက်စပ်နေသော ရာသီခွင်ကိုပါ ပူးတွဲကြည့်သင့်သည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
15.02.2022



0
0
0.000
1 comments
avatar

ကန်ရာသီဖွား​တွေရဲ့ စရိုက်ကလည်း တမျိုးပါလား​နော်

0
0
0.000