Taurus ( ပြိဿရာသီဖွား) ပင်ကိုယ်စရိုက်သဘာဝ

avatar
(Edited)

astrology_signs.jpg

ဧပြီ (၂၀)ရက်မှ မေ (၂၀)ရက်အတွင်းမွေးဖွားသူများသည် ပြိဿရာသီဖွားများ ဖြစ်သည်။ နက္ခတ်ရာသီ(၁၂)ပါးအနက် ဒုတိယမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် နွားထီးရုပ်ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။ ဤရာသီခွင်ကို သောကြာဂြိုလ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ ပထဝီဓါတ်(မြေဓါတ်) ကြီးစိုးသည်။

ပြိဿရာသီဖွားများ၏ ပင်ကိုယ်စရိုက်သဘာဝများ

ပြိဿရာသီဖွားများသည် တည်ကြည်အေးဆေးသူများဖြစ်သည်။ ဖြောင့်မတ်၏။ အလွန်သစ္စာရှိ၏။ ထို့ပြင် အလွန်သံယောဇဉ်ကြီးမားတတ်ကြ၏။ အနုပညာပါရမီဓါတ်ခံကြီး၏။ အလွန် ညှို့ဓါတ်အားကောင်း၏။ တစ်ခုမဟုတ် တစ်ခုဖြင့် လူအများ၏ချစ်ခင်ကြည်ညိုခြင်းကိုခံရတတ်၏။ ဘေးလူတွေကချစ်ခင်၏။ စန်းပွင့်၏။ အလှအပ၊ အသန့်အပြန့်ကြိုက်၏။ စိတ်ကူးယဉ်တတ်၏။

အထူးသဖြင့် ပြိဿရာသီဖွားများသည် ဘဝတွင် ကြည်နူးလွမ်းဆွတ်ဖွယ်ရာ အနေအထားများကို များစွာကြုံခဲ့တတ်ကြပေ၏။ အလွမ်းဓါတ်ခံရှိ၏။ လူပေါင်းဆန့်၏။ အကောင်းကြိုက်၏။ ကောင်းပေ့ဆိုသည့် အသုံးအဆောင်များကိုသာသုံးချင်၏။ ငွေအသုံးကြမ်း၏။ဘယ်ကိစ္စမဆို ဆန်းစစ်လေ့လာကာ ဆုံးဖြတ်ချက် ခိုင်ခိုင်ချပြီးမှ စတင်လုပ်ကိုင်တတ်၏။ နူးညံ့သိမ်မွေ့သလောက် ဒေါသထွက်လာကာ ဘာမှ မမြင်တော့လောက် အောင် ကမူးရှူးထိုးလုပ်တတ်၏။ ရဲရင့်တည်ကြည်၍ ထက်မြက်၏။ နံနက်စော အရုဏ်ဦးအချိန်တွင် အသိဉာဏ်အထူးပွင့်တတ်၏။ ထိုအချိန်တွင် စိတ်ကူးကောင်းတွေ ပေါ်တတ်၏။

ပြိဿရာသီဖွားများသည် ခံစားချက်ပြင်းထန်၏။ ဘာမဆို အလေးအနက်ခံစားတတ်၏။ ကိစ္စတစ်ခုကို ဆုံးဖြတ်ပြီးက နောက်မတွန့်တမ်းလုပ်တတ်၏။စည်းကမ်းတကျ စနစ်တကျလုပ်တတ်၏။ အချိန်နာရီ၊ ကတိသစ္စာကို အလွန်တန်ဖိုးထား၏။ ဖြောင့်မတ်၏။ ကတိပျက်က စိတ်ဆိုးတတ်၏။ စိတ်ဆိုးခဲသလောက် စိတ်ဆိုးလာက အသားတွေ တဆတ်ဆတ်တုန်လာကာ မျက်ရည်ပင်ကျလာတတ်၏။ အထူးသဖြင့် မိမိအပေါ်လိမ်လည်လှည့်ဖျားလာက လုံးဝခွင့်မလွှတ်တတ်။ သစ္စာမဲ့ခြင်းကို အလွန်ရွံ့မုန်း၏။

စကားပြောဆိုရာတွင် အေးတိအေးစက်နှင့် ချက်ကျကျပြောဆိုတတ်၏။ စကားလုံးများဖြင့်နာကျင်ခံခက်ဖြစ်အောင် ပြောဆိုနိုင်စွမ်း၏။ တစ်ခါတစ်ရံ ပြောပေါက်ဆိုပေါက် ကတ်တိကတ်ဖဲ့နိုင်၏။ သို့သော် ပြိဿရာသီဖွားတို့သည် အပေါ်ယံအားဖြင့် မာကျောသယောင်ရှိသော်လည်း အတွင်းစိတ်နူးညံ့၏။ ကိုယ့်အပေါ် သိမ်သိမ်မွေ့မွေ့ဆက်ဆံလာက အရာရာကို ခွင့်လွှတ်နိုင်တတ်၏။

အများအတွက်အနစ်နာခံတတ်၏။ အများကောင်းကျိုး ဆောင်ရွက်လို၏။ လောဘမကြီးဘဲ လုပ်စရာတွေကို ဇွဲဖြင့် တွန်းတိုက်လုပ်တတ်၏။ အရာရာအပေါ် ရိုးရိုးရှင်းရှင်းနှင့်နေထိုင်လုပ်ကိုင်တတ်၏။ ရှုပ်ရှုပ်ယှက်ယှက်ဘာမှ မကြိုက်၊ သူတစ်ပါးကိစ္စ ဝင်မစွတ်ဖက်တတ်။ ထို့အတူ ကိုယ့်နေရာကို လာပတ်သက်ခြင်းမျိုးကိုလည်း မကြိုက်တတ်။ သို့သော် မိသားစု သံယောဇဉ်ကြီးမားကြ၏။ သွေးရင်းသားရင်း၊ မိတ်ဆွေရင်းတွေအတွက် အမြဲလိုလို ပေးဆပ်နေတတ်၏။ အနစ်နာခံနေတတ်၏။

သို့သော် ပြိဿရာသီဖွားများသည် တစ်ခါတစ်ရံ ဆင်ခြင်ဉာဏ်ကင်းစွာ မာန်မာနနှင့် ပြုမူမိတတ်၏။ ကိုယ့်ကိုယ်ကို အယုံလွန်ပြီး တဇွတ်ထိုးလုပ်မိတတ်၏။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မိုက်ရူးရဲလုပ်မိတတ်၏။ မည်သို့ပင်ဖြစ်စေ ပြိဿရာသီဖွားတို့သည် ဝီရိယကြီးခြင်း၊ တိုးတက်ကြီးပွားရန်အမြဲကြံစည်နေတတ်ခြင်း၊ လူချစ်လူခင်များခြင်း၊ ကိုယ့်ကိုယ်ကို ရိုသေစွာ သန့်သန့်ခန့်ခန့် နေတတ်ခြင်းတို့ကြောင့် အမည်ကျော်ကြား အောင်မြင်ချမ်းသာသူများ ဖြစ်တတ်ပေ၏။

မှတ်ချက်- ရာသီခွင်၏ အဝင်ရက်၊ အထွက်ရက်တွင် မွေးဖွားသူများသည် ရာသီခွင်၏ အာနိသင် အပြည့်အဝ မရှိချေ။ ဆက်စပ်နေသော ရာသီခွင်ကိုပါ ပူးတွဲကြည့်သင့်သည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
04.02.2022



0
0
0.000
5 comments
avatar

မိန်ရာသီဖွားလည်း တင်ပါအုံးရှင့်

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped sayalu (x1)
learningenglish tipped sayalu (x1)
@walarhein(5/5) tipped @sayalu (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

စိတ်ဝင်စားစရာ ကောင်းတယ်.. !PIZZA

0
0
0.000