Pythagoras numerology

avatar

pythagoras.png

ဂျီဩမေတြီပညာတွင် အမှတ် နှင့် မျဉ်းကြောင်းတို့ တွေ့ရှိပြီးနောက် တြိဂံသည် ပထမဦးဆုံး ပုံဖော်နိုင်သော ပုံသဏ္ဍာန် ဖြစ်သည်။ ထို့ကြောင့် မဟာဂန္ဓာရီပညာတွင် တြိဂံသည် အခြေခံအကျဆုံး၊ အရာအရောက်ဆုံး၊ အထိရောက်ဆုံး သင်္ကေတ ဖြစ်လာသည်။

အနောက်တိုင်း မဟာဂန္ဓာရီပညာ ဂိုဏ်းမှန်သမျှ၏ ဂိုဏ်းအမှတ်အသား တံဆိပ်များတွင် တြိဂံကို အမြဲအသုံးပြုကြသည်။ အီဂျစ်တွင် တြိဂံ ၄ ခု ဖြင့် တည်ဆောက်ထားသော ပိရမစ်၊ တရုပ်တွင် တြိဂံ ၈ ခု ပေါင်းစပ်ထားသော ပါတ်ကွ အဌဂံ၊ ဟိန္ဒူတွင် တြိဂံ ၂ ခု ပေါင်းစပ်ထားသော ဗိဿနိုး သင်္ကေတ ခြောက်ထောင့်ကြယ် စသဖြင့် တြိဂံသင်္ကေတကို အထွတ်အမြတ်ထား၍ အသုံးပြုကြသည်။

ထိုသို့ မဟာဂန္ဓာရီဂိုဏ်း အသီးသီးက အသုံးပြုကြသော မူလပထမတြိဂံသည် ပိုက်သာဂိုးရပ်စ်၏ တြိဂံသာ ဖြစ်သည်။ ပိုက်သာဂိုးရပ်စ်တြိဂံသည် မဟာဂန္ဓာရီပညာ၏ ပထမဆုံးသော အခြေခံပညာ ဖြစ်လာသည်။ ထို့အတူ ပိုက်သာဂိုးရပ်စ် သင်္ချာဗေဒသည် တြိဂံကို အခြေခံသည်။

သင်္ချာဗေဒအရ ကိန်းဂဏန်းများတွင် စကြာဝဠာ၏ စွမ်းအင်များ ရှိကြပါသည်။ သို့သော် ကိန်းဂဏန်းများမှာ အကောင်အထည်မရှိ၊ ဂဏန်းအားလုံးသည် သင်္ကေတသရုပ် (Symbols) များသာ ဖြစ်သည်။

ဂြိုဟ်များ၊ နက္ခတ်တာရာများ၏ စွမ်းအင်လှိုင်းများနှင့် ကိန်းဂဏန်းများမှာ ဆက်သွယ်ချက် ရှိနေသည်။ စွမ်းအင်လှိုင်းများ၏ စရိုက်လက္ခဏာ၊ အကျိုးသက်ရောက်မှုများသည် ကိန်းဂဏန်းများထဲသို့ စီးဝင်ကိန်းအောင်းနေသည်။

လူသားတို့သည် ကိန်းဂဏန်းတို့၏ လွှမ်းမိုးမှုအောက်တွင် မွေးဖွားလာရခြင်းနှင့် အသက်ရှင်နေထိုင်ရခြင်းကြောင့် ကိန်းဂဏန်းတို့၏ စွမ်းအင်အလိုက် ကိုယ်ရည်ကိုယ်သွေး ဖြစ်တည်မှုများကို ရရှိထားကြသည်။ ဂဏန်းအားလုံးတွင် အကောင်းသဘောတရားနှင့် အဆိုးသဘောတရား နှစ်မျိုးလုံး ရှိကြသည်။

ပိုက်သာဂိုးရပ်စ် သင်္ချာဗေဒအရ လူသားတဦး၏ မွေးနေ့ကို တြိဂံဖြင့် အောက်ပါအတိုင်း ပုံဖော်၍ တွက်ချက်ကြည့်နိုင်သည်။

19.png

ထို့ကြောင့် ၁၉.၀၆.၁၉၄၅ တွင် မွေးဖွားခဲ့သော လူတဦး၏ ဂဏန်းများအားလုံးကို တလုံးတည်းဖြစ်အောင် ပေါင်းရကိန်းသည် ၈ ဂဏန်း ဖြစ်လာသည်။ သင်္ချာဗေဒအရ ဤ ၈ ဂဏန်းကို ဘဝ၏ ကံကြမ္မာဂဏန်းဟု ခေါ်တွင်သည်။ သင်္ချာဗေဒအရ ၈ ဂဏန်းကို စနေဂြိုဟ် စိုးမိုးအုပ်ချုပ်သည်ဟု သတ်မှတ်ထားသည်။

ဤကမ္ဘာပေါ်ရှိ လူသားမှန်သမျှသည် ကိုယ်ပိုင်မွေးနေ့ ရှိစမြဲဖြစ်သည်။ မွေးနေ့၏ ကိန်းဂဏန်းများသည် ဘဝတလျှောက်လုံး ဩဇာသက်ရောက်နေမည်သာ ဖြစ်သည်ဟု ပိုက်သာဂိုးရပ်စ်၏ သင်္ချာဗေဒက ဖော်ညွှန်းသည်။

လူမျိုးတိုင်းတွင် ကိန်းဂဏန်းများ၏ စွမ်းအင်သတ္တိအပေါ် ယုံကြည်လက်ခံမှု ရှိနေကြသည်သာဖြစ်သည်။ မြန်မာတို့၏ ရိုးရာဓလေ့ ယုံကြည်မှုအရဆိုလျှင် သောကြာသားလေး၊ စနေသမီးလေးဟု ယုံကြည်မှုမျိုးနှင့် သဘောတရားခြင်း တူညီလှသည်။

သင်္ချာဗေဒ နှင့် ပိုက်သာဂိုးရပ်စ်တြိဂံ ဆက်သွယ်မှုပုံစံကို အကြမ်းဖျဉ်းအားဖြင့် ချည်းကပ်တင်ပြခြင်းသာ ဖြစ်ပါသည်။ လူသားတဦး၏ ဘဝနေထိုင်မှု၌ သင်္ချာဗေဒကို အသုံးချခြင်းသည် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာဟုလည်း ဆိုနိုင်သည်။ သင်္ချာဗေဒ သို့မဟုတ် ဂဏန်းဗေဒင်သည် ပိုက်သာဂိုးရပ်စ် နည်းစနစ်အပြင် အခြားသော နည်းစနစ်များလည်း ရှိနေကြောင်းကို ဆက်လက် ရေးသားပေးပါဦးမည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
20.12.2021



0
0
0.000
6 comments
avatar

ဗဟုသုတရပါပေတယ်။ သိရလို့ကျေးဇူးပါ။

0
0
0.000
avatar

ဒီလိုပညာရပ်တွေကိုဝေမျှပေးနိုင်တာ ဗဟုသုတစုံပါတယ်ဗျာ ။!PIZZA

0
0
0.000
avatar

စိတ်ဝင်စားလို့ ၈ ဂဏန်းတခုတည်း မဟုတ်ပဲ သုံည ၁ ကနေ ၉ တို့ရဲ့ ဩဇာသက်ရောက် တဲ့ အကြောင်းလေးဖေါ်ပြပေးစေချင်ပါတယ်။ !PIZZA !LUV

0
0
0.000
avatar

ဆက်ရေးပေးပါမယ်ဗျာ၊ ကျေးဇူးပါ။

0
0
0.000
avatar

ဗဟုသုတ ရလိုက်တယ်ဗျို့ ။ အားပေးတယ်။

0
0
0.000