Practicality , Emotions , Intellect

avatar

147.png

လူတဦး၏ မွေးနေ့အရ ဇာတာငယ် (Birthchart) တွင် ဂဏန်းသုံးလုံးတွဲများကို လေ့လာဆန်းစစ်၍ အဓိပ္ပါယ် ဖော်ထုတ်နိုင်ပါသည်။ ဂဏန်းသုံးလုံးတွဲရလျှင် မြားတစင်းရသည်ဟု တင်စားလိုပါသည်။

ယခင်ပို့စ် Planning , Willpower , Activity ဟုခေါ်သော မြားသုံးစင်းအကြောင်းကို မိမိဘလော့ပေါ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

မြားအပြည့်အစုံ (ဂဏန်းသုံးလုံးတွဲ ရရှိခြင်း) သည် သင်၏ အပြုသဘောဆောင်သော စရိုက်လက္ခဏာများနှင့် အားသာချက်များကို ကိုယ်စားပြုသည်။ ၎င်းတို့ကို သင့်ဘဝ တိုးတက်စေရန်အတွက် အသုံးချနိုင်သော ပင်ကိုယ် စွမ်းရည်များအဖြစ် တွေးကြည့်ပါ။

မြားအလွတ်တခု (ဂဏန်းသုံးလုံးတွဲ မရရှိခြင်း) သည် သင့်အား မည်သည့်နေရာတွင် ချို့တဲ့နေသနည်း။ သင့်ကိုယ်သင် ပြုပြင်ရန် လိုအပ်သည့် သဘောထားကို ပြသနေသည်။ ၎င်းသည် သင်၏ အဆိုးမြင်ပုံစံများနှင့် သဘောထားများကို ဖော်ထုတ်ရန် ကူညီပေးပါသည်။

သင်သည် မြားတခုမှ မရရှိပါက၊ ၎င်းသည် ဆိုးရွားသည့် အခြေအနေမဟုတ်ပါ။ သင်သည် လိုက်လျောညီထွေရှိသော ကိုယ်ရည်ကိုယ်သွေးကို ပြသသည်။ မတူညီသော အခြေအနေများနှင့် သင့်ကိုယ်သင် ပြုပြင်ပြောင်းလဲ၍ အခက်အခဲနှင့် ပြဿနာကို ကျော်လွှားနိုင်ပါသည်။

ဤပို့စ်တွင် နောက်ထပ် မြားသုံးစင်းအကြောင်း မိတ်ဆက်ပေးလိုပါသည်။ သင်၏ မွေးရက်၊ မွေးလ၊ မွေးနှစ်တွင် (1+4+7) သို့မဟုတ် (2+5+8) သို့မဟုတ် (3+6+9) ပါဝင်ခြင်းကို ဆိုလိုပါသည်။ လူတချို့တွင် မြားတစင်းထက်ပို၍ ပါဝင်နိုင်သလို လူတချို့တွင် လုံးဝ မပါဝင်တာမျိုးလည်း ရှိနိုင်ပါသည်။

Practicality (1+4+7)

သူတို့သည် လက်တွေ့ကျကျ ဖြေရှင်းရန် ကမ္ဘာမြေကြီးပေါ်သို့ ရောက်လာသူများ ဖြစ်သည်။ မည်သည့်အခြေအနေ သို့မဟုတ် မည်သည့်ပြဿနာကိုမဆို တွေးတောကြံဆနိုင်ကြသည်။ သူတို့သည် ၎င်းတို့ယုံကြည်သည့်အရာအတွက် ကြာရှည်စွာ ကြိုးစားလုပ်ဆောင်လေ့ရှိကြသည်။ သူတို့သည် အများအားဖြင့် ရုပ်ဝါဒဆန်သူများ၊ ရုပ်ဝတ္ထုပစ္စည်းပိုင်းဆိုင်ရာ ကျွမ်းကျင်သောသူများ ဖြစ်နေတတ်သည်။ ဤလူများသည် ဘဝတွင် လက်တွေ့ကျကျ ဖြေရှင်းတတ်သည့် အခြေခံသဘောရှိသောကြောင့် သူတို့အတွက် အသုံးမဝင်သော သို့မဟုတ် အရေးမကြီးသော အသေးစိတ် အချက်အလက်များကို မေ့လျော့ထားတတ်ကြသည်။ သူတို့သည် ရုပ်ဝါဒီဆန်သောကြောင့် ပေါင်းရသင်းရ ခက်ခဲတတ်သည်။

Emotions (2+5+8)

သူတို့သည် ကောင်းမွန်သော စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးရှိသူများ ဖြစ်ကြသည်။ သူတို့၏ လှိုက်လှဲပြူငှာမှုနှင့် နွေးထွေးသောဆက်ဆံရေးကြောင့် လူများစွာကို စည်းရုံးချိတ်ဆက်ရန် ၎င်းတို့အတွက် အလွန်လွယ်ကူသည်။ ဤလူများသည် များသောအားဖြင့် လူများစွာကို ဆွဲဆောင်နိုင်သည့် ပါဖောင်းမန့်ကောင်ကောင်း ပြုလုပ်နိုင်သူများ ဖြစ်သည်။ အချို့က စိတ်ခံစားမှုဆိုင်ရာ ဒရာမာချိုးရာတွင် စံတင်လောက်သူများ ဖြစ်နေတတ်သည်။ သူတို့၏ စိတ်ခံစားချက်ဆိုင်ရာက လူမသိ သူမသိ မွန်းကြပ်နေသည့်တိုင် တခြားသူမျာအားအကြံဉာဏ်ပေးရခြင်းကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် သူတို့သည် သူတို့၏ အသိဉာဏ် ပညာ ဗဟုသုတများကို မျှဝေခြင်းနှင့် တခြားသူများကို ကူညီရန် အာရုံစိုက်သင့်သည်။

Intellect (3+6+9)

သူတို့သည် မှတ်ဉာဏ်ကောင်းသူ၊ ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးနှင့် ခေတ်မှီသောသူများ ဖြစ်ကြသည်။ ရံဖန်ရံခါတွင် ပျင်းရိခြင်း သို့မဟုတ် စိတ်ပါဝင်စားမှုမရှိခြင်းကြောင့် ၎င်းတို့၏စွမ်းရည်ကို အပြည့်အဝ အသုံးမပြုနိုင်ပါ။ ၎င်းတို့သည် စိတ်ခံစားမှု သို့မဟုတ် လက်တွေ့ထက် ဉာဏ်ရည်ဉာဏ်သွေးကို ပို၍ အသုံးချတတ်သည်။ ၎င်းတို့၏ ဦးနှောက်များသည် လျင်မြန်သော ခွဲခြမ်းစိတ်ဖြာမှု နှင့် ဆင်ခြင်တွေးခေါ်နိုင်စွမ်းရှိသောကြောင့် ပြဿနာများကို လွယ်ကူလျှင်မြန်စွာ ဖြေရှင်းနိုင်ကြသည်။ သို့သော် သူတို့သည် သူတို့ကိုယ်တိုင်ရော တခြားသူများ၏ စိတ်ခံစားချက်များကိုပါ မကြာခဏ လျစ်လျူရှုထားတတ်ကြသည်။ သူတို့လောက် ဉာဏ်ရည်ဉာဏ်သွေး မကောင်းသော တခြားသူတွေများအပေါ် စိတ်မရှည်တတ်ကြပါ။ ထို့ကြောင့် သူတို့သည် ဉာဏ်ရည်ဖွံ့ဖြိုးမှုအပြင် စာနာမှု၊ လူမှုဆက်သွယ်မှုနှင့် လူမှုရင်းနှီးမှုတို့လည်း လုပ်ဆောင်သင့်သည်။

ဥပမာ - လူတဦး သည် (25.04.1987) နေ့တွင် မွေးဖွားသည် ဆိုပါစို့။ ထိုသူသည် (1+4+7) ၊ (2+5+8) နှင့် (1+5+9) မြား ၃ စင်း ရရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် သူသည် Practicality၊ Emotions သဘောသဘာဝရှိသူ ဖြစ်သည်။ (1+5+9) မြားအကြောင်းကို နောင်လာမည့်ပို့စ်တွင် ရေးသားပေးပါမည်။

ဤပို့စ်ကို ဖတ်ရှုရာတွင် ရှင်းလင်းစွာ နားလည်နိုင်ရန်အတွက် ယခင်ပို့စ်ဖြစ်သော Birthchart ကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။

မော်ဒန်သင်္ချာဗေဒ၏ လေ့လာရန် လွယ်ကူသော ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။ မော်ဒန်သင်္ချာဗေဒအကြောင်း ပြီးစီးပါက - ဆရာကြီး ကိုင်ရို အသုံးပြုခဲ့သောစနစ်ကို ဆက်လက်ရေးသားပါဦးမည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
03.01.2022



0
0
0.000
7 comments
avatar

Congratulations @sayalu! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Happy New Year - Feedback from the first Hive Power Up Day of 2022
PUD - PUH - PUM - It's all about to Power Up!
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

1-5-9
လေးစောင့်ဖတ်ရပါဦးမယ်။
!LUV

0
0
0.000
avatar

လိုက်ဖတ်ရင်း လိုက်မမီတော်ဘူး :D

0
0
0.000
avatar

ဒီတလော အကြောင်းအရာ ၃ ခု - နှစ်သစ် ၂၀၂၂ ပို့စ်၊ ဂဏန်းတလုံးချင်းစီပို့စ်၊ အခု birthchart ပို့စ် အဲလို ဖြစ်နေလို့ပါ။ birthchart နဲ့ဆိုင်တဲ့ အရင်ပို့စ် ၂ ခုကို ပြန်ဖတ်ရင် မရှုတ်တော့ဘူး ထင်ပါတယ်။

0
0
0.000
avatar

အစကတည်းက လိုက်ဖတ်လာသော်လည်း အခုထိ သေချာနားမလည်သေးဘူးဗျာ။

0
0
0.000
avatar

ဟုတ်၊ အဲလိုပြောတာ ကျေးဇူးတင်ပါတယ်ဗျာ။ စာဖတ်သူတွေ ရှင်းအောင် မနက်ဖန် ကြိုးစားရေးပေးပါမယ်။ ဒီတလော ရေးတာ အကြောင်းအရာ ၃ ခု ထပ်နေလို့ ဖြစ်ပါလိမ့်မယ်။

0
0
0.000
avatar

အခုလို ဖေါ်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ !PIZZA

0
0
0.000