Post တင်၍ မရခြင်း

avatar
(Edited)

error.jpg

ecency ကနေ post တင်လို့ မရတာ သုံးလေးရက် ရှိပါပြီ။ RC မရှိလို့ မဟုတ်ပါဘူး။ Publish ကိုနှိပ်လိုက်ရင် လင်းလိုက်မှိန်လိုက်နဲ့ အလုပ်လုပ်နေပုံပြပြီး ပို့စ်ကတော့ မတက်ပါဘူး။

ကွန်ပြူတာကနေ ဘရောက်ဇာအမျိုးမျိုးနဲ့ ပြောင်းတင်ကြည့်တော့လည်း မရပါဘူး။ ဒါနဲ့ ဖုန်းထဲကို ecency app ဆွဲချပြီး ဖုန်းကနေ တင်လည်းမရဘူး။

Hive.blog ကနေဝင်ပြီး တင်ကြည့်လည်းမရပါဘူး။ ဒါပေမယ့် အဲဒီကတင်တော့ TypeError: Cannot read properties of undefined (reading 'replace') ဆိုတဲ့ မက်ဆေ့ချ်ပေးပါတယ်။ ဘယ်လိုလုပ်ရမယ်တော့ မသိပါဘူး။

ဒီလိုတော့ မဖြစ်ချေဘူး၊ မေးကြည့်မှ ဖြစ်တော့မယ်ဆိုပြီး Facebook မှာ ဖွင့်ထားတဲ့ I love Hive ကနေ ပို့စ်တင်ပြီး မေးကြည့်တော့ မိတ်ဆွေတချို့က ဝိုင်းဖြေပေးကြပါတယ်။

Typing error ကြောင့် ဖြစ်တတ်လို့ တခြားပို့စ် တခုခု ပြောင်းတင်ကြည့်ပါတဲ့။ ပို့စ် အထဲမှာ တင်လို့မရတဲ့ စာလုံးပါနေတာ ဖြစ်နိုင်ပေမယ့် ဘယ်စာလုံးလဲဆိုတာ ရှာရခက်ပါတယ်တဲ့။ တင်လို့မရတဲ့ ပို့စ်ကိုတော့ နောက်နေ့မှ ပြုပြင်ပြီး ကြိုးစားတင်ကြည့်ပါဦးမယ်။

ဒါနဲ့ အခုလို စာအသစ်ရိုက်ပြီး ပို့စ် အသစ်ကို စမ်းတင်ကြည့်တာပါ။
တကယ်တော့ ဒါက ပို့စ်တခုတော့ မဟုတ်ပါဘူး။ ဝိုင်းဖြေပေးတဲ့ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်။

မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
27.10.2021



0
0
0.000
7 comments
avatar

တစ်ခါမှတော့ မကြုံဖူးပါဘူး ထင်တာတော့ ရိုက်ထားတဲ့စာထဲမှာ အချက်တစ်ခုခုက error ကုတ်နဲ့ညိနေလို့ထင်ပါတယ်။

0
0
0.000
avatar

ဒီလိုမျိုးတော့ မကြုံဖူးသေးဘူး။ ဓာတ်ပုံတွေတော့ ကြုံဖူးတယ်။

0
0
0.000
avatar

အဓိက RC ကြောင့် ဖြစ်ပါလိမ့်မယ်။ HP 100 Delegate လုပ်ပေးထားပါတယ်။ အဆင်ပြေပါစေ။ !PIZZA

0
0
0.000
avatar

Typing error ကြောင့် ဖြစ်မယ်ထင်တယ်။ စာအသစ်ရိုက်တင်တော့ ပို့စ်တက်ပါတယ်။ HP က မရှိတာတော့ အမှန်ပဲ။ HP 100 Delegate လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုဟင်နရီက လူသစ်တွေကို Delegate ပေးထားတာ များနေတော့ အားနာလို့ မပြောတာပါ။ HP လုံလောက်တော့ ပို့စ်၊ ကောမဲန့်၊ ဗုတ်ပေးရတာ ပို အဆင်ပြေပါတယ်။

0
0
0.000
avatar

ကျွန်တော်လည်းဖြစ်တယ် ဖျက်ပြီးပြန်သွင်း vpn မခံဘဲ ပိုစ့်တင်တာ ခုထိတော့ အဆင်ပြေနေတယ်။ !PIZZA

0
0
0.000