ပိရမစ် နက္ခတ္တဗေဒ သင်္ချာပညာ

avatar
(Edited)

1.jpg

ကမ္ဘာ့မြေပုံပေါ်တွင် အတ္တလန်တစ်တိုက်ကြီး နှင့် အတ္တလန်တစ်တိုက်သားများဟူ၍ ဒဏ္ဍာရီဆန်ဆန် ရှိခဲ့ဖူးသည်။ အတ္တလန်တစ် လူ့အဖွဲ့အစည်းသည် ယဉ်ကျေးမှု၊ အနုပညာ နှင့် အသိဉာဏ်ပညာ အဆင့်အတန်း မြင့်မားစွာဖြင့် တည်ရှိခဲ့သည်ဟု ဂရိ အတွေးအခေါ် ပညာရှင် ပလေတိုက ရေးသားခဲ့သည်။

အတ္တလန်တစ်တိုက်ကြီး ရေအောက်သို့ နစ်မြုပ်စဉ် ကာလ၌ အတ္တလန်တစ်တိုက်သားများသည် လွတ်မြောက်ရာအရပ်ဒေသ ဥရောပတိုက်နှင့် အီဂျစ်ပြည်သို့ ရောက်ရှိလာသည်ဟု ဆိုသည်။ ထိုသူတို့သည် သူတို့ တတ်ကျွမ်းသော ဂန္ဓာရီပညာဖြင့် England နိုင်ငံတွင် Stonehenge, Egypt နိုင်ငံတွင် Pyramid များ တည်ဆောက်၍ သက်သေထူခဲ့သည်။

အတ္တလန်တစ်တိုက်သားများသည် ထာဝရဘုရား၏ ကိုယ်စားအဖြစ် လူသားတို့အား အသက်ဓါတ် အပူစွမ်းအင်နှင့် အလင်းစွမ်းအင်ပေးအပ်သော နေနတ်ဘုရားကို ကိုးကွယ်ကြသည်။ ရှေးဟောင်း ပိရမစ်များတွင် ပစ္စယံသုံးဆင့်၊ ငါးဆင့်၊ ခုနှစ်ဆင့် စသဖြင့် နေနတ်ဘုရား ဈာန်ဖြင့် ကြွလာပုံကို သရုပ်ဖော် တည်ဆောက်ကြသည်။

အတ္တလန်တစ်တိုက်သားများသည် အဆိုပါ ပိရမစ်များကို ဘုရင်မင်းမြတ် ဘိတ်သိတ်ခံရန်၊ ထွက်ရပ်ပေါက်ကျင့်စဉ်နှင့် ဂန္ဓာရီစခန်း၊ ဘုရားကျောင်းတော်၊ ဘာသာရေး အထွတ်အမြတ် အဆောက်အဦအဖြစ် အသုံးပြုကြသည်။ ၁၃ ဧက ကျယ်ဝန်းသော အီဂျစ် မဟာပိရမစ် (Great Pyramid of Giza) မှာ အကြီးမားဆုံးဖြစ်၍ ကမ္ဘာ့အံ့ဖွယ် ၇ ပါးတွင် အပါအဝင် ဖြစ်သည်။

ပိရမစ်နံရံပေါ်ရှိ မှတ်တမ်းအရ မဟာပိရမစ်ကို တည်ဆောက်စဉ် ဓူဝံကြယ်သည် အနိမ့်ဆုံးသို့ ရောက်ရှိချိန်၊ ကြတ္တိကာနက္ခတ် မွန်းတည့်ချိန် ဖြစ်သည်ဟု သိရသည်။ ဤအနေအထားအရ နက္ခတ္တဗေဒ နည်းဖြင့် တွက်ချက်ပါက မဟာပိရမစ် တည်ဆောက်ခဲ့သော အချိန်ကာလမှာ လွန်ခဲ့သော နှစ်ပေါင်း ၃ သောင်း ရှိပြီဖြစ်သည်။ သမိုင်းပညာရှင်များကမူ ပိရမစ်များကို လွန်ခဲ့သော နှစ်ပေါင်း ၆ ထောင်ခန့်က တည်ဆောက်ခဲ့သည်ဟု ယူဆကြသည်။

ပိရမစ်တည်ဆောက်ရာတွင် အသုံးပြုသော သင်္ချာတွက်နည်းမှာ - ရှေ့ကိန်းနှစ်လုံး ပေါင်းရကိန်းသည် နောက်ကိန်းလာဖြစ်သော Fibonacci ကိန်းစဉ်တန်း 0, 1, 1, 2, 3, 5, 8, 13, 21, 34, 55, 89 ဖြစ်သည်။ ပိရမစ်နံရံများ တခုနှင့်တခု ဆက်စပ်ဖွဲ့စည်းပုံသည် Golden ratio ရွှေအချိုးဖြစ်နေမှုကို ယခုခေတ် သိပ္ပံပညာရှင်များ အံ့ဩနေကြသည်၊။

ပိရမစ်နံရံပေါ်တွင် နောက်ထပ်တွေ့ရှိရသော သင်္ချာကိန်းဂဏန်းမှာ 142857 ဖြစ်သည်။ 142857 ကိန်းဂဏန်းတွင် ထူးခြားသည့် လျို့ဝှက်ချက် ရှိနေသည်ဟု ဆိုနိုင်သည်။ 142857 ကို ၁ မှ ၆ အထိ မြှောက်ကြည့်ပါက အောက်ပါအတိုင်း အဖြေထွက်လာသည်။

142857x1= 142857
142857x2= 258714
142857x3= 428571
142857x4= 571428
142857x5= 714825
148257x6= 857142

ရလဒ်များသည် ဤဂဏန်း (၆) လုံးသာ စက်ဝန်းသဖွယ် လှည့်လည်နေသည်ကို တွေ့နိုင်သည်။ ဆက်လက်၍ 142857 ကို ၇ နဲ့မြှောက်ပါက 142857x7 = 999999 ဖြစ်လာပါသည်။ ၇ ကြိမ်မြောက် တပတ်လည်သောအခါ 999999 ဖြင့် အစားထိုးပါသည်။

142857× 8=1142856
ရလဒ်တွင် ၇ ဂဏန်း ပျောက်ဆုံးနေသည်ကို မြင်နိုင်သည်။ ပျောက်ဆုံးနေသော ၇ ဂဏန်းသည် ရှေ့ဆုံးဂဏန်း ၁ နှင့်နောက်ဆုံးဂဏန်း ၆ အဖြစ် နှစ်ကိုယ်ခွဲသွားခြင်း ဖြစ်ပါသည်။

142857×9=1285713
ရလဒ်တွင် ၄ ဂဏန်း ပျောက်ဆုံးနေသည်ကို မြင်နိုင်သည်။ ပျောက်ဆုံးနေသော ၄ ဂဏန်းသည် ရှေ့ဆုံးဂဏန်း ၁ နှင့်နောက်ဆုံးဂဏန်း ၃ အဖြစ် နှစ်ကိုယ်ခွဲသွားခြင်း ဖြစ်ပါသည်။

142857×10=1428570(၁ ကိုယ်ခွဲသည်)
142857×11=1571427(၈ ကိုယ်ခွဲသည်)
142857×12=1714284(၅ ကိုယ်ခွဲသည်)
142857×13=1857141(၂ ကိုယ်ခွဲသည်)
142857×14=1999998(၉ ကိုယ်ခွဲသည်)

အပေါ်က ရလဒ်အားလုံးကို ကိန်းတစ်ခုဖြစ်အောင်ပေါင်းကြည့်ပါကပေါင်းလဒ် ၉ ဂဏန်း ဖြစ်နေသည်ကို တွေ့ရသည်။ မူလ ကိန်းဂဏန်း 142857 ၏ တလုံးတည်းပေါင်းခြင်း ရလဒ်သည်လည်း ၉ သာဖြစ်သည်။ ထို့ကြောင့် 142857 ကို ဓမ္မဂဏန်းဟု သတ်မှတ်ခဲ့သည်။

ဤသို့ ပိရမစ်များကို နက္ခတ္တဗေဒ နှင့် သင်္ချာပညာကို အသုံးပြုဆောက်လုပ်ထားခြင်းအကြောင်းကို အလျင်းသင့်လျှင် ဆက်လက်ရေးသားပေးပါမည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
18.12.2021



0
0
0.000
7 comments
avatar

ထူးခြားတဲ့ဂဏန်းစဉ်တွေပါ
!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
princekham tipped sayalu (x1)
htwegyi tipped sayalu (x1)
nyimwa tipped sayalu (x1)
@kachinhenry(9/14) tipped @sayalu (x1)

Please vote for pizza.witness!

0
0
0.000
avatar

ပိရမစ်တွေဆောက်တာ လူသားမဟုတ်ဖူးလို့တောင် အနောက်တိုင်းသားတွေ ဝတ္ထုရေးကြတယ်ဗျ။ ရုပ်ရှင်တွေလဲရိုက်ထားတာရှိတယ်။ !PIZZA

0
0
0.000
avatar

အင်း ရစ်ချက်ဂီရိရဲ့ အင်ဒီယာနာဂျုံး ဇာတ်ကားတွေကို
ပြန်မြင်မိတယ်။
!PIZZA

0
0
0.000
avatar

စိတ်ဝင်စားဖို့ ကောင်းတယ်... ကျွန်တော်လည်း Babylon brother/ Freemason/ Illuminati/ အစရှိတဲ့ သမိုင်းနဲ့ ဆက်နွယ်နေတဲ့ အကြောင်း တွေ ကို လေ့လာဖြစ်ပေမယ့် အချိန်ပေးပြီး လက်တဆုံး အထိတော့ နှိုက် နှိုက် ချွတ် ချွတ် မလေ့လာရသေးဘူး...!PIZZA. !LUV

0
0
0.000
avatar

ဒီပညာတွေက ကျယ်ပြန်တော့ အများသူငှာ ဖတ်လို့ နားလည်နိုင်သလောက်ပဲ ကြိုးစားရေးထားတာပါ။ ကျနော်လည်း ဗဟုသုတရယုံ ဖတ်ဖြစ်တာပါ။ မြန်မာပညာရပ်ကိုတော့ ပိုပြီး လေ့လာဖြစ်ပါတယ်။ ကျေးဇူးပါ။

0
0
0.000