Number 8

avatar
(Edited)

atoz.png

နေ့စဉ်နေ့တိုင်း ပို့စ်တခု တင်နိုင်ရန်မှာ တကယ်တော့ လွယ်ကူလှသည် မဟုတ်ပါ။ အမှန်အတိုင်း ဝန်ခံရလျှင် နေ့စဉ်တင်နိုင်ရန် စာတို့ကို အပိုင်းလိုက်ခွဲ၍ ရေးတင်ခြင်း ဖြစ်ပါသည်။ ထိုအခါ Hive Myanmar ထဲတွင် နေ့စဉ် ဗုတ်ပေးဖြစ်ခြင်း၊ မိတ်ဆွေတို့၏ စာတို့ကို ဖတ်ရှုဖြစ်ခြင်း၊ မိမိပို့စ်ကို မည်သူတွေ ဖတ်ရှုသွားသည်ကို သိရှိရခြင်း၊ စသည်တို့ကြောင့်လည်း ပါပါသည်။

ဂဏန်းတလုံးစီအကြောင်းကို ရေးလာသည်မှာ (၈) ဂဏန်းသို့ ရောက်ရှိလာပါပြီ။ ထို့နောက် ၉၊ ၁၁၊ ၂၂ တို့ကို ဆက်ရေးရပါဦးမည်။ အားလုံးရေးပြီးလျှင် စုစည်း၍ သိမ်းဆည်းထားနိုင်ရန် ပို့စ်တခု ပြန်တင်ပေးပါမည်။ ဂဏန်းတို့၏ ပင်ကိုယ်သဘောသဘာဝများကို လေ့လာမှတ်သားခြင်းသည် သင်္ချာဗေဒတွင် အခြေခံကျသော သင်ခန်းစာ ဖြစ်ပါသည်။

၁ မှ ၉ အထိ ဂဏန်းများသည် လူတဦး၏ မွေးနေ့နှင့် အမည်နာမများအပေါ် ဩဇာသက်ရောက်မှု ရှိနေပါသည်။ မွေးနေ့ သို့မဟုတ် အမည်နာမတွင် ဂဏန်းတလုံး၏ အရေအတွက် များလာလေလေ ထိုဂဏန်း၏ သဘောသဘာဝများ ပိုမိုအသက်ဝင်လာလေပင် ဖြစ်သည်။

ယခုပို့စ်တွင် (8) ဂဏန်း၏ သဘောသဘာဝကို ရေးသားပါမည်။ ဂဏန်းများ၏ စရိုက်လက္ခဏာများသည် မွေးနေ့ဂဏန်းထက် အမည်နာမဂဏန်းများပေါ်တွင် ပိုမို၍ လွှမ်းမိုးနိုင်ပါသည်။

(8) ဂဏန်းသည် ခွဲခြမ်းစိတ်ဖြာလေ့လာသူ၊ စီမံခန့်ခွဲသူ၊ စည်းရုံးရေးမှူး၊ စီးပွားရေးတိုးမြှင့်စေသူ၊ ရှေ့နေ၊ ဘဏ်လုပ်ငန်းရှင်၊ စာတည်း ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(8) ဂဏန်း၏ အပြုသဘော - Constructive

  • ဩဇာအာဏာရှိခြင်း
  • ဦးဆောင်ပုဂ္ဂိုလ် ခေါင်းဆောင်ဖြစ်တတ်ခြင်း
  • စီမံအုပ်ချုပ်နိုင်စွမ်းရှိခြင်း
  • စီမံဆောင်ရွက်နိုင်သော စွမ်းရည်ရှိခြင်း

(8) ဂဏန်း၏ အပျက်သဘော - Negative

  • သည်းမခံတတ်ခြင်း
  • စိတ်မရှည်ခြင်း
  • အားစိုက်လုပ်လွန်း၍ ဒဏ်ပိတတ်ခြင်း
  • အကောက်ကြံတတ်ခြင်း
  • စာနာမှုကင်းမဲ့ခြင်း

(8) ဂဏန်း၏ အဖျက်သဘော - Destructive

  • ဖိနှိပ်ချုပ်ချယ်လုပ်ဆောင်တတ်ခြင်း
  • လက်တုန့်ပြန်တတ်ခြင်း
  • မတော်မတရား လုပ်ဆောင်တတ်ခြင်း
  • အရက်အလွန်သောက်ခြင်း

အပြုသဘော၊ အပျက်သဘော၊ အဖျက်သဘော သုံးရပ်ထဲမှ မည်သည်က ပို၍ အားကောင်းမည် ဆိုသည်မှာ ကာယကံရှင်၏ ရွေးချယ်မှု သို့မဟုတ် လက်တွေ့ကျင့်သုံးမှု ရလဒ်အပေါ် မူတည်ပါသည်။

သင်္ချာဗေဒကို စိတ်ဝင်စားသူသည် ယခင် Modern Numerology ပို့စ်များကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။ မော်ဒန်သင်္ချာဗေဒသည် လေ့လာရန် လွယ်ကူသောကြောင့် ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
11.01.2022



0
0
0.000
2 comments
avatar

တိုက်ဆိုင်တာ​တွေ များပါတယ် ​ကျေးဇူးပါ

0
0
0.000
avatar

နံပါတ် ကိုးကို စောင့်နေတာ :D

0
0
0.000