Number 5

avatar
(Edited)

atoz.png

ပြီးခဲ့သည်ရက်တို့တွင် လူတဦးချင်းစီအတွက် ၂၀၂၂ တနှစ်တာ စိုးမိုးဂဏန်းများအကြောင်းကို၎င်း၊ မွေးနေ့တခုချင်းစီအတွက် သုံးလုံးတွဲဂဏန်း မြားအကြောင်းကို၎င်း ပြီးပြည့်စုံစွာ ရေးသားခဲ့ပါသည်။

ယုခုဆက်လက်ပြီး ဂဏန်းတလုံးချင်းစီ၏ အပြုသဘော၊ အပျက်သဘော၊ အဖျက်သဘော သဘာဝများကို အကျဉ်းချုပ်အားဖြင့် ရေးသားပေးပါဦးမည်။ သင်္ချာဗေဒကို စိတ်ဝင်စားပါက ဂဏန်းတလုံးချင်းစီ၏ ကိုယ်ပိုင်စွမ်းရည်များအား မှတ်သားထားရပါမည်။

၁ မှ ၉ အထိ ဂဏန်းများသည် လူတဦး၏ မွေးနေ့နှင့် အမည်နာမများအပေါ် ဩဇာသက်ရောက်မှု ရှိနေပါသည်။ မွေးနေ့ သို့မဟုတ် အမည်နာမတွင် ဂဏန်းတလုံး၏ အရေအတွက် များလာလေလေ ထိုဂဏန်း၏ သဘောသဘာဝများ ပိုမိုအသက်ဝင်လာလေပင် ဖြစ်သည်။

ယခုပို့စ်တွင် (5) ဂဏန်း၏ သဘောသဘာဝကို ရေးသားပါမည်။ ဂဏန်းများ၏ စရိုက်လက္ခဏာများသည် မွေးနေ့ဂဏန်းထက် အမည်နာမဂဏန်းများပေါ်တွင် ပိုမို၍ လွှမ်းမိုးနိုင်ပါသည်။

(5) ဂဏန်းသည် ခရီးသွားသူ၊ သင်္ဘောသား၊ စုံစမ်းထောက်လှမ်းရေး၊ စိတ်ပညာရှင်၊ စွန့်စားလုပ်ဆောင်သူ၊ စာရေးဆရာဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(5) ဂဏန်း၏ အပြုသဘော - Constructive

  • လွတ်လပ်ခြင်း
  • ပြောင်းလဲတတ်ခြင်း
  • ခရီးသွားခြင်း
  • စွန့်စားလုပ်ကိုင်ခြင်း
  • တိုးတက်ခြင်း
  • အဘက်ဘက်မှ စွယ်စုံရခြင်း

(5) ဂဏန်း၏ အပျက်သဘော - Negative

  • အတွေးအခေါ် ကင်းမဲ့ခြင်း
  • ဖင့်နှေးတုန့်ဆိုင်းခြင်း
  • တာဝန်မဲ့စွာ ပြုမူတတ်ခြင်း
  • အပြောင်းအလဲမြန်ခြင်း

(5) ဂဏန်း၏ အဖျက်သဘော - Destructive

  • ကာမဂုဏ်လိုက်စားတတ်ခြင်း
  • ဖောက်လွဲဖောက်ပြန် ပြုမူတတ်ခြင်း
  • မစ္ဆရိယစိတ်များခြင်း
  • ကိုယ်ကျင့်တရားပျက်ပြားခြင်း
  • မူးယစ်ဆေးသုံးစွဲခြင်း
  • အရက်အလွန်သောက်ခြင်း

အပြုသဘော၊ အပျက်သဘော၊ အဖျက်သဘော သုံးရပ်ထဲမှ မည်သည်က ပို၍ အားကောင်းမည် ဆိုသည်မှာ ကာယကံရှင်၏ ရွေးချယ်မှု သို့မဟုတ် လက်တွေ့ကျင့်သုံးမှု ရလဒ်အပေါ် မူတည်ပါသည်။

သင်္ချာဗေဒကို စိတ်ဝင်စားသူသည် ယခင်Modern Numerology ပို့စ်များကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။ မော်ဒန်သင်္ချာဗေဒသည် လေ့လာရန် လွယ်ကူသောကြောင့် ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
08.01.2022



0
0
0.000
0 comments