Number 4

avatar
(Edited)

atoz.png
လူတဦး၏ ဇာတာငယ် (Birthchart) အရ အားသာချက် မြား ၈ စင်း၊ အားနည်းချက် မြား ၇ စင်း ရှိပါသည်။ ဂဏန်းတလုံးစီအကြောင်း၊ မြားအကြောင်းကို တရက်ခြားစီ ရေးသားပေးပါမည်။

အမည်နာမတခုကို ခွဲခြမ်းစိတ်ဖြာရာတွင် သတိပြုရမည့် အချက်တချို့ ရှိပါသည်။ အမည်တခု၏ ရှေ့မှ Mr/Mrs တို့ကို ဖယ်ထုတ်ရပါမည်။ မြန်မာအမည်များ၏ ရှေ့ဆုံးမှ မောင်၊ ကို၊ ဦး၊ မ၊ ဒေါ် စသည်တို့ကို၎င်း၊ တိုင်းရင်းသား အမည်များတွင် အလားတူ အဓိပ္ပါယ်ရှိသော စာလုံးတို့ကို၎င်း ဖယ်ထုတ်၍ တွက်ချက်ရပါမည်။

ယခုခေတ်တွင် မြန်မာအမည်တချို့ (ဥပမာ - မှူး၊ မြူး၊ သွန်း၊ ယွန်း၊ ညှို့၊ သွဲ့၊ လှိုင်း) မှာ သင်္ချာဗေဒအရ အက္ခရာဖလှယ်ရာတွင် အခက်အခဲရှိနိုင်ပါသည်။ ကာယကံရှင်ကိုယ်တိုင် ကြိုက်နှစ်သက်သော စကားလုံးစုဖွဲ့မှုအတိုင်းသာ ကိန်းဂဏန်းများကို တွက်ချက်သင့်ပါသည်။

၁ မှ ၉ အထိ ဂဏန်းများသည် လူတဦး၏ မွေးနေ့နှင့် အမည်နာမများအပေါ် ဩဇာသက်ရောက်မှု ရှိနေပါသည်။ သင်၏ မွေးနေ့ သို့မဟုတ် အမည်နာမတွင် ဂဏန်းတလုံး၏ အရေအတွက် များလာလေလေ ထိုဂဏန်း၏ သဘောသဘာဝများ ပိုမိုအသက်ဝင်လာလေပင် ဖြစ်သည်။ ဤအကြောင်းကို နောက်ပိုင်းတွင် ဆက်လက်ရေးသားပေးပါမည်။

ယခု ဆက်လက်ပြီး (4) ဂဏန်း၏ သဘောသဘာဝကို ရေးသားပါမည်။ ဂဏန်းများ၏ စရိုက်လက္ခဏာများသည် မွေးနေ့ဂဏန်းထက် အမည်နာမဂဏန်းများပေါ်တွင် ပိုမို၍ လွှမ်းမိုးနိုင်ပါသည်။

(4) ဂဏန်းသည် တည်ဆောက်သူ၊ လယ်သမား၊ အစိုးရဝန်ထမ်း၊ နိုင်ငံရေးသမား၊ စက်မှုပညာရှင် ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(4) ဂဏန်း၏ အပြုသဘော - Constructive

  • ရိုးသားဖြောင့်မတ်ခြင်း
  • စိတ်ရှည်သည်းခံခြင်း
  • ချွေတာတတ်ခြင်း
  • လက်တွေ့ကျခြင်း
  • စည်းရုံးဖွဲ့စည်းနိုင်စွမ်းရှိခြင်း
  • သစ္စာရှိခြင်း

(4) ဂဏန်း၏ အပျက်သဘော - Negative

  • အမြင်ကျဉ်းလွန်းခြင်း
  • စည်းကမ်းကြီးလွန်း၍ တင်းကြပ်သကဲ့သို့ ဖြစ်ခြင်း
  • အတင်းအဓမ္မ လုပ်ဆောင်တတ်ခြင်း
  • ကန့်သတ်ချုပ်ချယ်တတ်ခြင်း

(4) ဂဏန်း၏ အဖျက်သဘော - Destructive

  • ရန်ညှိုးထားတတ်ခြင်း
  • အောက်တန်းကျစွာ ပြုမူတတ်ခြင်း
  • အဓမ္မပြုမူတတ်ခြင်း
  • အကြင်နာတရား ကင်းမဲ့ခြင်း
  • မနာလို ဝန်တိုစိတ် ကြီးမားခြင်း
  • ရန်လိုတတ်ခြင်း

အပြုသဘော၊ အပျက်သဘော၊ အဖျက်သဘော သုံးရပ်ထဲမှ မည်သည်က ပို၍ အားကောင်းမည် ဆိုသည်မှာ ကာယကံရှင်၏ ရွေးချယ်မှု သို့မဟုတ် လက်တွေ့ကျင့်သုံးမှု ရလဒ်အပေါ် မူတည်ပါသည်။

ဤပို့စ်ကို ဖတ်ရှုရာတွင် ရှင်းလင်းစွာ နားလည်နိုင်ရန်အတွက် ယခင်ပို့စ်များဖြစ်သော Modern Numerology နှင့် Numerology Basic ကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။

မော်ဒန် သင်္ချာဗေဒသည် ပို့စ်တခုတည်းအနေဖြင့် အပြီးအပြတ် ရေးသားနိုင်သော အခြေအနေ မရှိခြင်း၊ စာဖတ်သူများ လွယ်ကူစွာ လေ့လာမှတ်သားနိုင်ရန် ရည်ရွယ်ခြင်း တို့ကြောင့် ပို့စ်များကို အခန်းဆက်သဖွယ် ရေးသားပေးသွားပါမည် ။

မော်ဒန်သင်္ချာဗေဒ၏ လေ့လာရန် လွယ်ကူသော ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။ မော်ဒန်သင်္ချာဗေဒအကြောင်း ပြီးစီးပါက - ဆရာကြီး ကိုင်ရို အသုံးပြုခဲ့သောစနစ်ကို ဆက်လက်ရေးသားပါဦးမည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
30.12.2021



0
0
0.000
2 comments
avatar

Congratulations @sayalu! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You received more than 1500 upvotes.
Your next target is to reach 1750 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

PUD - PUH - PUM - It's all about to Power Up!
Christmas Challenge - 1000 Hive Power Delegation Winner
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

ဂဏာန်းနံပါတ်တွေ အကုန် သူ့စွမ်းနဲ့သူ ရှိနေတယ်ပေါ့။ ကျနော့ နံပါတ်ကိုးကို စောင့်နေပါတယ်။ !PIZZA

0
0
0.000