Number 3

avatar

atoz.png

မော်ဒန်သင်္ချာဗေဒ ပို့စ်များကို ဖတ်ရှုသူ မိတ်ဆွေများအနေဖြင့် ကောမန့် ရေးသားပေးခြင်းအတွက် ကျေးဇူးတင်ပါသည်။ ယုံကြည်ခြင်း နှင့် မယုံကြည်ခြင်း အငြင်းပွားဖွယ်ရာ အကြောင်းအရာကို ရေးသားရသောကြောင့် မိတ်ဆွေတို့၏ ဗုတ်နှင့်ကောမန့်သည် ခွန်အားဖြစ်စေပါသည်။

မော်ဒန်သင်္ချာဗေဒ အကြောင်းရေးသားရာတွင် ဗဟုသုတမျှဝေခြင်းသာ ရည်ရွယ်ပါသည်။ ဤပညာရပ်သည် နေ့စဉ်လူမှုဘဝ၌ လူတဦးချင်းစီ၏ ယေဘုယျ သဘောသဘာဝကို လေ့လာရန် အထောက်အကူ ပြုနိုင်ပါသည်။

ဤပညာမှတဆင့် မိသားစုဆက်ဆံရေး၊ လူမှုဆက်ဆံရေး၊ စီးပွားဆက်ဆံရေးတို့တွင် မိမိနှင့် သဟဇာတ ဖြစ်မည့်သူကို အကြမ်းအားဖျဉ်း ခန့်မှန်းနိုင်ပါသည်။ တဦးချင်းစီ၏ အပြုသဘောဆန်မှု၊ အပျက်သဘောဆန်မှု၊ အဖျက်သဘောဆန်မှု တို့ကို လေ့လာနိုင်ပါသည်။

ဂဏန်းတလုံးချင်းစီ၏ အဓိပ္ပါယ် ဖော်ပြချက်များကို နေ့စဉ်ဆက်တိုက်ရေးချင်သောလည်း ငြီးငွေ့ဖွယ် ဖြစ်မည်စိုးသောကြောင့် မွေးဇာတာ Birthchart အကြောင်းကိုလည်း ကြားဖြတ် ထည့်သွင်းရေးသားပေးပါမည်။

ယခု ဆက်လက်ပြီး (3) ဂဏန်း၏ သဘောသဘာဝကို ရေးသားပါမည်။ ဂဏန်းများ၏ စရိုက်လက္ခဏာများသည် မွေးနေ့ဂဏန်းထက် အမည်နာမဂဏန်းများပေါ်တွင် ပိုမို၍ လွှမ်းမိုးနိုင်ပါသည်။

(3) ဂဏန်းသည် အနုပညာရှင်၊ ဟောပြောသူ၊ စာရေးဆရာ၊ ဖျော်ဖြေသူ၊ ဟာသစာရေးဆရာ (ဟာသသရုပ်ဆောင်) ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

အများအားဖြင့် လူတို့သည် အပြုသဘော တည်ဆောက်မှုဘက်သို့ ရိုးသားစွာ ကြိုးစားတတ်ကြပါသည်။ သို့သော် တခါတရံ အပျက်သဘော သို့မဟုတ် အဖျက်သဘောဘက်သို့လည်း တိမ်းညွှတ်တတ်ကြပါသည်။

(3) ဂဏန်း၏ အပြုသဘော - Constructive

  • အကောင်းမြင်တတ်ခြင်း
  • ဟာသဉာဏ်ရှိခြင်း
  • ပျော်ရွှင်ကျေနပ်အားရခြင်း
  • ပေါင်းသင်းဆက်ဆံတတ်ခြင်း
  • မိမိကိုယ်ကို ဖော်ညွှန်းပြတတ်ခြင်း
  • စိတ်အားထက်သန်ခြင်း
  • ကိုယ်စွမ်းကိုယ်စပြတတ်ခြင်း

(3) ဂဏန်း၏ အပျက်သဘော - Negative

  • အတင်းပြောတတ်ခြင်း
  • အဆိုးမြင်တတ်ခြင်း
  • အသုံးအဖြုန်းကြီးခြင်း
  • စိတ်ချုပ်တည်းထား၍ စိတ်ဝေဒနာ ခံစားရခြင်း
  • လွဲမှားစွာ မာန်မာနထားတတ်ခြင်း

(3) ဂဏန်း၏ အဖျက်သဘော - Destructive

  • သည်းမခံတတ်ခြင်း
  • မစ္ဆရိယစိတ် ကြီးမားခြင်း
  • အဓမ္မပြုမူတတ်ခြင်း
  • သူတော်ကောင်းယောင် ဆောင်တတ်ခြင်း
  • လိမ်လည်လှည့်ဖြားတတ်ခြင်း
  • လောဘကြီးခြင်း

အပြုသဘော၊ အပျက်သဘော၊ အဖျက်သဘော သုံးရပ်ထဲမှ မည်သည်က ပို၍ အားကောင်းမည် ဆိုသည်မှာ ကာယကံရှင်၏ ရွေးချယ်မှု သို့မဟုတ် လက်တွေ့ကျင့်သုံးမှု ရလဒ်အပေါ် မူတည်ပါသည်။

ဤပို့စ်ကို ဖတ်ရှုရာတွင် ရှင်းလင်းစွာ နားလည်နိုင်ရန်အတွက် ယခင်ပို့စ်များဖြစ်သော Modern numerology နှင့် Numerology Basic ကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။

မော်ဒန် သင်္ချာဗေဒသည် ပို့စ်တခုတည်းအနေဖြင့် အပြီးအပြတ် ရေးသားနိုင်သော အခြေအနေ မရှိခြင်း၊ စာဖတ်သူများ လွယ်ကူစွာ လေ့လာမှတ်သားနိုင်ရန် ရည်ရွယ်ခြင်း တို့ကြောင့် ပို့စ်များကို အခန်းဆက်သဖွယ် ရေးသားပေးသွားပါမည် ။

မော်ဒန်သင်္ချာဗေဒ၏ လေ့လာရန် လွယ်ကူသော ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။ မော်ဒန်သင်္ချာဗေဒအကြောင်း ပြီးစီးပါက - ဆရာကြီး ကိုင်ရို အသုံးပြုခဲ့သောစနစ်ကို ဆက်လက်ရေးသားပါဦးမည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
28.12.2021



0
0
0.000
5 comments
avatar

မျှဝေပေးတာကျေးဇူးပါခင်ဗျ !PIZZA. !LOL

0
0
0.000
avatar

No 3 က ကိုယ်တွေ ကြိုက်ဂဏန်းပ။
!PIZZA

0
0
0.000
avatar

နံပါတ်ကိုးကို စောင့်နေပါတယ် !PIZZA

0
0
0.000