မင်းကွန်းဘက်ကိုသွားကာ လည်တော့လည်းတလီ

avatar

မင်းကွန်းဘက်ကိုသွားကာ လည်တော့လည်းတလီ၊ နန်းတော်ကျွန်းရွာလေး တည်နေပုံက လှပပေသည်။ မင်းကွန်းခေါင်းလောင်းကြီးနှင့် မြသိန်းတန်စေတီ၊ သာယာဝေစည် ဘုရားရိပ်ကြောင့် အေးချမ်းသာယာသည်။

ဒီကနေ့တော့ သန္တရသ ရစေလိုသော ဆန္ဒမွန်ဖြင့် မင်းကွန်းဘက်ကို သွားခဲ့စဉ် မြသိန်းတန် စေတီတော် ၊ မင်းကွန်းခေါင်းလောင်းကြီးနှင့် ရိုးရာရှင်လောင်းလှည့်ပွဲပုံကို တင်ပေးလိုက်ပါသည်။

20141214_123838.jpg

သီတာ ခုနှစ်တန်၊ တောင်ရံ ခုနှစ်ထပ်၊ အာလိန်ငါးဆင့်၊ စောင်းတန်းသုံးသွယ်တို့ဖြင့် မြင်းမိုရ်တောင်နှင့် စကြာဝဠာ တည်ရှိပုံကို ရည်ရွယ်ထားသည်။

20141214_132558.jpg

စေတီ တည်ဆောက်ထားသည့်ဒီဇိုင်းမှာ ဘာသာရေးရှုဒေါင့်အပြင် ပိသုကာအမြင်ဖြင့် ပေါင်းစပ်ကြည့်လျှင် ပို၍ စိတ်အေးချမ်းဖွယ် ဖြစ်ပါသည်။

20141214_131111.jpg

မင်းဖြူမှန်မှန်ပြော မင်းကွန်းခေါင်းလောင်းကြီး

20141214_145455.jpg

မြင်ရတွေ့ရခဲသည့် အထက်ဗမာပြည် ရှင်ပြုအလှူတော်မင်္ဂလာပွဲ ပုံရိပ်ကလေး ဖြစ်ပါသည်။

20141214_150046.jpg

လှည်းယဉ်ကြော့ကြော့ ဦးမော့မော့ချီ၊ နွားညီနောင် ခြူသံတလွင်လွင်နှင့် ကြည့်၍ပင်ကောင်းလွန်းလှသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
07.12.2021



0
0
0.000
6 comments
avatar

ဗျောသံ မကြားရတာ ကြာချေပ
!PIZZA

0
0
0.000
avatar

လွမ်းမောဖွယ်ရာတွေပါပဲ။

0
0
0.000
avatar

မြန်မာ့ရိုးရာ လှည်းယဉ်လေးမြင်ရတာ ကြည်နူးစရာ။ !PIZZA

0
0
0.000
avatar

ဗဟုသုတအတွက်ကျေးဇူးပါ

0
0
0.000
avatar

Hivelist is not a place for random post. Please only use it for advertising purposes. This post has been muted from the platform.

0
0
0.000