Golden ratio ရွှေအချိုး

avatar
(Edited)

goldenratio.jpeg

ဤလောကတွင် သဘာဝတရား၏ လက်ဆောင်သည် တန်ဖိုးအရှိဆုံးဟု ဆိုချင်သည်။ သက်ရှိ၊ သက်မဲ့၊ အရာဝတ္ထုအားလုံးကို သဘာဝတရားသည် နရီစည်းဝါး ဟန်ချက်ညီအောင် ဖန်တီးပေးထားသည်။

ဂလက်ဆီနဂါးငွေ့တန်း၊ မုန်တိုင်းတခု၏ရွေ့ရှားမှု၊ ထင်းရူးသီးလေးတလုံး၊ ခရုခွံလေးတခု၊ နေကြာပန်းတပွင့်၊ စသည် စသည်တို့မှသည် မိမိတို့ လူသားခန္ဓာကိုယ် ဖွဲ့စည်းမှုအထိ စနစ်တကျ အချိုးညီညီ ဟန်ချက်ညီညီ တည်ဆောက်ထားသည်ကို တွေ့နိုင်ပါသည်။

ဤသို့ ဟန်ချက်ညီညီ ထိန်းကျောင်းတည်ဆောက်မှုကို သင်္ချာကိန်းစဉ်တန်းအရ Fibonacci sequence ဟု ခေါ်ဆိုသည်။ ဤကိန်းစဉ်တန်း၏ ဖွဲ့စည်းမှုကို အနုပညာဆန်ဆန် တင်စားခေါ်ဝေါ်သော အမည်မှာ ရွှေအချိုး golden ratio ဖြစ်သည်။

ရွှေအချိုး golden ratio ၏ ဖွဲ့စည်းတည်ဆောက်ပုံသည် အဆင်ပြေညီညွတ်မှု ဖြစ်စေသော၊ ဟန်ချက်ညီထိန်းကျောင်းထားသော အနုပညာဆန်လွန်းသည့် ကောက်ကြောင်းတခု ဖြစ်သည်။ ကမ္ဘာလောကထဲရှိ တနေရာရာ၊ တခုခုတို့တွင် ရွှေအချိုးသည် ပတ်သက်ဆက်နွယ်မှု ရှိနေလေသည်။

သုညမှစတင်သည့် ရွှေအချိုးဖွဲ့စည်းပုံမှာ ဤသို့ဖြစ်သည်။ ပထမမြောက် ကိန်းဂဏန်းနှင့် ဒုတိယမြောက် ကိန်းဂဏန်းကို ပေါင်းခြင်းကြောင့် ကိန်းသစ်တခု ရရှိလာသည်။ ထိုကိန်းသစ်ကို သူ၏ရှေ့၌ ရှိနေသော ကိန်းဖြင့် ပြန်၍ ပေါင်းခြင်းဖြင့် နောက်ထပ် ကိန်းသစ်တခု ရရှိလာသည်။ ထိုသို့ ဆက်ကာ ဆက်ကာ ပေါင်းခြင်းဖြင့် ရရှိလာသော ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် ကိန်းစဉ်တန်းကို ရွှေအချိုးဟုခေါ်သည်။

0, 1, 1, 2, 3, 5, 8, 13, 21, 34, 55, 89, ...... ကို ကြည့်ပါ။
0+1 = 1
1+1 = 2
1+2 = 3
2+3 = 5
3+5= 8
5+8 = 13
8+13 = 21
13+21 = 34
21+34 = 55
34+55 = 89

ဤကိန်းစဉ်တန်းရှိ ကိန်းဂဏန်း တခုချင်းစီကို ဆက်စပ်၍ စက်ဝိုင်းပုံဖော်ကြည့်ပါက အလွန် သေသပ်လှပသော ကောက်ကြောင်းတခု ပေါ်လာပါလိမ့်မည်။ ဤကောက်ကြောင်းသည် အနုပညာ ဆန်လှသည့် သဘာဝလက်ဆောင်တခုပင် ဖြစ်သည်။

ရွေအချိုး သီဝရီသည် ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားချပ်မှသည် မိမိတို့၏ မျက်နှာသွင်ပြင်နှင့် ခန္ဓာကိုယ် ဖွဲ့စည်းပုံအထိ နေရာယူထားလေသည်။ ပန်းချီပညာ၊ ပန်းပုပညာ၊ ဓါတ်ပုံပညာ၊ ဒီဇိုင်းပညာ စသည့် အနုပညာရပ်ဝန်းတို့သည် ရွှေအချိုးနှင့် ကင်းလွတ်၍ မရချေ။

ဗိသုကာပညာ၊ မြို့ပြ နှင့် အဆောက်အဦ အင်ဂျင်နီယာ ပညာရပ်တို့သည် လူတို့၏ အမြင်အာရုံကို ဖမ်းစားနိုင်အောင် ရွှေအချိုးကို ပေါင်းစပ် အသုံးပြုထားကြသည်။

ထို့ကြောင့် အမှန်တကယ် တည်ရှိနေသော သဘာဝတရား၏ လက်ဆောင်မွန် ရွေအချိုးကို အသုံးပြုခြင်းအားဖြင့် ပြေလွင်ညီညွတ်သော ဟန်ချက်ညီ အနုပညာလက်ရာများ နှင့် ရုပ်ဝတ္ထု အဆောက်အဦများကို အဆုံးမရှိ တီထွင်ဖန်တီးနိုင်ပေသည်။

ရွှေအချိုးလေ့လာရန်


@sayalu
14.12.2021



0
0
0.000
6 comments
avatar

စိတ်ဝငိစားဖို့ကောင်းတဲ့ ရှုထောင့်တစ်ခုပါ
!PIZZA

0
0
0.000
avatar

Congratulations @sayalu! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.
You got more than 400 replies.
Your next target is to reach 500 replies.
You received more than 1250 upvotes.
Your next target is to reach 1500 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

ဪ စိတ်ဝင်စားဖို့ကောင်းလိုက်တာနော်။ သိရလို့ကျေးဇူးပါ။

0
0
0.000
avatar

စိတ်ဝင်စားတယ် ထပ်ရှိသေးရင် ရေးပါအုံး လေ့လာရအောင်လို့

0
0
0.000