အကြောင်းအရာ သုံးမျိုး

avatar

square.png

ယနေ့ ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့တွင် တိုင်းရင်းသား ညီအကို မောင်နှမအားလုံး တဦးချင်းစီ၏ လူမှုလွတ်လပ်ခွင့်များ၊ လူမျိုးတမျိုးချင်းစီ၏ လွတ်လပ်ခွင့်များ အမြန်ဆုံး ပြန်လည်ရရှိပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။

ယခု နှစ်သစ်ကူးချိန်တွင် မိမိအနေဖြင့် အကြောင်းအရာ သုံးမျိုးကို တလှည့်စီ ရေးနေသောကြောင့် စာဖတ်သူ မိတ်ဆွေများအနေဖြင့် ရှုတ်ထွေးမှု ရှိနေသည်ဟု သိရပါသည်။ မိမိအနေဖြင့် ဆက်လက်၍ ရေးသားမည့် ပို့စ်များတွင် တတ်နိုင်သမျှ ရှင်းလင်းလွယ်ကူအောင် ကြိုးစားပေးပါမည်။

ပထမအကြောင်းအရာ - ဂဏန်းတလုံးချင်းစီ၏ အပြုသဘော၊ အပျက်သဘော၊ အဖျက်သဘော သဘာဝများကို အကျဉ်းချုပ်အားဖြင့် အစဉ်လိုက် ရေးသားခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဂဏန်းတလုံးချင်းစီ၏ ကိုယ်ပိုင်စွမ်းရည်များအကြောင်းဖြစ်သောကြောင့် သင်္ချာဗေဒကို လေ့လာသူအနေဖြင့် မှတ်သားထားရမည် ဖြစ်ပါသည်။

ပထမအကြောင်းအရာသည် အခြေခံသဘောဖြစ်၍ အဓိပ္ပါယ် ဖော်ပြချက်များကို တတ်နိုင်သမျှ မှတ်သားထားသင့်ပါသည်။ သို့မှသာ သင်္ချာဗေဒ အကြောင်းကို စိတ်ဝင်စား၍ လေ့လာပါက ပိုမို တိုးတက်မှု ရှိနိုင်ပါသည်။ မြန်မာဗေဒင်တွင် တနင်္ဂနွေနံ၊ စနေနံ အစရှိသည့် ဂြိုဟ် ၈ လုံးလုံး၏ အဓိပ္ပါယ်များကို ကျက်မှတ်ရသည့်သဘောနှင့် တူပါသည်။

ဒုတိယအကြောင်းအရာ - ဂဏန်းသုံးလုံးတွဲအကြောင်း ဖြစ်ပါသည်။ ဂဏန်းသုံးလုံးတွဲကို မြားတစင်းဟု တင်စားခေါ်ဝေါ်၍ သုံးလုံးတွဲ၏ သီးခြားစွမ်းရည် သတ်မှတ်ချက်များကို ရေးသားခြင်း ဖြစ်ပါသည်။ မွေးနေ့၊ မွေးလ၊ မွေးနှစ် အပေါ်မူတည်၍ မတူညီသော သုံးလုံးတွဲ စွမ်းရည်များအကြောင်း ဖြစ်ပါသည်။

ကိုးကွက်ဇယားထဲတွင် ပုံသေနေရာဖြင့် တည်ရှိနေသော ဂဏန်းများနှင့် မွေးနေ့ကို တိုက်ဆိုင်ကြည့်ခြင်းဖြင့် မြားလိုင်းများ ရမရ စီစစ်နိုင်သည်။ ထိုသူသည် မည်သို့သော လူအမျိုးအစား ဖြစ်နိုင်သည်ကို အကြမ်းအားဖြင့် ခန့်မှန်းနိုင်သောနည်း ဖြစ်ပါသည်။ နှစ်အလိုက် ဟောကိန်းမျိုးမဟုတ်ပဲ လူတဦး၏ စရိုက်လက္ခဏ၊ အားသားချက်၊ အားနည်းချက်ကို ရှာဖွေခြင်း ဖြစ်ပါသည်။

တတိယအကြောင်းအရာ - ၂၀၂၂ နှစ်သစ်ကူးချိန် ဖြစ်သောကြောင့် တနှစ်တာအတွင်း လူတဦးချင်းစီ၏ ကိုယ်ပိုင်စိုးမိုးဂဏန်း အဓိပ္ပါယ်ဖော်ပြချက်များ ဖြစ်ပါသည်။ တနှစ်တာ ခန့်မှန့်ဟောကိန်းနှင့်အညီ လိုက်လျောညီထွေ ကျင့်ကြံအားထုတ်သင့်ကြောင်း ဖြစ်ပါသည်။

တတိယ အကြောင်းအရာမှာ တနှစ်တာခန့်မှန်းချက်၊ နှစ်သစ်ကူး အချိန်ကိုက်အောင် ရေးသားခြင်းဖြစ်၍ ယခင် အကြောင်းအရာ နှစ်မျိုးနှင့် တိုက်ရိုက်ဆက်စပ်ခြင်းမျိုး မရှိပါ။ ၉ နှစ်လျှင် တပတ်လည်၍ အတိတ်နှစ်များ၊ အနာဂါတ်နှစ်များကိုလည်း ဤနည်းအတိုင်း တွက်ချက်သိရှိနိုင်ပါသည်။

ယနေ့ လွတ်လပ်ရေးနေ့ တွင် 01.04.1948 အကြောင်းကို ဗဟုသုတအဖြစ် ရေးမည်ဟု စဉ်းစားခဲ့သော်လည်း အချိန်မရရှိသောကြောင့် နောက်နေ့တွင် ရေးဖြစ်အောင် ကြိုးစားပါမည်။ ယခုလို ကာလဝိပ္ပတ္တိတွင် စာရေးသားရန် အားထုတ်ရသည်မှာ တခါတရံ လမ်းပျောက်နေတတ်ပါသည်။ မည်သို့ပင်ဆိုစေ ကြိုးစားရေးသားပါဦးမည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
04.01.2022



0
0
0.000
5 comments
avatar

Congratulations @sayalu! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You got more than 500 replies.
Your next target is to reach 600 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Happy New Year - Feedback from the first Hive Power Up Day of 2022
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

လွတ်လပ်ရေးနေ့ အကြောင်း စောင့်မျှော်နေပါမည်။ !PIZZA

0
0
0.000
avatar

နောက်ရက် ရေးပေးမှာပါ ခင်ဗျာ။

0
0
0.000
avatar

ဟင် ဖတ်မို့ပါ ဆို

0
0
0.000
avatar

ဆက်ရေးပေးမှာပါ ခင်ဗျာ။ တချို့ မရှင်းဘူးဆိုလို့ နည်းနည်းရှင်းပြတာပါ။

0
0
0.000