4.1.1948

avatar

numbers.png

လွတ်လပ်ရေးနေ့နှင့် ပတ်သက်၍ ခိုင်လုံသော သမိုင်းမှတ်တမ်း ရှိပါသည်။ နက္ခတ်ဗေဒ ပညာရှင် ဆရာကြီး ဒေါက်တာဖေဉာဏ်၏ မြန်မာ့လွတ်လပ်ရေး ဇာတာတော်ပုံဆောင်းပါး နှင့် အင်တာဗျူးကို ကောက်နှုတ်ဖော်ပြလိုပါသည်။

အင်္ဂလိပ်တို့က မြန်မာပြည်ကို လွတ်လပ်ရေးတော့ပေးမည် ဆိုသောအခါ မြန်မာခေါင်းဆောင်များက နေ့ကောင်းရက်သာ ရွေးကြပါသည်။ ယခု ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မဟာမြိုင်ဘုန်းတော်ကြီးကျောင်းတွင် ဖြစ်ပါသည်။

မဟာမြိုင်ဆရာတော် (ကနောင်မင်းသားကြီး၏မြေး) ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးဗဆွေ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ သခင်လွန်းဘော်၊ ဟင်္သာတဦးမြ၊ ဦးတေဇောသာရ၊ ပုဏ္ဏားဦးလှမောင် အစရှိသူတို့သည် လွတ်လပ်ရေးဇာတာအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ထိုသို့ရွေးရာတွင် မဟာမြိုင်ဆရာတော်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ပုဏ္ဏားဦးလှမောင်တို့က ၁၉၄၈ ဇန်နဝါရလ (၁) ရက် ကြာသာပတေးနေ့ကို၎င်း၊ ဦးတေဇောသာရက ဇန်နဝါရီလ (၆) ရက် အင်္ဂါနေ့ကို၎င်း၊ ပျဉ်းမနား ဦးသန်းမောင်က ဇန်နဝါရီလ (၁၅) ရက် ကြာသာပတေးနေ့ကို၎င်း ရွေးပါသည်။

ထို့နောက် သတင်းစာများထဲတွင် ဇန်နဝါရီလ (၆) ရက်ကို လွတ်လပ်ရေးနေ့ အခါပေးမည်ဟု ဖော်ပြလေရာ ထိုရက်နှင့်ပတ်သက်၍ ဝေဖန်ချက်များ သတင်းစာတွင် ပါရှိလာသည်။

နောက်ပိုင်းတွင် ပညာရှင်အချင်းချင်း မညီမညွတ် ဖြစ်လာကြသဖြင့် ဦးနုက ဗိုလ်လက်ယျာကို ပဲခူးရှိ ကျောင်းအုပ်ဆရာကြီး၊ ဗေဒင်ပညာရှင် ဦးသက်တင်ဆီ စေလွှတ်ခဲ့သည်။ ဗိုလ်လက်ယျာက အနာဂတ် မြန်မာပြည်တွင် တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟု ယူဆ၍ စစ်တပ် အင်အားကြီးမားစေမည့် လွတ်လပ်ရေး ဇာတာကို တွက်ယူခိုင်းခဲ့သည်ဟု ဆိုပါသည်။

ဦးသက်တင်က ၁၉၄၈ ဇန်နဝါရလ (၄) ရက် တနင်္ဂနွေနေ့ နံနက် ၄ နာရီ ၂၀ မိနစ် လွတ်လပ်ရေးဇာတာအဖြစ် အခါတော်ပေးလေသည်။
မြန်မာ့လွတ်လပ်ရေး ဇာတာတော်တွင် ကြာသပတေးဂြိုဟ်၏ ကောင်းအားကိုလည်း အားပြုခဲ့သည်ဟု ဆိုပါသည်။

ဤသမိုင်းမှတ်တမ်းအရ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံမှာ နက္ခတ်ဗေဒင်ပညာများ ဆက်နွယ်နေသည်ကို တွေ့ရပါသည်။ ထိုအချိန်က တိုင်းပြည်ခေါင်းဆောင်များသည် တိုင်းပြည်၏ အထွတ်အမြတ်နေ့ကို အကောင်းဆုံး ဖြစ်လိုသောဆန္ဒဖြင့် ဗေဒင်ကိန်းခန်းများကိုပါ ထည့်သွင်းစဉ်းစားခဲ့သည်ကို တွေ့ရသည်။

ဆက်လက်၍ ၄.၁.၁၉၄၈ နေ့ကို ဆရာကြီးကိုင်ရို၏မူဖြင့် လေ့လာကြည့်ပါဦးမည်။ ဆရာကြီးကိုင်ရိုသည် လူတဦး၏ မွေးရက်ကို အဓိကထားသောကြောင့် လွတ်လပ်ရေးနေ့သည် ၄ ဂဏန်းနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ၁၃.၀၂.၁၉၁၅ တွင် မွေးဖွားခဲ့သောကြောင့် ၄ ဂဏန်းသမား ဖြစ်ပါသည်။

၄ ဂဏန်းသည် ယူရေးနပ်စ်ဂြိုဟ် ကိုယ်စားပြုသည်။
၈ ဂဏန်းသည် စနေဂြိုဟ် ကိုယ်စားပြုသည်။
၉ ဂဏန်းသည် အင်္ဂါဂြိုဟ် ကိုယ်စားပြုသည်။

၄ ဂဏန်း ၊ ၈ ဂဏန်း နှင့် ၉ ဂဏန်းတို့သည် တလုံးနှင့်တလုံး ပဋိပက္ခ ဆန့်ကျင်ဘက်အသွင် ဆောင်သည်ဟု ဆိုသည်။ ဤဂဏန်းများ၏ ဆက်သွယ်မှုနှင့်ပေါင်းစည်းမှုသည် များသောအားဖြင့် ကောင်းကျိုးထက် မကောင်းကျိုးကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

လွတ်လပ်ရေးနေ့၏ ရက်၊ လ၊ နှစ်ကို ပေါင်းပါက 4+1+1948 = 1953 = 18 = 9 ရရှိပါသည်။
၁၈ သည် တွဲဂဏန်း၊ ၉ သည် တလုံးတည်းဂဏန်း ဖြစ်ပါသည်။ တွဲဂဏန်း ၁၈ သည် အဆိုးနမိတ်ပြ ဂဏန်းဖြစ်ပါသည်။
MYANMAR (4115412 = 18) ဟူသော စကားလုံးကို ဆရာကြီးကိုင်ရိုမူဖြင့် ပေါင်းပါက ၁၈ တွဲဂဏန်း ရပါသည်။

လွတ်လပ်ရေးရယူခဲ့သည် ၁၉၄၈ ခုနှစ်ကို ပေါင်းပါက ၂၂ ၊ တလုံးတည်းဖြစ်အောင် ပေါင်းပါက ၄ ဂဏန်း ရရှိပါသည်။
တွဲဂဏန်း ၂၂ သည် အဆိုးနမိတ်ပြ ဂဏန်းဖြစ်ပါသည်။ ၁၉၄၈ ၏ ဆယ်ဂဏန်းနှစ်လုံးတွဲမှာ ၄ နှင့် ၈ ဖြစ်နေပါသည်။

ပထမအကြိမ် အာဏာသိမ်းသည့် ၁၉၆၂ ၏ ပေါင်းကိန်းသည် ၁၈၊ တလုံးတည်းသည် ၉ ဖြစ်သည်။
ဒုတိယအကြိမ် ၁၉၈၈ ခုနှစ် (၈.၈.၈၈ အရေးတော်ပုံ) ၏ ပေါင်းကိန်းသည် ၂၆၊ တလုံးတည်းသည် ၈ ဖြစ်သည်။
တတိယအကြိမ် ၂၀၂၁ ခုနှစ် ၏ ပေါင်းကိန်းသည် ၅ ဖြစ်ပါသည်။
သို့သော် ၂၀၂၀ ရွေးကောက်ပွဲ အကြောင်းတရား၏ အကျိုးဆက် ဖြစ်သောကြောင့် ၂၀၂၀၏ ပေါင်းကိန်း ၄ ကို ထည့်သွင်းစဉ်းစားရန် လိုပါသည်။

၄ ဂဏန်းသမား၏ မွေးဖွားသောနှစ်သည် အကောင်းနမိတ်ပြ တွဲဂဏန်းဖြစ်ရန် လိုအပ်သည်။ အဆိုးနမိတ်ပြ တွဲဂဏန်း ဖြစ်ပါက ဆိုးဝါးသည့် အခြေအနေကို ဖော်ညွှန်းသည်ဟု ဆိုပါသည်။ ထို့အတူ အဆိုးနမိတ်ပြ တွဲဂဏန်းနှစ်များနှင့် တိုက်ဆိုင်သည့်အခါ ဆိုးဝါးသည့် အခြေအနေ ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုပါသည်။

လွတ်လပ်ရေးနေ့ ၄ ဂဏန်းနှင့် ဆက်စပ်နေသော ၁၈၊ ၂၂၊ ၂၆ သည် အဆိုးနမိတ်ပြ တွဲဂဏန်းများ ဖြစ်နေခြင်း နှင့် တလုံးတည်း ဂဏန်းများသည် ၈၊ ၉၊ ၄ များ ဖြစ်နေခြင်းကို တိုက်ဆိုင်စွာ တွေ့ရှိရပါကြောင်း တင်ပြလိုက်ရပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
06.01.2022



0
0
0.000
4 comments
avatar

ဗဟုသုတ ရပါတယ်ခင်ဗျ
ကျွန်တော်တို့တော့ အံဒါတွေကို သတိမထားမိခဲ့ပါဘူးဗျာ

0
0
0.000
avatar

လွတ်လပ်ရေးနေ့ ရွေးတာ တကယ်ကျွမ်းကျင်တဲ့သူတွေ အခါမရွေးခဲ့တာလား
တစ်ခုခု လွဲမှားခဲ့တာတော့ အမှန်ပဲလို့ ထင်ပါတယ်။ တိုင်းရင်းသားတွေကော အဲနေ့မှာ လွတ်လပ်ရေး လိုက်ယူတာဆိုတော့ သူတို့လဲ အကျိုးဆက်ကို ကြုံရတော့တာ လို့ထင်ပါတယ်။ ဒီလွဲမှားမှုတွေကို အမြန်ကျော်ဖြတ်နိုင်ပါစေ။
!PIZZA

0
0
0.000
avatar

စိတ်ဝင်စားစရာပဲ။ !PIZZA

0
0
0.000