2022 prediction ( 4 , 5 , 6 , 7 )

avatar

19.png
ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ၊ ၂၀၂၂ နှစ်သစ် အခါသမယ၌ ပြည်သူအားလုံး ငြိမ်းချမ်းလုံခြုံသောဘဝ ပြန်လည်ရယူနိုင်စေကြောင်း ဆန္ဒပြုလိုက်ပါသည်။

ပြက္ခဒိန်နှစ်ကို အများနှင့်ဆိုင်သော ယူနီဗာဆယ်နှစ်ဟု ခေါ်ပါသည်။ ယခုနှစ် ၂၀၂၂ ကို တလုံးတည်းဖြစ်အောင် ပေါင်းပါက ၆ ဂဏန်း ရရှိသည်။ အများနှင့်ဆိုင်သော ဂဏန်းသည် ထိုနှစ်ကို စိုးမိုးမှု ရှိသည်ဟု ဆိုပါသည်။

ယူနီဗာဆယ်နှစ်ကို အသုံးပြု၍ လူတဦးချင်းစီအတွက် တနှစ်အတွင်း စိုးမိုးမှုဂဏန်းကို ရှာဖွေသော နည်းလမ်း ရှိပါသည်။ ထိုဂဏန်းသည် အများနှင့်မဆိုင်၊ ထိုသူတဦးတည်းနှင့်သာ သက်ဆိုင်သော တနှစ်တာ စိုးမိုးမှုဂဏန်း ဖြစ်ပါသည်။

သင်၏ မွေးရက်၊ မွေးလ ကို သိရှိရပါမည်။ မွေးနှစ်ကို တွက်ချက်ရာတွင် အသုံးပြုရန် မလိုပါ။ (မွေးရက် + မွေးလ + ယခုနှစ် ) တို့ကို တလုံးတည်းဖြစ်အောင် ပေါင်းခြင်းအားဖြင့် တနှစ်တာ စိုးမိုးမှုးဂဏန်းကို ရရှိနိုင်ပါသည်။

ဥပမာ - ၀၉.၀၈.၁၉၈၈ တွင် မွေးဖွားခဲ့သူ -

09 + 08 + 2022
9 + 8 + 6
23
5
(၂၀၂၂ စိုးမိုးဂဏန်း)

ထို့ကြောင့် ၀၉.၀၈.၁၉၈၈ တွင် မွေးဖွားခဲ့သူတဦးသည် ၂၀၂၂ တွင် (၅) ဂဏန်း ရရှိပါသည်။ဤနည်းအတိုင်း တွက်ချက်သွားပါက ရှေ့လာမည့်နှစ်များအတွက် စိုးမိုးဂဏန်းများ သိရှိနိုင်ပါသည်။ ၉ နှစ်လျှင်တကြိမ် ဂဏန်းများ တပတ်လည်လာပါလိမ့်မည်။

စိုးမိုးမှုဂဏန်းက ဖော်ပြသော တနှစ်တာ ကိုယ်ပိုင်နှစ်ဂဏန်းသည် ထိုနှစ်တွင် လုပ်သင့်သော လုပ်ငန်းအခြေအနေ နှင့် အကျိုးတရားကို ဖော်ပြပါသည်။ ကိုယ်ပိုင်နှစ်ဂဏန်းမှ ဖော်ပြသော အဓိပ္ပါယ်သတ်မှတ်ချက်များအတိုင်း လိုက်လျောညီထွေဖြစ်အောင် ပြုမူကျင့်ကြံသင့်သည်ဟု ဆိုပါသည်။

ကိုယ်ပိုင် (4) ဂဏန်းရရှိသောနှစ် -

ပြီးခဲ့သောနှစ်သည် ပျော်စရာကောင်းသော ကာလဖြစ်ပြီး ယခုနှစ်သည် လက်တွေ့ကျကျ လုပ်ဆောင်ရမည်၊ ပြီးခဲ့သောနှစ်က အယူအဆများကို အကောင်အထည်ဖော်ရမည်။ ယခုနှစ်သည် အသေးစိတ်ခြင်း၊ စနစ်တကျလုပ်ဆောင်ခြင်း၊ အစီအစဉ်တကျ စီစဉ်ခြင်းများ လုပ်ရမည်။ မိမိနှင့် မိသားစုကျမ်းမာရေးကို အထူး ဂရုစိုက်ရမည်။ အကုန်အကျနည်းအောင် ချွေတာခြင်း၊ ကုန်ပစ္စည်းနှင့် ပတ်သက်၍ စနစ်တကျ လုပ်ဆောင်ရမည်။ ရုပ်ဝတ္ထုပစ္စည်း အခြေအနေ တိုးတက်မှု၊ အောင်မြင်မှုမှာ လက်တွေ့ကျကျ စီးပွားရေးလုပ်ဆောင်မှုတွင် မူတည်သည်။

ကိုယ်ပိုင် (5) ဂဏန်းရရှိသောနှစ် -

ပြီးခဲ့သောနှစ်က တနှစ်လုံး အပြောင်းအလဲအချို့ လုပ်ခဲ့ရသောကြောင့် လက်ရှိနှစ်မှာ အနားမရဘဲ အလုပ်များနေသည်။ အဟောင်းဟောင်းကို အတွေးအခေါ်သစ်များဖြင့် အစားထိုးလုပ်ခဲ့သော်လည်း နှေးနှေးကွေးကွေးဖြစ်သည့်အတွက် အနာဂါတ်အတွက် ပူပင်စရာများ ဖြစ်လာနိုင်သည်။ ခရီးသွားခြင်း၊ လှုပ်ရှားမှုများခြင်း၊ အလုပ်အမျိုးမျိုး လုပ်ကိုင်ခြင်းအတွက် ကောင်းသောနှစ်ဖြစ်သည်။ ယခုနှစ်သည် မိမိထုတ်ကုန်များကို ကြော်ငြာသင့်သောနှစ် ဖြစ်သည်။ ယခုနှစ်မှာ ဘဝအပြောင်းအလဲ တိုးတက်မှုများနှင့် ပြည့်နေ၍ စိတ်လှုပ်ရှားဖွယ်ကောင်းသောနှစ် ဖြစ်သည်။

ကိုယ်ပိုင် (6) ဂဏန်းရရှိသောနှစ် -

ပြီးခဲ့သောနှစ်က လွတ်လပ်စွာနေခဲ့ပြီး ယခုနှစ်မှာ အရင်းနှီးများ စုဆောင်းမိလိမ့်မည်။ လုပ်ငန်းတာဝန်နှင့် အိမ်တွင်းရေးကိစ္စများ ရင်ဆိုင်ရသောနှစ် ဖြစ်သည်။ အချစ်ရေးနှင့် လုပ်ငန်းကိစ္စများ ယခုနှစ်တွင် အထူးအရေးပါသောနှစ် ဖြစ်သည်။ ချစ်ခင်မှုနှင့် ဂရုဏာထားဖို့ လိုသည်။ တူညီသော အကျိုးခံစားရမည့်နှစ် ဖြစ်သည်။ ယခုနှစ်သည် အိမ်ဆောက်ခြင်း၊ အိမ်ဝယ်ခြင်း၊ စေ့စပ်ခြင်း၊ လက်ထပ်ခြင်း လုပ်သင့်သောနှစ် ဖြစ်သည်။ တာဝန်ဝတ္တရား ကျေပွန်အောင်ထမ်းဆောင်မှု၊ တွေ့ကြုံရမည့် ဝန်ထုပ်ဝန်ပိုးများကို ခွင့်လွှတ်မှုနှင့် နားလည်မှု ပေးနိုင်ခဲ့လျှင် ယခုနှစ်မှာ ငွေကြေးများစွာ ဝင်နိုင်သောကာလ ဖြစ်သည်။

ကိုယ်ပိုင် (7) ဂဏန်းရရှိသောနှစ် -

ယခုနှစ်မှာ အသိဉာဏ်ဘက် ဦးစားပေးရမည်။ နာမ်ပိုင်းဆိုင်ရာ သန့်ရှင်းစင်ကြယ်ရမည်။ တယောက်တည်းနေပြီး တရားအားထုတ်၍ စိတ်ပိုင်းဉာဏ်ပိုင်း တိုးတက်အောင် လုပ်သင့်သည်။ စီးပွားတိုးချဲ့ကာ လုပ်ငန်းသစ်များကို တိုးချဲ့လုပ်ကိုင်ရမည့်နှစ် မဟုတ်ပါ။ သို့ရာတွင် ယခင်က စတင်ပြီးလုပ်ငန်းများကို အဆုံးသတ်ရမည့်ကာလ ဖြစ်သည်။ ငွေကြေးကို အတင်းအဓမ္မမရှာဖွေခဲ့လျှင် ငွေးကြေးကောင်းသောနှစ် ဖြစ်သည်။ ဘဝမှာ ထိုးထွင်းဉာဏ်က အရေးကြီးသည်။ ၎င်းထိုးတွင်းဉာဏ်က မိမိကိုယ်ကိုယ်နားလည်ပြီး ကောင်းသထက်ကောင်းအောင် အထောက်အကူပြုပါသည်။ အရာရာကို အကျိုးအကြောင်းရှိရှိ သုံးသပ်နိုင်ပါမှ အသိအမှတ်ပြုခံရပါမည်။

ကိုယ်ပိုင်နှစ်ဂဏန်းကို တွက်ချက်နည်း ၂ မျိုးရှိပါသည်။ မိမိအနေဖြင့် ဤအချိန်ကာလ သတ်မှတ်ခြင်း ၂ မျိုးလုံးကို ပေါင်းစပ်၍ စဉ်းစားသင့်ကြောင်း အကြံပြုလိုပါသည်။
(က) ပထမနည်းလမ်း - မွေးနေ့တခုမှ နောက်မွေးနေ့ထိ အချိန်ကာလကို ကိုယ်ပိုင်နှစ်ဟု သတ်မှတ်ခြင်း။
(ခ) ဒုတိယနည်းလမ်း - ပြက္ခဒိန်နှစ်အစမှ အဆုံးအထိ အချိန်ကာလကို ကိုယ်ပိုင်နှစ်ဟု သတ်မှတ်ခြင်း။

ကျန်ရှိနေသေးသော ကိုယ်ပိုင်နှစ်ဂဏန်းများကို ဆက်လက်ရေးသားပေးပါမည်။ ကိုယ်ပိုင်နှစ်ဂဏန်းများကို လေ့လာ၍ ကိုယ်ပိုင် ကံ၊ ဉာဏ်၊ ဝိရိယ၊ သတိတရားတို့ဖြစ်သာ တနှစ်တာခရီးကို အကောင်းဆုံး အခြေအနေဖြစ်အောင် ဖန်တီးသင့်သည်ဟု အကြံပြုလိုပါသည်။

ဤပို့စ်ကို ဖတ်ရှုရာတွင် ရှင်းလင်းစွာ နားလည်နိုင်ရန်အတွက် ယခင်ပို့စ်များကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။

မော်ဒန် သင်္ချာဗေဒသည် ပို့စ်တခုတည်းအနေဖြင့် အပြီးအပြတ် ရေးသားနိုင်သော အခြေအနေ မရှိခြင်း၊ စာဖတ်သူများ လွယ်ကူစွာ လေ့လာမှတ်သားနိုင်ရန် ရည်ရွယ်ခြင်း တို့ကြောင့် ပို့စ်များကို အခန်းဆက်သဖွယ် ရေးသားပေးသွားပါမည် ။

မော်ဒန်သင်္ချာဗေဒ၏ လေ့လာရန် လွယ်ကူသော ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။ မော်ဒန်သင်္ချာဗေဒအကြောင်း ပြီးစီးပါက - ဆရာကြီး ကိုင်ရို အသုံးပြုခဲ့သောစနစ်ကို ဆက်လက်ရေးသားပါဦးမည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
01.01.2022



0
0
0.000
3 comments
avatar

Congratulations @sayalu! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You distributed more than 700 upvotes.
Your next target is to reach 800 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

PUD - PUH - PUM - It's all about to Power Up!
Christmas Challenge - 1000 Hive Power Delegation Winner
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

မျှဝေပေးတာကျေးဇူးပါ အကို
တကယ့်ဗဟုသုတရပါတယ်

0
0
0.000
avatar

မွေးလရက်နှစ်တွေကို တစ်ခုတည်းဖြစ်အောင် ပေါင်းလိုက်တော့ ၄ ရပါတယ် ဆရာလုပြောထားတာတွေနဲ့တော့ အံကျပဲဗျို့ !PIZZA အခုဆို ကိုယ်လုပ်မှ ကိုယ်စားရတဲ့အခြေနေဖြစ်နေပေါ့ :D

0
0
0.000