စက်ရုပ်နှင့်လူသား (၅)
ဒီလိုနဲ့ နာရီပေါင်းများစွာ ကုန်ဆုံးသွားပြီးတဲ့နောက် အခန်းတံခါးဟာ ပွင့်လာပါတယ်။ A2 နဲ့ နောက်လိုက် စက်ရုပ်တချို့ အခန်းထဲ ဝင်လာပါတယ်။
" သင်တို့ကို အခုလို ထိန်းချုပ်ထားရတဲ့ အတွက် စိတ်မကောင်းပါဘူး။ အခု အပြင်မှာ မုန်တိုင်းလဲ ရပ်သွားပါပြီ။ အခြေအနေအားလုံး တည်တည်ငြိမ်ငြိမ် ရှိပါတယ်။ သင်တို့သာ ကျွန်ုပ်တို့ကို အနှောင့်အယှက် မပေးဘူးဆိုရင် စခန်းထဲမှာ အေးအေးဆေးဆေးနေလို့ရပါတယ်။ " လို့ A2 က သူတို့ကိုပြောပါတယ်။
စမစ် နဲ့အမ်းလည်း အပြင်ဖက်ကို သတိထား အကဲခတ်ရင်း ဖြည်းဖြည်းချင်း ထွက်လာကြပါတယ်။ သူတို့နောက်ကနေ A2 နဲ့ စက်ရုပ်တွေ လိုက်ပါလာကြပါတယ်။
စွမ်းအင်ပို့လွတ်မှုဆိုင်ရာ အချက်ပြ ဂရပ်တွေဆီ အကြည့်ရောက်သွားတဲ့အခါမှာတော့ သူတို့ နှစ်ယောက်စလုံး မျက်လုံးပြူးသွားပါတော့တယ်။ အကြောင်းကတော့ ပို့လိုက်တဲ့ စွမ်းအင်ရဲ့ ၉၇ % ဟာ ကမ္ဘာမြေဆီကို ရောက်ရှိသွားလို့ပါပဲ။
ဒီလောက်တောင် မဆိုးဝါးတဲ့ လျှပ်စစ်သံလိုက်မုန်တိုင်းကြားမှာ ကျွမ်းကျင်တဲ့ ယာဉ်မှုးတွေတောင် ၈၀% လောက်အထိပဲ စွမ်းအင်ပို့လွှတ်မှုကို ထိန်းကျောင်းနိုင်ပါတယ်။ ဒီလို မုန်တိုင်းမျိုးသာဆို ၇၀% ထိတောင်မသေချာပါ။
သူတို့နှစ်ယောက် နားနေခန်းထဲ ဝင်ခဲ့ကြပါတယ်။ A2 နဲ့ စက်ရုပ်တွေကတော့ ဗဟို ထိန်းချုပ်ခန်းထဲမှာ ကျန်နေခဲ့ကြပါတယ်။ အမ်းက
"မယုံနိုင်စရာပဲ။ စွမ်းအင်လေလွင့်မှုက အတော်နည်းတာပဲ။ ဒါနဲ့ တို့ ဘယ်လို လုပ်ကြမလဲ။ လက်နက်တွေယူပြီး A2 ကို ဖမ်းကြမလား။" လို့ပြောပါတယ်။
စမစ်က " နေဦးကွ ၊ အခု စက်ရုပ်တွေအကုန်က သူ့အမိန့်နာခံနေတာ။ တို့ သွားလုပ်ရင် နိုင်မှာမဟုတ်ဘူး။ ပြီးတော့ စခန်းကို သူထိန်းကျောင်းတာတို့ထက်တောင်ကောင်းနေသေးတယ်။ လွှတ်ထားကြည့်လိုက်တာပေါ့" လို့ ပြန်ပြောပါတယ်။
"ဒါဆို သူပြောပြောနေတဲ့ သခင်ကြီးတို့ ဘာတို့ကျ ဘယ်လိုလုပ်မလဲ" လို့ အမ်းက စောဒက တက်လိုက်ပါတယ်။
စမစ်က ပြုံးစိစိနဲ့ " သခင်ကြီးဖြစ်ဖြစ် ဘာဖြစ်ဖြစ် သူယုံကြည်တာ သူလုပ်ပါစေပေါ့။ အဲတာက အရေးမှ မကြီးတာ။ သူက တို့ဖြစ်စေချင်တဲ့ အလုပ်တွေ ကောင်းကောင်းမွန်မွန်လုပ်နေရင် ပြီးတာပဲဟာ" လို့ ပြောပါတယ်။
ဒီတော့မှ အမ်းလည်း အတွေးပေါက်သွားပြီး " အေးကွ။ ဒါလဲဟုတ်တာပဲ" လို့ ပြုံးပြီး ပြန်ပြောလိုက်ပါတော့တယ်။
ဇာတ်လမ်းလေးက ဒီမှာ ပြီးသွားပါတယ်။ ကျွန်တော်ကတော့ တွေးစရာလေးတချို့ ကျန်ခဲ့ပါတယ်။ AI ဟာ သတ်မှတ်ထားတဲ့ အပြင်ထိ လုပ်ဆောင်နိုင်ပါသလား။ ဒါမှမဟုတ် machine learning တွေကပဲ ကောင်းလွန်းရင် အဲလိုဖြစ်နိုင်ပါသလား။
ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြိုက်နှစ်သက်မိတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ကို ပြန်လည်မျှဝေပေးချင်လို့ပါ။ မိတ်ဆွေတို့ စိတ်ထဲမှာ အတွေးလေးဖြစ်ဖြစ် ရသလေးဖြစ်ဖြစ် ရရင် ကျေနပ်ပါတယ်ဗျ။
Photo credit: pinterest
Sai Kaung Zaw Thant
11/3/22
The people doing V2K with remote neural monitoring want me to believe this lady @battleaxe is an operator. She is involved deeply with her group and @fyrstikken . Her discord is Battleaxe#1003. I cant prove she is the one directly doing the V2K and RNM. Doing it requires more than one person at the least. It cant be done alone. She cant prove she is not one of the ones doing it. I was drugged in my home covertly, it ended badly. They have tried to kill me and are still trying to kill me. I bet nobody does anything at all. Ask @battleaxe to prove it. I bet she wont. They want me to believe the V2K and RNM in me is being broadcast from her location. And what the fuck is "HOMELAND SECURITY" doing about this shit? I think stumbling over their own dicks maybe? Just like they did and are doing with the Havana Syndrome https://ecency.com/fyrstikken/@fairandbalanced/i-am-the-only-motherfucker-on-the-internet-pointing-to-a-direct-source-for-voice-to-skull-electronic-terrorism
!PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
@donjaun(1/5) tipped @saikaungzawthant (x1)
Join us in Discord!
AI က လူတွေ ထည့်ထားပေးတဲ့ Data တွေ အပေါ် မူတည်ပြီး တွက်ချက် အလုပ်လုပ်ကြတာလို့ မြင်ပါတယ်။ ဒါပေမယ့် AI က သူကိုယ်တိုင် သင်ယူ တတ်မှု ဆိုတဲ့ အပိုင်း ရောက်လာရင်တော့ သိပ္ပံ ဝတ္ထုတွေထဲကလို လူသားတွေကို ထိန်းချုပ် နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ !LUV
@kachinhenry(1/1) gave you LUV. H-E tools | connect | <><
LUV in the dark? The confirmation-reply may soon be turned off. This would be to conserve and replenish Resource Credits. Even while operating in the dark, your LUV command will still go through as usual. You can always monitor LUV in your wallet, at explorer A or at explorer B, or best, in real time at the luv-log channel on Discord.
Tap to help.
ဟုတ်တယ် ကိုဟင် အနာဂတ်ကာလမှာ AI က စဉ်းစားတတ်လာမယ်လို့တော့ မျှော်လင့်နေကြတာပါပဲ။
ဆက်တွေးချင်စရာလေးပါ
စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့် စဉ်းစားထားပုံက မဆိုးဘူးလားလို့ပါ။ တွေးစရာ အချက်လေးတွေ ကျန်နေတော့လေ။