စက်ရုပ်နှင့်လူသား (၄)

img_6037.jpg

စမစ်ပြောမှ အမ်းက ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ကြည့်လိုက်ပါတယ်။ အချက်ပြ မော်နီတာပေါ်မှာ လှိုင်းအလျားတွေက အပြင်းအထန် လှုပ်ရှားနေတာ ကြည့်လိုက်ရုံနဲ့ ဒီတစ်ခါ သံလိုက်စက်ကွင်း မုန်တိုင်းက အတော် ပြင်းထန်မှန်း သိနိုင်ပါတယ်။

စမစ်ရော အမ်းပါ စက်ရုပ်တွေကို အတင်းတွန်းဖယ်ဖို့ ကြိုးစားကြပေမယ့် စက်ရုပ်တွေကသာ သူတို့ကို ဖမ်းချုပ်ထားပါတော့တယ်။ A2 စက်ရုပ်က " သူတို့ကို အခန်းတစ်ခုထဲ ထည့်ပိတ်ထားလိုက်ကြ၊ ပြီးမှ သူတို့ကို စီစဉ်မယ်" လို့ အမိန့် ပေးပါတယ်။

ဒီလိုဖြစ်မယ် မထင်ထားတော့ လက်နက်တွေအရေးပေါ် သေတ္တာတွေထဲက မထုတ်ထားထားမိတဲ့ သူတို့ နှစ်ယောက် စက်ရုပ်တွေက အလုံခန်းတစ်ခုထဲ ထိုးထည့်တာ ခံလိုက်ရပါတယ်။ (အရေးထဲ အာဏာက အသိမ်းခံရသေးတယ် ဘွက ဆိုးချက်)

အလုံခန်းကို အပြင်က သော့ခတ်ထားပေမယ့် ထူထဲတဲ့ မှန်ပြတင်းကတဆင့် စက်ရုပ်တွေ လှုပ်ရှားတာ မြင်နေရပါတယ်။ ဗဟိုထိန်းချုပ်ခန်းရဲ့ အလယ်မှာ စွမ်းအင်ကို convert လုပ်ပေးတဲ့ ဓာတ်ပေါင်းဖိုကြီး ရှိပါတယ်။

နေက အပူကို လျှပ်စစ်အဖြစ် ပြောင်းလဲပေးတဲ့ စခန်းရဲ့ အရေးအကြီးဆုံး ပင်မ ဓာတ်ပေါင်းဖိုကြီးပါ။ A2နဲ့ အတူစက်ရုပ်တွေက အဲ့စက်ကြီးနားမှာ ဝိုင်းနေကြပါတယ်။

A2 က ရှေ့ကနေ ဦးဆောင်ပြီး ဓာတ်ပေါင်းဖိုကြီးရှေ့မှာ ဝပ်တွားပြီး အရိုအသေပေးလိုက်ပါတယ်။ ကျန်တဲ့ စက်ရုပ်တွေကလဲ A2 နည်းတူ လိုက်ပြီး အရိုအသေပေးနေကြပါတယ်။

"ဒီကောင်တွေ အကုန် ရူးကုန်ပြီလား မသိဘူး။ စွမ်းအင်ပြောင်းစက်ကြီးကို ဝိုင်းပြီး အရိုအသေပေးနေကြတယ်။ ငါတို့ကိုကော သတ်ဦးမလား မသိဘူး။"

အမ်းက မြင်ကွင်းကို စိတ်မသက်မသာနဲ့ ကြည့်ရင်း ပြောလိုက်ပါတယ်။

စမစ်က " သတ်တော့ မသတ်လောက်ဘူး ထင်တယ်။ စက်ရုပ်ရဲ့ ပရိုဂရမ်ထဲမှာ လူသားကို ထိခိုက်အောင် မလုပ်ရဘူးဆိုတဲ့ စည်းကမ်းချက်က ပထမ ဦးစားပေးအဖြစ် ထည့်ထားတာပဲ" လို့ ပြန်ပြောပါတယ်။

အပြင်ဖက်မှာတော့ သံလိုက်မုန်တိုင်း အရှိန်က ပြင်းသထက်ပြင်းထန်လာနေပါပြီ။ အမ်းကစိတ်ရှုပ်ထွေးစွာနဲ့ ထပ်ပြောပါတယ်။

" သူတို့က ပုံမှန်မှ မဟုတ်တော့တာ။ အဲ့ဒီ စည်းကမ်းတွေ လိုက်နာပါ့မလား။"

"အင်း ဘယ်လို အခြေအနေမှာ ဖြစ်ဖြစ် လူသားကို အသက်အန္တရာယ် ထိခိုက်အောင် မလုပ်ရဘူးဆိုတဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတော့ ထည့်ရေးဆွဲထားတာပဲလေ။ အခုထိတော့ တို့ကို နာကျင်အောင် ဘာမှ မလုပ်သေးတာပဲ ကျေးဇူးတင်ရမလိုပဲ" လို့ စမစ်က ထောက်ပြပါတယ်။

အမ်းက " စွမ်းအင်ပြောင်းစက်ကြီး ထိန်းမရဘဲ ပေါက်ကွဲသွားရင် စခန်းတစ်ခုလုံး ဒုက္ခရောက်မှာပဲ။ ပြောနေရင်း စက်ရုပ်တွေ ထလာပြီး စက်တွေကို လုပ်နေပြီ။ စွမ်းအင်လှိုင်းတွေ ပြတ်တောက်ကုန်ရင်တော့ အဲ့ဒီ A2 ကို ငါ ဝါယာတွေ အကုန် ဆွဲဖြုတ်ဦးမယ်။ " လို့ ကြိမ်းနေပြန်ပါတယ်။

စမစ်က " စိတ်ငြိမ်ငြိမ်ထားစမ်းပါ။ အခု အခြေအနေမှာ တို့လုပ်နိုင်တာ ဘာမှ မရှိဘူး။ ဒီအခန်းထဲက ဖောက်ထွက်ဖို့လဲ မလွယ်ကူဘူး။ လူလဲဖို့လာတဲ့ လူတွေလာမှပဲ အကူအညီ တခုခု ရမှာ။ အခုကတော့ စခန်းကြီး ပေါက်ကွဲမသွားဖို့ပဲ ဆုတောင်းရမှာပဲ"

လို့ တွေးတွေးဆဆပြောပါတယ်။

ဆက်ရန်>>>>>

Photo credit: pinterest

Sai Kaung Zaw Thant
10/3/22



0
0
0.000
5 comments
avatar

Congratulations @saikaungzawthant! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You distributed more than 700 upvotes.
Your next target is to reach 800 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Feedback from the March 1st Hive Power Up Day
Our Hive Power Delegations to the February PUM Winners
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

စက်ရုပ်တွေလည်း အာဏာသိမ်းတာပဲလား..?😁😁😁 !LUV

0
0
0.000