စက်ရုပ်နှင့်လူသား (၃)
A2စက်ရုပ်က စတင်အလုပ်လုပ်တာနဲ့ ထူးဆန်းတဲ့ စကားကို ထပ်တလဲလဲ အရင်ရွတ်ဆိုပါတယ်။ "သခင်ကြီးကို အလုပ်အကျွေးပြုရမယ်" "သခင်ကြီးကို အလုပ်အကျွေးပြုရမယ်"။
စမတ်က A2 စက်ရုပ်ဟာ တခုခု ချွတ်ချော်နေပြီလို့ တွေးလိုက်ပါတယ်။ " ဟေ့ မင်းကို ဒီမှာ ငါတို့ကို ကူညီဖို့ လုပ်ထားတာ။ ငါမင်းလုပ်ရမယ့် တာဝန်တွေ ပြမယ်" လို့ သူက ပြောလိုက်ပေမယ့် A2 စက်ရုပ်က သူ့ကို နားမထောင်နေပါဘူး။
အဲ့ဒီအချိန်မှာပဲ အမ်းက အခန်းထဲဝင်လာပါတယ်။ "စမစ် မင်းစက်ရုပ်ကမူမမှန်ဘူးထင်တယ်။ မင်းပြောတာရော သူကြားရဲ့လားလို့" မေးလိုက်ပါတယ်။
စမစ်က " အေး သူဘာတွေပြောနေလဲမသိဘူး။ program များကြောင်သွားသလား မဆိုနိုင်ဘူး" လို့ ပြောပြီး " မင်း ဒီကိုလာစမ်း ဘာတွေလျောက်လုပ်နေတာလဲ" လို့ A2 စက်ရုပ်ကို လှမ်းပြောလိုက်ပါတယ်။
A2 စက်ရုပ်က စမစ်ကို ဂရုမစိုက်ဘဲ "သခင်ကြီးကို အလုပ်အကျွေးပြုရမယ်" လို့ ထပ်ရွတ်ဆိုပြီး အခန်းအပြင်ဖက်ထွက်သွားပါတော့တယ်။
တော်တော် ဒေါသထွက်သွားတဲ့ အမ်းက နောက်ကနေ ပြေးလိုက်ရင်း " ဟေ့ကောင် အရူး၊ ရပ်စမ်း ဒီမှာ ငါနဲ့ စမစ်ပဲ ရှိတယ် ဘာ သခင်ကြီးမှမရှိဘူး။ မင်းကို သုံးစားမရရင် တစစီ ပြန်ဖြုတ်ပစ်မယ်ကွ" လို့ အော်ဟစ်နေပါတယ်။
အဲ့ဒီ အချိန်မှာပဲ A2 စက်ရုပ်ဟာ ဗဟို ထိန်းချုပ်ခန်းထဲ ဝင်သွားပါတယ်။ စမစ်လဲ အနောက်ကနေ စိုးရိမ်တကြီး လိုက်ပြေးလာပါတယ်။ အဲဒီမှာ ရှိနေကြတဲ့ အရင် စက်ရုပ်တွေက A2 နဲ့ သူတို့နှစ်ယောက်ကို လှည့်ကြည့်ကြပါတယ်။
A2 က ကျန်တဲ့ စက်ရုပ်တွေကို လှမ်းပြောလိုက်ပါတယ် "သခင်ကြီးကို အလုပ်အကျွေးပြုရမယ်" ။ ကျန်တဲ့ စက်ရုပ်တွေကလည်း တညီ တညွတ်ထဲ "သခင်ကြီးကို အလုပ်အကျွေးပြုရမယ်" လို့ပြန်ပြောပါတယ်။
အမ်းက နဖူးက ချွေးတွေကိုသုတ်ရင်း " ဒုက္ခပဲ virus များကူးကုန်ပြီလားမသိဘူး" လို့ ရေရွတ်လိုက်ပါတယ်။ စမစ်က အခြေအနေကို ထိန်းတဲ့အနေနဲ့ " ဟေ့ ကိုယ့်အလုပ်ကိုပြန်လုပ်ကြ A2 က အဆင်သင့်မဖြစ်သေးဘူး။ ငါတို့နဲ့ ခန ပြန်လိုက်ခဲ့" လို့ပြောရင်း စိတ်ထဲက လစ်ရင် A2 ကို power ပိတ်လိုက်မှလို့ တွေးနေပါတယ်။
ဒါပေမယ့် A2 နား ကပ်လို့မရပါဘူး။ တခြားစက်ရုပ်တွေက A2 ကို ဝန်းရုံထားပြီး သူတို့ အမိန့်ကို မနာခံတော့ပါ။ A2 က သူတို့ကို " သခင်ကြီး အမိန့်ကိုနာခံပါ။ မဟုတ်ရင် သင်တို့ကို ပြင်းထန်စွာ အပြစ်ပေးရပါလိမ့်မယ်" လို့ပြောပါတယ်။
အမ်းက "အံမာ စက်ရုပ်စုတ်က လူပါးဝတာ။ မင်းကို ငါတို့ ဖန်တီးထားတာကွ။ ငါတို့မှ မင်းသခင်။ ဒါတောင်မသိဘူးလား ငတုံးစက်ရုပ်" ဆိုပြီး ကြိမ်းမောင်းပါတော့တယ်။
အဲ့အချိန်မှာပဲ စမစ်က " အမ်း လျှပ်စစ်သံလိုက် မုန်တိုင်းကျလာပြီလို့ အချက်ပေးနေပြီ။ အရေးထဲမှကွာ။ အခုတစ်ခေါက် မုန်တိုင်းက ကြီးတယ်ထင်တယ်။ မြန်မြန်လုပ်မှ။ မဟုတ်ရင် ကမ္ဘာကို စွမ်းအင် ပို့ဖို့ တစ်ပတ်လောက် ရပ်သွားလိမ့်မယ်။"
ဆက်ရန်>>>>>
Photo credit: pinterest
Sai Kaung Zaw Thant
9/3/22
Congratulations @saikaungzawthant! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
Your next target is to reach 500 replies.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out the last post from @hivebuzz:
Support the HiveBuzz project. Vote for our proposal!
!PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
@donjaun(2/5) tipped @saikaungzawthant (x1)
You can now send $PIZZA tips in Discord via tip.cc!
စောင့်မျှော်လျက်ပါ...!LUV
@kachinhenry(1/1) gave you LUV. H-E tools | connect | <><
Tap to help.
ဟုတ် ကိုဟင် 😁😁😁