စက်ရုပ်နှင့်လူသား (၂)

avatar
(Edited)

img_6037.jpg

အခု အဲ့ဒီလို စခန်းတစ်ခုကို တည်ဆောက်ပြီး လျှပ်စစ်စွမ်းအင်ကို ကမ္ဘာကို ပြန်ပို့နိုင်နေပြီ( တက်စလာနည်းပညာလိုမျိုး သုံးမယ်ထင်ပါတယ်) ။ ပြသနာက လူသား အကူအညီ မပါပဲ စခန်းက လည်ပတ်လို့ မရသေးတာပါ။ အာကာသ ယာဉ်မှုးတွေဟာ ခြောက်လ တစ်ကြိမ် စခန်းမှာ နေထိုင်ပြီး စခန်းကို ထိန်းချုပ်ရပါတယ်။

တာဝန်ကျ လူသားယာဉ်မှုး နှစ်ဦးအတွက်က လက်ထောက် စက်ရုပ်တွေ ရှိပေမယ့် မျိုးတူ လူသားတွေနဲ့ ဝေးတဲ့ အာကာသ စခန်းမှာ ခြောက်လလုံးလုံး တာဝန်ထမ်းဆောင်ရတာက အထီးကျန်ပြီး ငြီးငွေ့စရာကောင်းတဲ့အလုပ်ကြီးပေါ့။

စခန်းမှာက ပုံမှန် အချိန်ဆို အလုပ်သိပ်မများဘဲ စက်တွေကို စစ်ဆေးခြင်းနဲ့ ကမ္ဘာမြေကို ပို့တဲ့ စွမ်းအင်တွေ အလေအလွင့် နည်းအောင် ကြပ်မတ်လုပ်ဆောင်ရုံသာ ရှိတာပါ။ ဒါပေမယ့် အာကာသထဲမှာ တခါတလေ ဖြစ်တတ်တဲ့ လျှစ်စစ် သံလိုက် မုန်တိုင်းကျတဲ့ အခါကျရင် တော်တော် အလုပ်ရှုပ်ပါတယ်။

တာဝန်ကျ ယာဉ်မှုး နှစ်ယောက်ကော လက်ထောက် စက်ရုပ်တွေပါ ဝိုင်းပြီး စခန်းကို ထိန်းသိမ်းရပါတယ်။ လျှပ်စစ်သံလိုက် မုန်တိုင်းကျနေတဲ့ အချိန်မှာ စခန်းက စက်တွေဟာ ပုံမှန် အလုပ်လုပ်ဖို့ ခက်ခဲပြီး ကမ္ဘာကို ပြန်ပို့လိုက်တဲ့ စွမ်းအင်တွေကလဲ အလေအလွင့်များပါတယ်။ ဒါကြောင့် လျှပ်စစ်သံလိုက် မုန်တိုင်းကျချိန်ဆို ယာဉ်မှုး နှစ်ယောက်စလုံး စိတ်မော လူမော ဖြစ်ကြရပါတယ်။

ဒါပေမယ့်လဲ ကမ္ဘာမြေအတွက် အရေးကြီးတဲ့စွမ်းအင်လိုအပ်ချက်မို့ တာဝန်ကြေအောင် ကြိုးစား လုပ်ဆောင်နေကြပါတယ်။ ဒီနေ့ သူတို့ ၂ယောက်လုံး စိတ်လှုပ်ရှားနေကြပါတယ်။ အကြောင်းကတော့ စခန်းမှာ တာဝန်ထမ်းဆောင်ဖို့ စက်ရုပ် အသစ် တစ်ခုကို သူတို့ တီထွင်ဖန်တီးနေကြတာ ပြီးခါနီးနေပြီ မို့ပါ။

ဒီစက်ရုပ် အသစ်ကို အရင်အဟောင်းတွေထက် ပိုအဆင့်မြင့်အောင် ဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။ လူသားအပေါ် မှီခိုမှုလျော့ချနိုင်ပြီး အလုပ်တာဝန်တွေ ပိုလုပ်နိုင်မယ့် စက်ရုပ်မျိုးပေါ့။ တကယ်လို့ ဒီ စက်ရုပ်သာ အဆင်ပြေရင် ခွင့်ရက်များများပိုယူနိုင်ပြီး ကမ္ဘာမြေမှာ ရက်ပိုကြာကြာနေနိုင်မှာမို့ သူတို့စိတ်အား တက်ကြွနေကြတာပါ။

ဒါပေမယ့် စက်ရုပ်က အခုမှ အသစ်ကို beta version လို ဖြစ်နေတော့ သူတို့ အစပိုင်းမှာ လိုက်ကြပ်မတ်ပေးဖို့ လိုမယ်လို့ စမစ်ရော အမ်းကပါ ယူဆထားကြပါတယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံး အရင် စက်ရုပ်တွေထက် သာရင်တော့ သူတို့လဲ ပိုသက်သာနိုင်တယ်လို့ တွေးနေကြပါတယ်။

နောက်တစ်ခုက ခြောက်လပြည့်ပြီးသွားလို့ ရိက္ခာလာပို့မယ့် ယာဉ်နဲ့ အတူ အစားထိုးလှဲလှယ်မယ့် တခြား ယာဉ်မှူး နှစ်ယောက်က လာခါနီးနေပါပြီ။ စခန်းကို လက်မလွှဲခဲ့ခင် စက်ရုပ်အသစ်ကိုလဲ အစစအရာရာ စိတ်ချပြီးမှ ထားခဲ့ချင်တာပါ။

ဒီလိုနဲ့ စက်ရုပ်ကို နောက်ဆုံးအဆင့် တပ်ဆင်ပြီး စမစ်က စက်ရုပ်ကို စမ်းသပ်ဖို့ ပြင်ဆင်နေပါတယ်။ အားလုံး ပြင်ဆင်ပြီးချိန်မှ စက်ရုပ်ကို ပါဝါဖွင့်လိုက်ပါတော့တယ်။သူတို့က A2 လို့ သူ့ကို နာမည်ပေးထားပါတယ်။

ဆက်ရန်>>>>>

Photo credit: pinterest

Sai Kaung Zaw Thant
8/3/22



0
0
0.000
4 comments
avatar

စက်ရုပ်​တွေကို စိတ်ဝင်စားတယ်

0
0
0.000
avatar

ဟုတ်တယ် အစ်မ။ ရိုဘော့တွေ တီထွင်တာ မြင်ရင် စိတ်ဝင်စားမိတယ် ဘယ်လောက်ထိ လုပ်နိုင်သလဲပေါ့။

0
0
0.000