MongNai(9)

img_6016.jpg

ဒေဝီ ၁၂ ပါးဂူက မိုးနဲမြို့ မြောက်ဖက်မှာ ရှိပါတယ်။ မြို့ရဲ့ သမိုင်းကြောင်းလို့ ပြောကြပေမယ့် တကယ်ကတော့ ပုံပြင်တစ်ပုဒ်လိုပါ။ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို သူ့နောက်ကြောင်းနဲ့ သူရှိခဲ့ကြတာပေါ့လေ။
ဟိုးအရင်က အလွန်ချောတဲ့ ညီအစ်မ ၁၂ယောက် ရှိခဲ့တယ်တဲ့။ အရွယ်ရောက်လာတော့ အဲ့ဒီဒေသကို အုပ်စိုးတဲ့ ဘုရင်ကြီးက ညီအစ်မ ၁၂ ဖော်ကို မိဖုရား အဖြစ် တော်ကောက်ခဲ့တယ်တဲ့ဗျ။

သူတို့တွေက အချင်းချင်းလဲသင့်မြတ်ကြပြီး နန်းတော်ထဲမှာပျော်နေကြတာပေါ့။ ဒါပေမယ့် သူတို့ မသိတဲ့ မကောင်းမှု အရိပ်မည်းကြီးတစ်ခုက သူတို့နောက်လိုက်လာနေတာကိုတော့ မသိနိုင်ခဲ့ကြဘူးတဲ့။

သူတို့ ငယ်စဉ်က ချောင်းထဲမှာ ရေကစားကြရင်း ငါးတစ်ယောက်တစ်ကောင် ဖမ်းမိခဲ့ကြတယ်။

ငါးတွေပြန်လွတ်ပေးခဲ့ကြပေမယ့် အပျော်သဘောနဲ့ မျက်လုံးတွေ ဖောက်မိခဲ့ကြတယ်။ အငယ်ဆုံးတစ်ယောက်က အကြီးတွေ လုပ်လို့ လိုက်လုပ်ရပေမယ့် သနားတာကြောင့် သူဖမ်းမိတဲ့ငါးကို မျက်လုံး တစ်ဖက်ပဲ ဖောက်ပြီး ပြန်လွတ်ပေးလိုက်တယ်။

အဲ့ဒီလိုနဲ့ မိဖုရားတွေ ဖြစ်လာခဲ့ကြပြီး အဲ့ဒီ ကိစ္စတွေပါ မေ့မေ့ပျောက်ပျောက်ဖြစ်နေကြတဲ့ အချိန်မှာပဲ ဘီလူးမတစ်ကောင်ဟာ သူတို့ကို တိတ်တဆိတ် ဖမ်းခေါ်သွားပြီး ကျောက်ဂူ တစ်ခုထဲ ထည့်ထားလိုက်တယ်။ ဘုရင်နဲ့ တခြား မှုးမတ်တွေကို ပြုစားထားပြီး နန်းတော်ထဲမှာ မိဖုရား နေရာယူထားလိုက်တယ်တဲ့။

ညီအစ်မ ၁၂ ဖော်ကိုတော့ ထွက်ပြေးလို့မရအောင် သူတို့ မျက်လုံးတွေပါ ဖောက်ထုတ်ပစ်လိုက်တယ်။ အငယ်ဆုံးတစ်ယောက်သာ သူသနားခဲ့ဖူးတဲ့အကျိုးကြောင့် မျက်လုံး တစ်လုံးကျန်နေခဲ့တာပေါ့။

သူတို့မှာ ကိုယ်ဝန်တွေပါလာခဲ့ကြတယ်။ အဲ့ဒီကျောက်ဂူထဲမှာပဲ ကလေးမီးဖွားကြရတာပေါ့။ မျက်စိက မမြင်တော့ ငတ်လာတဲ့အခါ ကိုယ့် ကလေးကို ပြန်စားကြရော။အငယ်ဆုံးတစ်ယောက်က မြင်နေရသေးတော့ ဘယ်လိုမှ စားမဝင်ဘူး။

သူ့ဝေစုအသားတွေကို သူ့ကလေး အသားလို့ ညာပြီးပြန်ပေးလိုက်တယ်။ သူ့ကလေးကိုတော့ တိတ်တဆိတ် မွေးမြူခဲ့တယ်တဲ့။ နောက်တော့ ကလေးက အတော်လေးကြီးတဲ့ အခါမှ ကျန်တဲ့ ညီအစ်မတွေလဲ သိရပေမယ့် မွေးကင်းစလေးလို မဟုတ်တော့ ရန်မရှာတော့ဘူး။

ကလေးဟာ အဲ့ဒီ ကျောက်ဂူထဲမှာ အရွယ်ရောက်လာခဲ့တယ်။ သူငယ်ငယ်က ကစားခဲ့တဲ့ ကျောက်မောင်းကို အခု ဂူထဲမှာ တွေ့နိုင်သေးတယ်။ တုတ်တစ်ချောင်းနဲ့ တီးလိုက်ရင် မောင်းတီးသလို အသံထွက်တယ်။ အထဲက လှိုက်ပါတယ်ထင်တယ်။

သူအရွယ်​ရောက်လာတော့ စပ်စုတာပေါ့။ အမေတို့ အဒေါ်တို့က လူသူမနီးတဲ့ တောထဲမှာ ဘယ်လိုရောက်နေတဲ့ အကြောင်းတွေပေါ့။ သူ့အမေက အကြောင်းစုံ ပြန်ပြောပြပြီး ဘီလူးမပြုစားထားတဲ့ ဘုရင်အကြောင်းတွေနဲ့ သူဟာ ဘုရင့်သား ဖြစ်ကြောင်းတွေရောပေါ့။

အဲ့ဒီ အကြောင်းတွေ သိရတော့ လူငယ်လေးက ဘီလူးမကို နှိမ်နင်းပြီး သူ့အမေတို့ကို နေရာမှန် ပြန်ရောက်အောင် လုပ်ပေးမယ်ဆိုပြီး သူ့အမေအတန်တန်တားတဲ့ကြားက ထွက်လာခဲ့တယ်။

ဆက်ရေးပါဦးမယ်ဗျ။ ကျေးဇူးပါ။

photos source: Facebook, Mongnai Township
Sai Kaung Zaw Thant
14/2/22



0
0
0.000
6 comments
avatar

ဒီအကြောင်းလေး ကြားဖူးသဗျို့။
!PIZZA

0
0
0.000
avatar

ဟုတ် အစ်ကို ထိုင်းဖက်က ဇာတ်လမ်းရိုက်သေးတယ်ထင်တယ် သေချာတော့ မမှတ်မိဘူးဗျ။

0
0
0.000
avatar

ဇတ်ရှိုန်မြင့်နေပြီ။ PIZZA

0
0
0.000
avatar

အစ်ကို အဲ့ဒီ ၁၂ပါးဂူ ဘုန်းကြီးကျောင်းမှာ ပန်းချီကားတွေ ပုံရိုက်ခဲ့သေးတယ်မလား။

0
0
0.000
avatar

ရ်ုက်မယ် ထင်တယ်။ ဘယ် ကွန်ပျူတာထဲမှာလဲ မသိဘူး

0
0
0.000