လျှပ်စစ်မီးနှင့် ဘဝများ

img_1034.heic

အခုတလော မီးမလာလို့ လျှပ်စစ်မီးမမှန်လို့ ပြောနေကြတာ နေရာတိုင်းလိုလိုပါ။ ပုံမှန် နေ့စဉ် လိုအပ်ချက် ပြည့်မှီအောင်တောင် လျှပ်စစ်မီးကို မပေးနိုင်တော့ လုပ်ငန်းသုံးသမားတွေ ပိုခက်ကြပါတော့တယ်။

ပြောနေလို့လဲ အပိုဆိုတာ သိပေမယ့်လည်း ထုံးစံအတိုင်း ကြုံရတွေ့ရတာတွေ ပြောချင်လာပါတယ်။ ကိုယ်တွေထက် အခြေအနေ အများကြီး ဆိုးတဲ့ နေရာဒေသတွေ ရှိမှန်း သိပေမယ့် ကိုယ်တွေဟာလဲ ကိုယ့် ဒုက္ခနဲ့ကိုယ် မဟုတ်လား။

လျှပ်စစ်မီးအချိန်မှန် မရကြတော့ ဆိုလာတပ်သူတပ် မီးစက်ဝယ်သူဝယ် စသဖြင့် ကိုယ်တတ်နိုင်တဲ့ဖက်က ဖြေရှင်းဖို့ ကြိုးစားရပါတော့တယ်။ တာဝန်ရှိသူဆိုသူတွေက သူတို့ရှိချင်တဲ့ နေရာမှာသာ တာဝန်ရှိနေကြတော့ ကိုယ့်အားကိုကိုးဖို့သာကျန်ပါတော့တယ်။

သူငယ်ချင်း တစ်ယောက်က ကော်ဖီဆိုင်လေး ဖွင့်ထားတော့ မီးမလာရင် သူ့ ကော်ဖီစက်တွေက အလုပ်လုပ်လို့မရပါဘူး။ အရင်က မီးပျက်ပေမယ့် ရံဖန်ရံခါသာ ပျက်သာမို့ အရံမီးစက်က အဆင်ပြေပါတယ်။

အခု ခနခန ပျက်နေတာဆိုတော့ သူ့မီးစက်ကလဲ ခနခန နိုးနေရတာနဲ့ သိပ်မကြာခင်မှာပဲ ဖောက်ပါလေရော။ မီးစက်က ပြင်ဆိုင်ပို့ထားပြီး မီးပါမလာတဲ့ အချိန် ကော်ဖီရောင်းလို့ မရတော့ပါ။ ကော်ဖီဆိုင် ဖွင့်ထားပြီး ကော်ဖီမရဘူးဆိုတော့ တော်တော် ဂွကျပါတယ်။

ဧည့်သည်တွေကလဲ ကော်ဖီသောက်မယ် ဆိုကာမှ ကော်ဖီက မရသေးဘူးဆိုတော့ ပွစိပွစိ ဖြစ်ပြန်ရော။ ဆိုင်က မီးပျက်တဲ့အချိန် ပိတ်ထားရမလိုလို မီးလာမှ အမြန် ပြန်ဖွင့်ရမလိုလိုနဲ့။ လုံးဝ ပိတ်ထားမယ်ဆိုကြပြန်လည်း စားဝတ်နေရေးနဲ့ ဝန်ထမ်းစားရိတ်က ရှိသေးတော့ မဖြစ်သေး။

မီးစက် အမြန်ပြန်ရဖို့သာ ဆိုင်ကို သွားလောနေရပါတယ်။ အဲ့မှာ မီးစက်က လိုတဲ့ စပယ်ရာပါတ်က ရဖို့ခက်နေတဲ့အပြင် ပြင်တဲ့ ကုန်ကျစားရိတ်က များမယ်ဆိုတော့ အလျင်လိုနေတဲ့ သူ့မှာ မီးစက် နောက်တစ်လုံးသာ ဝယ်ရပါတော့တယ်။

သာမန်အိမ်သုံးရုံလောက်ဆို 3K လောက်က အဆင်ပြေပေမယ့် သူ့ ကော်ဖီစက်နဲ့ အအေးခန်းတွေအတွက် 5 or 6K လောက်မှ ရမှာပါ။ မြန်မာကျပ်ဈေးက တန်ဖိုးကျနေတော့ သိတဲ့အတိုင်း ပြည်ပသွင်းကုန်တွေရဲ့ ဈေးကလဲ ၂ဆ နီးပါး တက်နေပါတယ်။

သူငယ်ချင်းလဲ လုပ်ငန်းလည်ပတ်ဖို့သာ အဓိကလို့ တွေးရင်း ဝယ်ချလာပါတော့တယ်။ ကျွန်တော်လဲ သူ့ကို မအီမလည် ပြုံးပြီး ငေးကြည့်ရင်းသာ.........

Sai Kaung Zaw Thant
25/3/22



0
0
0.000
1 comments