Hive Powerup ခြင်းနှင့် Hive platform မှ အသီးအညွှန့်များ အခမဲ့ ရယူခြင်း

avatar
(Edited)

Dear friends,
ဒီကနေ့ကတော့ Hivebuzz ရဲ့ powerup တဲ့ရက် ဖြစ်လို့ ပါဝါတိုးပြီး အမှတ်တရ ပျားပုံလေးကို သိမ်းထားလိုက်ပါပြီ။ အခြားရက်တွေမှာလဲ ပါဝါတိုးလို့ရပေမယ့်လဲ၊ အမှတ်တရ ပျားပုံတံဆိပ်လေးရချင်လို့ လရဲ့ပထမရက်မှာ ပါဝါတိုးရတာပါ။ ပါဝါများများ တိုးလေ ပျားကောင်ကြီးကြီးရလေဆိုပေမယ့် ကြီးကြီးသေးသေး ကိုယ့်အတွက်တော့ အမှတ်တရတစ်ခု ပါပဲ။

power_up.jpg

ကျွန်တော့်အနေနဲ့ ဘာလို့ ပါဝါတိုးလဲ လို့ မေးလာရင်တော့ Hive platform ရဲ့ အသီးအပွင့်လေးတွေ စားသုံးဖို့လို့ဖြေရမှာ ဖြစ်ပါတယ်။ Hive platform မှာ သဘောကျတာက ကိုယ်ကိုတိုင် post တွေမ တင်နိုင်ရင်တောင်မှ သူများ ပိုစ့်ကို vote ပြီး curator အနေနဲ့ HP လေးတွေရှာနိုင်တာပါ။ ကိုယ့်ရဲ့ Hive Power ပိုကြီးလေ vote အားကောင်းလေ curator reward ပိုရလေမို့ ပါဝါတိုးရတာ အဖြေပေးရမှာပါ။ ကျွန်တော်တို့ရဲ့ နေ့စဉ်ရတဲ့ curator reward ကို https://hive-now.com/ မှာ နာမည်ရိုက်ထည့်ပြီး ကြည့်လို့ရပါတယ်။

Hive platform မှာ နေ့စဉ်အခမဲ့ ပေးနေတာကတော့ ကျွန်တော်တို့ရဲ့ VP (voting power) ပါ။ Voting power လေးနဲ့ နေ့စဉ် vote ပြီး curator rewards အခမဲ့ ရယူနိုင်တယ်လို့ ဆိုလိုတာပါ။ မိမိရဲ့ HP နည်းနေသေးရင်တော့ ကိုယ့် vote အားမရှိလို့ curator reward ရသေးမှာ မဟုတ်ပါဘူး။ VP က ၈၀ % အထက်မှာ ရှိနေသင့်တယ်ဆိုပေမယ့်၊ ကျွန်တော့်မှာတော့ ၈၀ % ပြန်မပြည့်နိုင်အောင် သုံးမလောက်တာပါ။

Ecency platform သုံးရင် နောက်ထပ် အခမဲ့ရတာကတော့ ecency points လေးတွေပါ။ Ecency က သူ့ platform ကနေ ပိုစ့်တင်ရင် ပထမပိုစ့်ကို 20 points ပေးပါတယ်။ ဒုတိယပိုစ့်ကို တော့ 15 points ပဲ ပေးတယ်ထင်ပါတယ်။ တခြား comment ပေးတာတွေ နေလဲ points လေးတွေရပါတယ်။ လူသစ်ဖြစ်တဲ့ ကျွန်တော်အဖို့ ဒီpoints လေးတွေစုပြီး Ecency boost ကို အားကိုးနေရတာပါ။

တခြားရယူနိုင်တာတွေကတော့ ရှာဖွေလေ တွေ့ရှိလေပါပဲ။ လူဟောင်းတွေကတော့သိပြီးသားဆိုပေမယ့် ကိုယ့်အတွက်တော့ တစ်ခုပြီးတစ်ခု သိနေရတာမျိုးပါ။ စကားလုံး အသုံးအနုန်းတွေလဲ စုံပါတယ်။ ဟို တစ်ရက် ကမှ Liquid pool နဲ့ liquidity ဆိုတာလေး လေ့လာမှတ်သားမိခဲ့တာပါ။ ကျွန်တော့်ရဲ့ ရှေ့ပိုစ့်မှာ BeeSwap web site အကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ BeeSwap ဝက်ဆိုက်ကိုသုံးရင် Hive wallet က Hive ကို Hive Engine ဆီကို SWAP.HIVE အဖြစ်လွဲတဲ့ အခါ (0.25%) လွဲခနဲ့ လွဲနိုင်တာပါ။ သူက Hive Engine "Deposit" "Withdraw" % (1%) ထက် လွဲခ သက်သာတော့ နောက်ပိုင်း အသုံးပြုသူ များလာဟန်တူပါတယ်။ BeeSwap ဆိုက်မှာ token အရောင်းအဝယ်တွေအတွက် token အရေအတွက်နဲ့ အဲဒီတိုကင်ရဲ့ တန်ဖိုးညီတဲ့ Hive ကို pool တစ်ခုအနေနဲ့ ထားထားတာတာပါ။ ပြီးတော့ ကိုယ်က အဲဒီ pool မှာ ကိုယ့်ရဲ့ တိုကင်နဲ့ Hive ကိုထည့်ထားရင် သူတို့ဘက်က နေ့စဉ် % တစ်ခုနဲ့ reward လေးတွေ ပြန်ပေးတာကို တွေ့ရပါတယ်။ (ဘယ်လိုပြန်ပေးလဲ ဆိုတာကိုတော့ သေခြာမလေ့လာမိသေးလို့ မရေးနိုင်သေးပါ။ sim token ထည့်ထားရင်တော့ sim နဲ့ ပြန်ပေးတာကို တွေ့ရပါတယ်။) ဒီ BeeSwap Poolလင့်မှာ pool ထဲကတိုကင်တွေနဲ့ reward လေူတွေကိုဝင်ရောက် လေ့လာနိုင်ပါတယ်။ တိုကင်တိုင်းကိုတော့ reward မပေးတာကိုလဲ တွေ့ရပါတယ်။

beeswap_reward.jpg

source

Liquidity ဆိုတာကတော့ ရောင်းဝယ်နိုင်တဲ့ အရာလို့ မှတ်သားရပါတယ်။ Hive က crypto currency ပုံစံသုံးမျိုးနဲ့လည်ပတ်နေတာဖြစ်ပြီး အဲဒီအထဲမှာ အရည် (liquid) လိုစီးသွားနိုင်တာ (ရောင်းဝယ် နိုင်တာ) က Hive နဲ့ HBD လို့ ဖြစ်လို့၊ Liquid ဆိုတဲ့ အခေါ်အဝေါ် အလွယ်တကူ မှတ်မိစေပါတယ်။

Hive platform မှာ လေ့စာစရာတွေရှိနေသလို အခွင့်အရေးတွေလဲ များစွာရှိတယ်လို့ မြင်မိပါတယ်။ ကျွန်တော်တို့ တစ်စိုက်မတ်မတ် (consistent) လေ့လာလုပ်ကိုင်ရင်း ဒီ platform ရဲ့ အသီးအပွင့်လေးတွေ ရယူနိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်။

@princekham
1st Dec 2021



0
0
0.000
11 comments
avatar

မသိသေးတာ သိရတဲ့အတွက် ကျေးဇူးပါ။ powerup လုပ်တာ ဟိုက်ဗ် ဘယ်လောက်ရှိမှ စလုပ်လို့ရမှာလဲဗျာ။

0
0
0.000
avatar

ဟုတ်ကဲ့။ 10 Hive အနည်းဆုံးနဲ့ လုပ်လို့ ရပါတယ်ဗျ။ လရဲ့ ပထမဆုံး ရက်မှာ လုပ်ရင် Power Bee badge လေးရပါတယ်။sayalu ရဲ့ https://hivebuzz.me/@sayalu မှာ power up day က်ို count down လေးနဲ့ ဖော်ပြထား‌ေပးထားပါတယ် ဗျ။ !LUV

0
0
0.000
avatar

Congratulation ပါ ဒီရက်မှာ power up လုပ်တာ အရမ်းကောင်းပါတယ်။တိုးတက် အောင်မြင်ပါစေ...

0
0
0.000
avatar

ဟုတ်။ ကျေးဇူးတင်ပါတယ်။ !LUV

0
0
0.000
avatar

BeeSwap Pool ကိုတော့ မသုံးရသေးပါဘူး...... မသိသေးတာတွေသိရလို့ကျေးဇူးတင်ပါတယ်....

0
0
0.000
avatar

ဟုတ်ကဲ့။ တစ်ခုခု သိသွားတယ် ကြားရလို့ ဝမ်းသာပါတယ်။ !LUV

0
0
0.000
avatar

ပါဝါမအပ်တာ ကြာပြီပ
!PIZZA
!LOLZ

0
0
0.000
avatar

လူသစ်တွေအတွက်ကော လူဟောင်းတွေအတွက်ပါ ဗဟုသုတရစေပါတယ်။. !PIZZA. !LUV

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped princekham (x1)
princekham tipped htwegyi (x1)
@kachinhenry(17/18) tipped @princekham (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000