အီခီဂိုင် (Ikigai) ကိုရှာကြမယ် (၂)

avatar
(Edited)

ဂျပန်စကားလုံး 'Ikigai' ဆိုတာကတော့ 'reason for being' ရှင်သန်ခြင်းရဲ့ အကြောင်းလို့ အဓိပ္ပါယ်ရပါမယ်။ ကျွန်တော် အောက်မှာ ရေးသားဖော်ပြတာတွေဟာ စာရေးဆရာ Hector Garcia နဲ့ Francesc Miralles တို့ရဲ့ "IKIGAI: The Japanese Secret to a Long and Happy Life" စာအုပ်ကနေ ဘာသာပြန် ထုတ်နုတ် ဖော်ပြတာ ဖြစ်ပါတယ်။

၈၀% လျို့ဝှက်ချက်

ဂျပန်တွေ အစာမစားမှီနဲ့ စားအပြီး ပြောတတ်တာက “Hara hachi bu,” ပါ။ ' သင့်ရဲ့ ဗိုက်ကို ၈၀ ရာခိုင်နုန်းပြည့်အောင်ပဲ စားပါ' လိုမျိုးဆိုလိုပါတယ်။ သူတို့ရဲ့ ရှေးဆိုရိုးတွေက သူတို့ကို ဗိုက်လုံးဝပြည့်တဲ့အထိ မစားဖို့ အကြံပေးထားတယ်။ ဒါကြောင့်မို့ အိုကိနာဝါကျွန်းသားတွေဟာ သူတို့ ဗိုက် ၈၀ ရာနုန်းပြည့်တာနဲ့ အစာထပ်မစားတော့ပါဘူး။ အစာကို အဝစားခြင်းဟာ ခန္ဓာကို နွမ်းလျစေတဲ့အပြင် ဆဲယ်တွေရဲ့ အောက်ဆီဂျင်ထုတ်လုပ်မှုကို မြန်စေတယ်လို့ဆိုပါတယ်။ ဒီအဆိုကနေ ကျွန်တော်တို့ သင်ယူမိတာက ကျွန်တော်တို့ ဗိုက်ပြည့်ပြီဆိုတာနဲ့ အစားကို ဆက်မစားသင့်တော့ဘူးဆိုတာပါပဲ။

image source: https://m.hpnsupplements.com/the-okinawa-diet-land-of-immortals

ဂျပန်လူမျိုးတွေရဲ့အစားကို တည်ခင်းပုံကလဲ အရေးကြီးပါတယ်။ အစားကို ပန်းကန်အသေးလေးတွေနဲ့ တည်ခင်းတာက သူတို့ကို အစာလျော့စားစေပါတယ်။ သူတို့စားသောက်ဆိုင်မှာဆိုရင် အစားကို ပန်ကန်အသေး လေးလုံး၊နဲ့ အနည်းငယ် ကြီးတဲ့ ပန်းကန်ကတစ်လုံး စုပေါင်း ၅ လုံးနဲ့ တည်ခင်းပါတယ်။ အကြီးဆုံးပန်ကန်က အဓိက အစာဖြစ်ပြီး ကျန်တဲ့ လေး ပန်းကန်က အရံပါ။ ဒီလို ပန်းကန် ၅ လုံးကိုယ့်ရှေ့မှာ ရှိနေတာက ကိုယ်က အများကြီးစားတော့မယ်ဆိုတဲ့ ခံစားရစေနိုင်ပါတယ်။ ဒါပေမယ့် အများအားဖြင့် အားလုံး စားပြီးတာတောင် အနည်းငယ် ဆာနေတတ်ပါသေးတယ်။ ဒါဟာ ဂျပန်လူမျိုးတွေရဲ့ ဝိတ်ကျပြီး အနည်းငယ် ပိန်နေစေတဲ့ အကြောင်းအရင်းပါ။
အိုကီနာဝါမှာ နေထိုင်သူတွေရဲ့ အစာဓါတ်စာမှာဆိုရင် တိုဖူး၊ ကန်စွန်းဥ၊ ငါး (တစ်ပါတ်သုံးကြိမ်) နဲ့ ဟင်းသီးဟင်းရွက် (တစ်ရက် ၁၁ အောင်စ) တို့ များစွာပါဝင်နေတာကို တွေ့ရပါတယ်။

ကျွန်တော်တို့နောက်တစ်ပိုစ့်မှာ ဂျပန်လူမျိုးတို့ရဲ့ လူ့အဝိုင်းအဝန်း ချိတ်ဆက်နေထိုင်ပုံကို လေ့လာကြရမှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာကြပါစေ။

@princekham
6th Oct 2024
Myanmar



0
0
0.000
8 comments
avatar

မျှဝေပေးလို့ ကျေးဇူးပါ။ နောက်ပိုစ်တွေမ​​ျှော်နေမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လူနေမှူစနစ် မြင််တက်လာဖို့ နိုင်ငံရဲ့ စီးပွားရေး ဖွင့်ဖြိုး တိုးတက်မှ ရမှာ ခုတော့...

!PIZZA

!LUV

0
0
0.000
avatar
(Edited)

PIZZA!

$PIZZA slices delivered:
princekham tipped myanmarkoko
@asterkame(1/5) tipped @princekham
myanmarkoko tipped princekham

0
0
0.000