ဆိတ်ခြေထောက် စွပ်ပြုတ်

အားလုံးပဲ မင်္ဂလာပါရှင့်။
ဒီနေ့မှာတော့ လွယ်ကူရိုးရှင်းပြီး အာဟာရ ဖြစ်စေမယ့် ဆိတ်သား စွပ်ပြုတ်လေး ပြုလုပ်ထားပါတယ်။ ချက်ပြုတ် ရလွယ်ကူပြီး အာဟာရဖြစ်စေတာမို့ မကြာခဏ စားဖြစ်ပါတယ်။ စျေးထဲမှာ ဆိတ်ခြေထောက် ဆိတ်ရိုး ၁၅၀၀ ဖိုးလောက်၀ယ်ရင် အများကြီး ရပါတယ်ရှင့်။

ဆိတ်စွပ်ပြုတ် လုပ်ဖို့ လိုအပ်တာတွေကို ပြောပြပေးပါမယ်ရှင့်။

၁။ ဆိတ်ရိုး အနည်းငယ် ( ညီမက တစ်ယောက်စာ ချက်ပြုတ်ထားပါတယ်)
၂။ စပါးလင်
၃။ ကြက်သွန်ဖြူ
၄။ ဂျင်း
၅။ နနွင်းမှုန့်
၆။ ဆား
၇။ ဆီ တို့ဖြစ်ပါတယ်။

ပထမဆုံး စျေးမှ၀ယ်ယူလာသော ဆိတ်ရိုးကို အနေတော် အရွယ် ပိုင်းဖြတ်ပြီးရေဆေးပါမယ်။
ပီးရင် စပါးလင် ပင်ကို ထက်ခြမ်းခွဲပြီး အနည်းငယ် ထုချေပါ။
ကြက်သွန်ဖြူ ကို ထက်ခြမ်း သို့မဟုတ် ၃စိပ် စိပ်ပါ။
ဂျင်းတက် တစ်တက် ကို မထူမပါးလှီးပေးရပါမယ်။
အကယ်၍ ငရုပ်ကောင်း ကြိုက်နှစ်သက်ပါက ငရုပ်ကောင်း အလုံးလိုက် ထည့်နိုင်ပါတယ်။
အားလုံးပြီးတဲ့အခါ အိုးထဲကို ဆိတ်ရိုး နှင့် စပါးလင်ပင်ကို ထည့်၍ပြုတ်ပါ။ နနွင်းမှုန့် အနည်းငယ်၊ ဆား အနည်းငယ် (ဆားများလျင် စွပ်ပြုတ်ဖြစ်သောကြောင့် ငန်နိုင်ပါတယ်၊ထမင်းးစားမဟုတ်သောကြောင့် နည်းနည်းပဲထည့်ပါရှင့်) ၊ ဂျင်း ၊ ကြက်သွန်ဖြူ တို့ထည့်ပြီး အရိုးများအတော်သင့်နူးသည်အထိပြုတ်ပါ။ ဒါဆိုရင်တော့ အရသာရှိပြီး အာဟာရဖြစ်စေမယ် ဆိတ်ရိုးစွပ်ပြုတ်တစ်ခွက်ရရှိပါပြီ။
img_0.8190735273465302.jpg

img_0.43583004267126285.jpg

img_0.032888624359750235.jpg

img_0.7976274019619906.jpg

ကျေးဇူးတင်ရှိပါသည်။



0
0
0.000
20 comments
avatar

Congratulations @ong.aye.myat.mon! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You received more than 1250 upvotes.
Your next target is to reach 1500 upvotes.
You received more than 50 HP as payout for your posts and comments.
Your next payout target is 100 HP.
The unit is Hive Power equivalent because your rewards can be split into HP and HBD

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

0
0
0.000
avatar
(Edited)

ဆိပ် စွပ်ပြုတ် ဆို အိမ်က အမေ တော်တော် ကြိုက်တာ။ ဒါပေမယ့် ညှီနှံ ပျောက်အောင် မလုပ်တတ်လို့ ထင်တယ် မလုပ်စားဖြစ်နေဘူး။

0
0
0.000
avatar

ဟုတ်ကဲ့အကို။ ညီမက စပြုတ်ထဲက စပါးလင်နဲ့ ဂျင်းနဲ့ ထည့်ပြုတ်တော့ အညီသိပ်မထွက်ပဲ စပါးလင်နံ့လေးရတယ်။ ပြီးတော့ ပထမတရေ ကို ခမ်းအောင် ပြုတ်ပြီး ဒုတိယ ရေ ထပ်ထည့်တာပါ။ အညီတော့မရဘူး 😁

0
0
0.000
avatar

Nice post. if you haven't Get the recent prize from bittorent for steem and hive community don't get behind Sign in Now CLICK HERE and claim your BTT now

0
0
0.000
avatar

^ Phishing link, do not click. And always be very cautious about where you put your password or owner key.

0
0
0.000
avatar
   
tlundy47 is a hacked account ❗❗ [1], [2], [3]
@ong.aye.myat.mon please do not click on any links it may post. More info: 1 | 2.  Sincerely, @keys-defender.

@tlundy47 recover your account using your recovery account: https://hiveblocks.com/@tlundy47 > "Recovery account"
Comment 10% downvoted to make it less visible. This message is self-voted to be more visible among others.
0
0
0.000
avatar

စားလိုက်ရင် အားအင်တွေပြည့်လာမှာ
!PIZZA

0
0
0.000
avatar

ဟုတ်ပါတယ်ရှင် Pizza အတွက် ကျေးဇူးတင်ပါတယ် 😊

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
naythan tipped ong.aye.myat.mon (x1)
htwegyi tipped ong.aye.myat.mon (x1)
@uthantzin(10/10) tipped @ong.aye.myat.mon (x1)
nyinyiwin tipped ong.aye.myat.mon (x1)
kachinhenry tipped ong.aye.myat.mon (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

အညှီနံပြောက်အောင်ချက်ရင်စားကောင်းတယ် ကုလားပဲနဲ့လိုက်ဖက်တယ်၊

0
0
0.000
avatar

ဟုတ်ကဲ့အကို ညီမက စပါးလင်ပင်ထည့်လိုက်တယ်

0
0
0.000
avatar

ကုလားပဲနဲ့ဆို ပိုကောင်း
!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ နောက်တစ်ခါ ချက်ကြည့်ပါမယ် ဦးထွေး

0
0
0.000
avatar

ဆိတ်သားကို ကြိုက်ပါတယ် ညီမရေ .... ညှီတာကို ဘယ်လို လုပ်ရမှန်းမသိလို့ ... ဆိတ်သား စားချင်ပေသိ ညှီတာ မခံနိုင်လို့ သူမျာ ကျွေးလိုက်ရတာ များနေပြီ။ !PIZZA

0
0
0.000
avatar

ဆိတ်စွတ် တကယ်အားရှိ ( ရှလွတ်--)😝😁😁 !PIZZA

0
0
0.000
avatar

ဆိတ်သားလည်းကြိုက်ပါတယ်။ ဆွပ်ပြုပ်လေးကိုတော့ ဖတ်ရင်းနဲ့ သောက်ချင်နေမိ။ !PIZZA

0
0
0.000
avatar

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ချက်တာ ပဲဆိတ်ရိုး

0
0
0.000