“ရွှေဥ ဥပေးမည့်ဟိုက်ဗ်”

avatar

“ရွှေဥ ဥပေးမည့်ဟိုက်ဗ်”

img_20180804_102247.jpg

မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။
ယမန်နေ့က ဟိုက်ဘလော့ထဲမှာ ကိုဟင်တင်ထားတဲ့ ပိုစ်ကိုဖတ်မိရာက စတီးမစ်အကောင့်လေးကို ဝင်ရောက်ကြည့် ဖြစ်ပါတယ်။ ပါဝါဒေါင်းကာ ထုတ်သုံးထား၍ ပါဝါအနေနှင့် ဘာမှမကျံတော့ပါဘူး သို့သော်လည်း စတင်းအနည်းကတော့ ပါဝါဒေါင်းစဉ်က မထုတ်ဖြစ်ပဲ ကျန်ခဲ့ပုံရပါတယ်။ ဒါနဲ့ ကျနော်လဲ ဟိုက်ကိုချိန်းယူဖို့ ကြိုးစားရပါတော့တယ်။

image.png

Hive Wallet ထဲကို ကျနော့ steem လေးတွေရောက်ဖို့ နည်းလမ်းရှာကြည့်တော့ Hive engine မှာ Deposit အနေနဲ့ transfer ပို့လျှင်ရရှိကြောင်းလေ့လာတွေ့ရှိချက်အရ ကျနော်လဲ ဟိုက်အင်ဂျင်ဝေါလက်ထဲကို လက်ကျန်စတင်းလေးများ လွဲထည့်လိုက်ပါတယ်။ Transfer လုပ်ရာမှာ Memo စာသားမမှားယွင်းအောင်တော့ ဂရုစိုက်ရတယ်ဗျ။ ဒီလိုနဲ့ ကျနော့ Hiveengine Wallet ထဲကို စတင်းလေးများ အချိန်မကြာပဲရောက်လာပါတယ်။
image.png

စတင်းတွေရောက်လာတော့ ကျနော်ဘာလုပ်ရမလဲ တော်တော်လေး ခေါင်းစားသွားပါတယ်။ Hive powerပဲ ဝယ်ထည့်ရမလား၊ Pizza ပဲဝယ်ဥထားရမလား၊ Splinterlands ကလဲဆော့နေတော့ DECပဲဝယ်ထည့်ရမလား၊ နောက်ပီး SPT လေးလဲ လိုချင်သေးတယ်၊ Leo နဲ့ TIX ကိုလဲ လိုချင်သေးတယ် အဟေးဟေး မများဘူးလားလို့မေးချင်စရာပါ။ ဟုတ်တယ် ကျနော် ဘယ်တိုကင် ဘယ်ကွိုင်ကို ဘယ်ပါဝါကို ဦးစားပေးရမှန်းမသိ အကုန်လိုချင်နေတော့တာဗျ။ ဟိုက်ဘလော့ချိန်းကြီးက အကျယ်ကြီးကိုးဗျာ။
image.png
image.png
image.png

အာ့နဲ့ပဲ ကျနော့ ဟိုက်ပါဝါကိုကြည့်တော့ တစ်ရာစွန်းစွန်းဆိုတော့ ဆက်လက်ပီး စာရေးဘို့ရာ အဆင်ပြေတယ် ဒီတော့ တခြားဘက်ကို ပြန်စဉ်းစားကြည့်တော့ Splinterက တော်တော်လေး တက်လမ်းရှိနေတာ သတိထားမိတော့ သူများလို Dec ကိုထပ်ဆောင်းမဖြည့်နိုင်တောင်မှ SPS ဒါမှမဟုတ်SPTလေးတော့ ဝယ်စုထားသင့်တယ်လို့ စိတ်ဆုံးဖြတ်ချက်ချလိုက်တယ်ဗျာ။

ဆုံးဖြတ်ချက်ချပီးတော့ အကောင်ထည်ဖော်ရာမှာ ပြဿနာက စလာတော့တယ်။ ဟိုက်အင်ဂျင်ကနေ SPTကို SwapSteem နဲ့ဝယ်ရာမှာ Hive Keychain ကnetwork error ခဏခဏပြနေတာပါပဲ။ ဘာကြောင့်လဲသိချင်တော့ ကိုသန့်ဇင်တို့ကိုမေးကြည့်ရတာပေါ့။ သူတို့အကြံပေးချက်နဲ့ ကျနော်လဲ hive keychain ကို လော့အောက်ထွက် ပြန်ဝင်ကြည့်လုပ်တယ် မရဘူး error ပြနေတာပဲ။ ဒါနဲ့ ကျနော်လဲ ဒီလောက်တောင်ရှိတာဆိုပီး ဟိုက်ကီးချိန်းထဲက အကောင့်ကိုဖြုတ်ချ ကီးပြန်ထည့် ပြန်ဝင်အဲလိုလုပ်လိုက်တယ် ပီးတော့မှ ကျနော့မူရင်း နက်ဝပ်ကလည်း လိုင်းမကောင်းတာဖြစ်နိုင်တယ်ထင်လို့ ဗွီပီအန်ခံလိုက်ပီးမှ ဟိုက်အင်ဂျင်ကို ဝင်ပီး transfer လုပ်တော့မှ အောင်မြင်သွားတယ်ဗျာ။
image.png
image.png

ဟူး ကျနော်ကွီးရွှေ ချွေးပြန်သွားတယ်။ ဒါပေမယ့် ပျော်လည်းပျော်သွားတယ် အခက်အခဲတစ်ခုကို လွယ်လွယ်အလျော့မပေးပဲ ကျော်ဖြတ်နိုင်ခဲ့တယ်လေ။ အခုတော့ ကျနော့ ဟိုက်အင်ဂျင်ဝေါလက်မှာ ကျနော်ရည်မှန်းထားသောSPTတိုကင်လေးများကို ဝယ်ယူစုဆောင်း Stake လုပ်ထားနိုင်ပါကြောင်း။
image.png
image.png

ကျနော် စုဆောင်းထားရှိသော တိုကင်လေးများမှာ အရေတွက်အားဖြင့် နည်းသော်လည်း တနေ့/တပါတ်/တလ စသည်ဖြင့် အပါတ်စဉ် များလာလျှင် နေ့တိုင်းနေ့တိုင်း ရွှေဥ ဥပေးသော ဟိုက်ဗ်ငန်းလေးတစ်ကောင် ဖြစ်လာမည်ဟု မလွဲမသွေယုံကြည်ထားပါသည်။ မိတ်ဆွေများအားလုံးသည်လည်း လိုအပ်သော/လိုချင်သော ပါဝါ/တိုကင်များအား စုဆောင်းနိုင်ကြပါစေ။

dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png

တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

@nyinyiwin
17.10.21: PM

dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png



0
0
0.000
14 comments
avatar

SPT power ကို ပြန်ပြီး Deligation လုပ်ပြီး Reward ပြန်ယူလို့ရတယ်။
ကျွန်တော်က သေချာတော့မသိဘူး။ @tin.aung.soe ကိုမေးကြည့်ပါ ဦးညီ။
ကိုဟိန်းကတော့ အတော်စုံသဗျာ။ !PIZZA

0
0
0.000
avatar

OK ကျေးဇူးညီရေ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped nyinyiwin (x1)
nyinyiwin tipped uthantzin (x1)
@nyinyiwin(3/10) tipped @kachinhenry (x1)
kachinhenry tipped nyinyiwin (x1)
uthantzin tipped nyinyiwin (x1)
callmemaungthan tipped nyinyiwin (x1)
nyinyiwin tipped callmemaungthan (x1)
myanmarkoko tipped nyinyiwin (x1)
nyinyiwin tipped htwegyi (x1)
nyinyiwin tipped myanmarkoko (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

SPT stake ပြီးရင် နောက်ထပ် @monster-curator ထံကို delegation ထပ်လုပ်ထားရင် reward ထပ်ရပါအုံးမည်။နှစ်သီးစားပေါ့။

0
0
0.000
avatar

ခုလိုလမ်းပြပေးတာ ကျေးဇူးပဲဗျာ ။ !PIZZA

0
0
0.000
avatar

Congratulations @nyinyiwin! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

0
0
0.000
avatar

အောင်မြင်သွားတာ ပျော်စရာပ။
!PIZZA

0
0
0.000
avatar

ကိုယ်ဖြစ်ချင်တာလေး အောင်မြင်သွားတော့ ပျော်ရတာပ !PIZZA

0
0
0.000
avatar

ဒါတောင် နည်းနည်းနောက်ကျသွားလို့။ မဟုတ်ရင် ခုချိန် အတော်လေး ခရီးရောက်နေလောက်ပြီ။ !PIZZA

0
0
0.000
avatar

ဟုတ်တယ်အကိုရေ နောက်ကျနေလဲ အားမလျော့ပါဘူး ဆက်လက်အားခဲချီတက်လျက်ပါဗျ။ !PIZZA

0
0
0.000