ရူးဘရင်နှင့်ကြင်စိုး

avatar

မဂ်လာပါ။ (အာဇာနည် အသံနဲ့အဖတ်နဲ့နော်)
image006.jpg

ဒီနေ့တော့ ကျွန်တော်ကွီးရွှေတစ်ယောက် စိတ်လိုလက်ရ စာရေးချင်နေတာနဲ့ တနေကုန် သတင်းထူးများလိုက်ရှာနေမိပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်တင်းကြပ်နေတာလေးတွေ ဖြေလျော့ပေးချင်စိတ်နဲ့ ဟာသဖြစ်ဖြစ်၊ သရော်စာဖြစ်ဖြစ်ရေးအုန်းမှ လို့လဲ အကြံကရှိနေပြန်တော့ ဟာသနှင့်ဆိုင်သည်များကိုသာ လိုက်ရှာ/တွေးတော နေမိတာပေါ့ဗျာ။ ဒီလိုနဲ့တိုက်တိုက်ဆိုင်ဆိုင် ရလာတဲ့ အချက်အလက်လေးများကို ပြန်လည်မျှဝေရင်း ပိုစ်တစ်ပုဒ်ဖန်တီးမိပါတော့တယ်။
ဟိုးရှေးတုန်းကတည်းက လူကြီးသူများ ပြောစကားတစ်ရပ်ရှိပါတယ် ရွာတည်ရင် အရူးတစ်ယောက်တော့ ပါရတယ်ဆိုပဲ။ ကဲ ဒလိုဆို ဘိုတုတို့ရွာကတော့ ပိုပီးတမူထူးတာပေါ့ဗျာ တစ်ရွာလုံးကအရူးတွေနဲ့ပြည့်နေပေါ့ဗျ။ သူတို့ရူးချက်က ခုခေတ်အခေါ် ရှယ်ပလန်နဲ့ သဲတောရူးတွေ။ အဆံကချောင်၊ အိုင်စီကကြွ၊ တစ်ခန်းပျက်ယုံမက အခန်းရှိသလောက်ပျက်တွေနဲ့၊ အူရှောက်မျိုးတွေမို့လို့ပေါ့။ ဟားဟား ကြည့်ပါအုန်း ရူးပုံရူးနည်းတွေက တနေ့ တနေ့ ထပ်တယ်ကိုမရှိ။ အကွက်ဆန်းတွေထွင်ပြပီးရူးကြတာလေ။

ကိုင်းတနေ့ကပဲ မိန့်ခွန်းတဲ့ ကြားမိကြလား ဆန် တနေ့ ၂ ဗူးခွဲစားတာ များလွန်းသတဲ့ဗျို။ လျှော့စားကြတဲ့ဗျာ။ အမယ်မင်း ရမ်းပြောတာ မဟုတ်ဘူ အသေအချာကို သုတေသနလုပ်ထားသေးတာဆိုပဲ။ ကြားလို့မှကောင်းပါလေစ။ ဆီလည်း လျှော့စားကြပါအုန်းတဲ့။ ကဲ- ပြောတော့ ကိုးလပြည့်မိန့်ခွန်းတဲ့၊ ပြောသွားတာက သူတောင်းစား ခွက်ပျောက်အကွက်။ ခွေးဝဲစား တစ်ကောင် တိုက်ပုံဝတ်ပေးပြီး စင်ပေါ်တင်၊ ကန်ချတာကမှ သူ့မိန့်ခွန်းထက် နားထောင်ကောင်းအုံးမယ်။ အဲလိုအဲလို ကျွန်တော်များ မဟာကျူလိက စတဲယားထားတာ ထိမိချက်ပေါ့ဗျာ။
_.jpg
(Photo Crd : Cartoon Soe Gyi)

နိုင်ငံတကာက ခွေးငပုတယောက် အာဏာရူးလို့ ပြည်သူတစ်ဝက်ကျော် မကြာခင် ငတ်တော့မယ်လို့ သတိပေးနေချိန် ဆန်လျှော့စားကြ၊ ဆီလျှော့စားကြနဲ့ ရူးသလိုပေါသလို မိန့်ခွန်းချွေရဲသေးတယ်။ ရူးတာမှ သွက်သွက်လည်အောင်ရူးပ။

ကြည့်ပါအုန်း အဲဒီလိုကောင်ကို ထောက်ခံတဲ့ပွဲတဲ့ (ဟဟဟ) သွေးသစ္စာ သီချင်း မှားဖွင့်တာ ဘယ်ထူးဆန်းပါ့မလဲလေနော်။ ရှေ့ဆောင်နွားလားကြီးက ရွာသာကြီးတည့်တည့်သွားမှတော့ နောက်နွားတသိုက်ကလည်း ဖြောင့်ဖြောင့်ကြီး လိုက်ပီပေါ့ဗျာ။
ကလေးတစ်ယောက်က သီချင်းထဆို
"အာဟမ့် အာဟမ့် မင့်တို့ယပ်တောင်တွေ ခေါင်းပေါ်တင်လိုက်ဒေါ့-တင်လိုက်ဒေါ့" ဆိုတဲ့ သီချင်းနဲ့မှ ဘိုတုထောက်ခံပွဲတွေက ကွက်စတိ ဟုတ်ဖူးလားဗျာ။ နောက်ပွဲတွေ အတွက် သုံးစရာသီချင်းသစ်က -
"အားလုံးတက်ကြ ကြိုးစင်ဆီ- တစ်ကမ္ဘာလုံးက သိပ်မကြည်- ငါ့မိန်းမက ခေါဘဏီ"လို့ သံပြိုင်ရွက်ကြပေါ့ဗျာ

ကဲလေ အရူးဋီကာကို ဒလောက်နဲ့ရပ်ပြီး အတွင်းက ငပိဖုတ်သတင်း ပြောပြမယ်။
ဘိုတုတစ်ကောင် အိမ်ပြန်မအိပ်ရဲတာ အတော်ကြာပြီတဲ့။ အိမ်ရောက်တာနဲ့ အမျိုးယုတ် လေးတွေက ဆီးကွိုင်ရှာကြလွန်းလို့ဆိုပဲဗျာ။ ဟုတ်မှာပေါ့လေ ဖအေဇာတ်သိမ်းရင် သူတို့လည်း မလွတ်ဘူးဆိုတာ သိနေရောပေါ့။ အဲတော့ကာ ဂေါက်သီးဘိုတုကို အဖေသောဘာသော မသိတော့ပဲ ဂလန့်တိုက်တာ ကလးသဘာဝ မဆန်းဘူးပေါ့လေ။ ဆိုတော့ကာ မောင်ဘိုတုက ကြိုးစင်ဂိုး၊ သူ့သားသမီးတွေက အဝီဇိဒိုးပေါ့ - အဟက်။

ငတို့ပြည်သူတွေ အတွက်တော့ နှစ်ကျပ်ကွက်ပဲ။ ထီမထိုးပဲပေါက်တာပေါ့နော။
ဤတွင် ရူးဘရင်နှင့်ကြင်စိုး ဟာဒယရွှင်ဆေးတိုက်ကျွေးမှုအစီအစဉ် ပီးပါပီခင်ဗျာ၊ နောက်နေ့ဒီအချိန်တွင် ရှူးရှူးပေါက်ပီးမှ ဆက်လက်နားဆင်ပါခင်ဗျာ။

ဆို့စ် - မဟာကျူးလိ သတင်းစဉ်။

@nyinyiwin
4.11.2021 : PM



0
0
0.000
11 comments
avatar

ဟာသဥာဏ်အတော်ကောင်းပါတယ်အကို 😁ဘေးကလူတွေတော့ အမြဲ ပျော်ရွှင်နေရမယ်

0
0
0.000
avatar

ကျေးဇူးပါ ညီမရေ အားပေးနေလို့ ဝမ်းသာပါတယ်၊ နဲနဲလောက် ပျော်သွားပြုံးသွားတယ်ဆိုရင်ကို ကျေနပ်နေတာ။ !PIZZA

0
0
0.000
avatar

တော်တော်ရူးတဲ့ ဘိုတုနော် - "အားလုံးတက်ကြ ကြိုးစင်ဆီ- တစ်ကမ္ဘာလုံးက သိပ်မကြည်- ငါ့မိန်းမက ခေါဘဏီ" သီချင်းစာသားလေးမိုက် စိုင်းစိုင်းတောင်ထိုင်ငိုသွားပီ 😃😃😃

0
0
0.000
avatar

!PIZZA ဟဟ စာသားတွေခိုက်သွားတယ်ပေါ့။ တနေကုန်ရွတ်နေလိုက် 😃😂

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
nyinyiwin tipped ong.aye.myat.mon (x1)
htwegyi tipped nyinyiwin (x1)
kachinhenry tipped nyinyiwin (x1)
nyinyiwin tipped kachinhenry (x1)
@nyinyiwin(2/10) tipped @htwegyi (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

အရူးအရူးနဲ့ အိမ်ဦးချီးပါတဲ့ကောင်
စခွက်ကိုဖြတ်ကန်ရမှာ😁

0
0
0.000
avatar

ဟဲ့ဟဲ့ ဖြေးဖြေးလုပ်ပါဟဲ့ 😂

0
0
0.000
avatar

ခုတလောတော့ သတင်းစုံပါ့... မယားငယ် စစ်ဆင်ရေး ဆိုလားလည်း ပါရဲ့ !PIZZA

0
0
0.000
avatar

အာ့ မယားငယ်စစ်ဆင်ရေးအကြောင်း ပုံပြောင်းပီး ရေးကြည့်မလို့။ !PIZZA

0
0
0.000
avatar

ဟုတ်တယ် မယားငယ် စစ်ဆင်းရေးလေး လုပ်အုံး။
!PIZZA

0
0
0.000
avatar

မယားငယ် စစ်ဆင်ရေးကို ပုံစံတစ်မျိုးချိန်းရေးကြည့်အုန်းမယ်။ 😁!PIZZA

0
0
0.000