“သတင်းကောင်းနှင့်ထမင်းကြော်”

avatar

“သတင်းကောင်းနှင့်ထမင်းကြော်”

မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။

image006.jpg

"ဗျို့ကိုရွှေ" "ဟာ-ဦးတင်ထွန်းကြီးပါလား-လာဗျို့"

ဒီနေ့နံနက်ခင်း အိမ်ရှေ့တမာပင်လေးအောက်တွင် ကျွန်တော်၏ ဘရိတ်ဖတ်အဖြစ် ထမင်းကြော်နှင့် ပဲကြော်သုပ်အား ရေနွေးကြမ်းဖြင့် ဇိမ်တွေ့နေရာ အိမ်ရှေ့မှ ခေါ်သံကြား၍ ကျွန်တော်လှမ်းကြည့်လိုက်တော့ ရပ်ကွက်တွင်းက နာမည်ကျော် ကိုတင်ထွန်းကြီးဖြစ်နေ၍ ကျွန်တော်မှ အိမ်ထဲလာရန် ခေါ်လိုက်သည်။

"ဘာအကြောင်းထူးလဲဗျ" အင်းလုပ်ပီ အရင်းမရှိအဖျားမရှိ သူ့စကားက ကျွန်တော့စိတ်ထဲမှ မှတ်ချက်ပြုမိသည်။ ပြောပြောဆိုဆို ကျွန်တော့ဘေးခုံပုလေးကိုဆွဲကာလာထိုင်ရင်း ကိုတင်ထွန်း၏ အမေးစကားဖြစ်သည်။

"ဘာကိုထူးတာလဲဗျ ခင်ဗျားစကားက အခုချိန်မှာ ထူးတာတွေက အများကြီး ကျွန်တော်ဘယ်က စပြောရမှန်းမသိဘူး" "အေးဗျာ ခင်ဗျားထူးတယ်ဆိုတာတွေကိုပဲ သိချင်တာ ပြောဗျာကိုရွှေရ" အင်းခက်ကပီ ဒီလူကြီးကဇွတ်တရွတ်မဟားတရားလုပ်တတ်သူ၊ သိချင်တာ ဖြစ်ချင်တာကို ဇွတ်လုပ်တတ်သူ၊ လူရိုးတဇောက်ကမ်းတို့ထုံးစံအတိုင်း တည့်ထိုးကြီးပြောတတ်သူ ကပ်သီးကပ်ဖဲ့ပြောတတ်သူကြီး ကိုတင်ထွန်း ပါပေ။

"ကိုင်းကိုင်း ခင်ဗျားသိချင်ရင်လဲ ဖြေးဖြေးမေးပါ ကျွန်တော်သိတာလေးတွေ ပြောပြမှာပေါ့ ရော့ထမင်းကြော်စား ပဲကြော်သုပ်စား ရေနွေးကြမ်းသောက်" ကျွန်တော်မှ ကိုတင်ထွန်းထံမှ အကွန့်တက်စကားမလာခင် ထမင်းကြော်နှင့် ကြိုတင်ပိတ်ထားလိုက်ရသည်။

"ကဲ ထူးတာတွေဆိုမယ် နားထောင်ဗျာ ဟိုအရင်တနေ့က ကျိုက်ထိုဖက်မှာ စကစ ကားကို ကင်လိုက်တာလေ ငါးခြောက်ဖုတ်တွေဖြစ်သွားဗျား" "အင်းကောင်းဗျာ" အယ်ဒီလူကြီး လုပ်ပြန်ပီ သတင်းကြားလို့ကောင်းတာလား ထမင်းကြော်စားရလို့ကောင်းတာလား ဘာလားမသိ ကောင်းဗျာတဲ့ ကျွန်တော်စိတ်ထဲမှ ကြိတ်ကာတွတ်ထိုး နေမိသည်။

"အင်းဆက်ရရင် ကျုပ်တို့စစ်ကိုင်းနယ်ကို ခြိမ်းခြောက်ဟိန်းဟောက်ပီး ဆွဲမယ်ဖဲ့မယ်နဲ့ ဟိုကောင် ရုပ်ချဲသောင်းလှိုင်လေ" "အင်းသိတယ် သေပီလား" "ရော်ခက်ကပီ ကိုတင်ထွန်းရဲ့ စောစောစီးစီး အကုသိုလ်ပွားနေပြန်ပီ" "ဟာမင့်ကလဲ အဲကောင်တွေသေစေချင်တာ ငါတစ်ယောက်မဟုတ်ပါဘူးကွ တစ်နိုင်ငံလုံးဟ" "အင်းပါဗျာ သိပါတယ် အဲ့သောင်းလှိုင် ယာဉ်တန်းကို အုန်းဒိုင်းဂွမ်းအလုပ်ခံရတယ်ဗျာ မနေ့ညက သတင်းကွန်ဖန်းဖြစ်တယ်" "ဟေ ဟုတ်လား မိုက်ပီဟေ့၊ အဲကောင်ကောဂန့်သလားဟ" ကဲလူရိုးကြီးတွေများ တည့်တည့်ရှင်းရှင်းကို တည့်မေးတော့တာကြည့်ဗျာ။

"အင်းဗျာ အုန်းဂွမ်းခံရတာတော့ သေချာတယ် ဒါပေမယ့် ဒင်းတို့ဖက်က သတင်းမှောင်ချထားတော့ သေလားရှင်လား သေချာမသိဖူးဗျ" "အဲဒါပေမယ့် တွစ်တာမှာ သတင်းတက်လာတာတော့ ရှောသွားပီဆိုပဲ-အန်ကွန်ဖမ်းပေါ့ဗျာ" "မင့်ဟာမင့် အန်အန် မအန်အန် ငါတော့ ပျော်တယ်ကွာ ဒင်းတို့ကို အပ်နဲ့ထိုးခံရတယ်လို့ကြားရရင်ကို ငါပျော်တယ်သိလားကွ ကိုရွှေရ ဟားဟား" "ဟုတ်ပါပီဗျာ ပြောလဲပြော ထမင်းကြော်လဲ ကျုပ်အတွက်ချန်အုန်းဗျ ဟီးဟီး" ကျွန်တော်လဲ အားမနာနိုင်တော့ဘူး မဟေသီက ဒါတော့အတွက်မနက်စာလို့ စာချုပ်ချုပ်ပီး ကြွေးထားတာ ကျွန်တော့ခွဲတမ်းလေး အမြစ်မပြတ်ခင် ရသလောက်ဆွဲစိထားမှ ဟင်းဒီလူကြီး တော်တော်ဂွကျတဲ့လူကြီး သူများထမင်းကြော်ကို အားမနာပါးမနာ တဝက်ကျော်အောင်တွယ်လိုက်တယ်။
"ကဲကွာ နောက်ထူးတာဆက်ပြော ပေးအုန်းရေနွေးကြမ်း" "လာမယ်လေ ဖြေးဖြေးသောက်သီးနေအုန်းမယ်" "ဟိုကွာ ချင်းတောင်ပေါ်တက်သွားတဲ့ကောင်တွေ သတင်း ဘာထူးလဲဟ" “ဟုတ်ပီ အဲ့သတင်းပြောမလို့ပဲဗျ မနေ့ကပေါ့ဗျာ ကျုပ်တို့ စစ်ကိုင်းအင်ပါယာမှာ ချင်းတောင်ကို သဲသဲမဲမဲ တပ်တွေပို့တာ ခင်ဗျားလဲအသိ၊ တစ်ချို့ဆို ပုလဲ၊ဂန့်ဂေါ၊ယော၊ကျော၊ဆော မှာတင် အမြစ်ပြတ်ကုန်တာလေ" "အဲကနေ လက်ကျန်ကောင်တွေ ချင်းပြည်နယ် ကလေး၊တမူး ရောက်တော့ ရောက်နှင့်ပီးသား ကောင်တွေနဲ့ပေါင်း ချင်းတောင်ကို ဝိုင်းကြတယ်ဗျား" "ဟေ-ချင်းတောင်တန်းကြီးက မိုင်ရှည်ကြီးကွာ- ဘယ်လိုများဝိုင်းသလဲဟ"။

"ဒီလိုဗျာ နောက်ရောက်တဲ့ နမခတိုင်းမှုး ခုနကပြောတဲ့ ရုပ်ချဲသန်းလှိုင်ဆိုတာက ဗျူဟာချသွားဆိုပဲ ကင်းမလက်မည်းဗျူဟာနဲ့ တောင်ပေါ် တောင်အောက် ၂ဖက်ညှပ်ပီး တိုက်မယ့်အစီစဉ်လေ"။ "အင်းမင်းပြောပုံအရ ဒီကောင်တွေက အုန်းမရှိဘူးဆိုတာ ငါယုံပီ၊ ဘယ့်နှယ်ကွာ တောင်ကြမ်း တောကြမ်း နယ်မြေမကျွမ်းပဲ ဘာတဲ့ကင်းမလက်မဲဗျူဟာ ဟုတ်လားဟဟဟ"

"ဟုတ်ပဗျာ သူရို့ကင်းလက်မတွေက ဒီဘက်မှာကတဲက(ပုံတောင်ပုံညာမိုင်းပဒေသာ) လက်တဖက်ကျိုးရော။ အခုလဲ တောင်ပေါ်အဖွဲ့ တောင်ပြို လမ်းပြို မိုးကြီးလို့ တောင်ကြောတစ်ခုမှာ ပိတ်မိနေပီလေ လက်မမပြောနဲ့ လက်သန်းတောင်မကျန်တော့ဘူး အကုန်ရှောမှာ သေချာပေါ့ဗျာ" "အေးဟ ကြားရ နားဝချိုလိုက်တာ ထမင်းကြော်လဲကောင်၊ ပဲကြော်သုပ်လဲကောင်း၊ ရေနွေးကြမ်းကလဲကောင်း၊ သတင်းကြားရတာလဲကောင်း၊ အကုန်ကောင်းကွာ။ နောက်နေ့လည်း ဒီအချိန် ငါလာအုန်းမယ် အခုတော့ပြန်ပီကွာ"

ကဲ အရပ်ကတို့ရေ ဒီတဇွတ်ထိုးကြီးလုပ်ပုံက ကောင်းကြသေးရဲ့လား မနက်ဖန်ထပ်လာအုန်းမယ်ဆိုပဲ။ ကျွန်တော်ကွီးရွှေ ထမင်းကြော်ဇလုံလေးကိုင်လျက် ငုတ်တုတ်မေ့ကျန်ခဲ့ရပြန်ပေါ့။ ကဲ မဟေသီရေ မနက်ဖန် ထမင်းကြော်ပိုကြော်ထားဟေ့။
dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png

တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

@nyinyiwin
18.10.21: PM
dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png



0
0
0.000
11 comments
avatar

တစ်ချို့ အရေးကြီးသတင်းတွေကလဲ fb friends တွေကနေမတက်တော့ဘူး။

0
0
0.000
avatar

ဟုတ်တယ် အခုတလော သတင်းလျို့ဝှက်ကာလဖြစ်နေလို့ နယ်မြေအသီးသီးမှာ ထိတွေ့လေးတွေကလွဲလို့ ဘာမှ သတင်းထူးမတက်နိုင်ကြသေးဘူး။

0
0
0.000
avatar

အဟီး ဟုတ်ပ ကွီးရွှေရ အကုန်ကောင်းသနဲ့။
!PIZZA

0
0
0.000
avatar

အင်းဗျ မနက်ဖန်လဲ ဆက်တိုက်လာစားအုန်းမယ်ထင်ပ။ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
nyinyiwin tipped uthantzin (x1)
kachinhenry tipped nyinyiwin (x1)
htwegyi tipped nyinyiwin (x1)
nyinyiwin tipped htwegyi (x1)
nyinyiwin tipped kachinhenry (x1)
@nyinyiwin(10/10) tipped @nyimwa (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

အခုတလော အသံတွေ နည်းနည်းတိတ်နေသလားလို့....!PIZZA

0
0
0.000
avatar

အသံတိတ်ဆို အသံတိတ်ဗျူဟာနဲ့ အခင်းအကျင်းပြိုင်နေကြလို့ထင်တယ်ဗျ၊ နယ်မြေတွေမှာတော့ ဆော်နေကြတာပဲ။!PIZZA

0
0
0.000
avatar

နောက်တနေ့ထမင်းကြော်လေး လာစားအုန်းမယ် 😃😃😂

0
0
0.000
avatar

အသံတိတ်ဗျူဟာကြောင့် ချက်ချင်းမသိရပေမဲ့ ဘယ်ရီဖိုင်း လေးတွေတွေ့တော့ အားရတယ်ဗျာ !PIZZA

0
0
0.000
avatar

ဟုတ်တယ်ဗျ ဒီရက်ပိုင်းက မဟာဗျူဟာမြောက် နှစ်ဘက်စလုံး စစ်ဆင်ရေးတွေ လုပ်ကြမယ်ထင်တယ်။ !PIZZA

0
0
0.000